သင်ခန်းစာ
ကပေါက်တိကပေါက်ချာ
ကပေါက်တိကပေါက်ချာ
လမိုက်ညဆိုတာမရှိရင်
လပြည်ဆိုတာ ပျော်စရာမကောင်းဘူး။
သံပရာပင်စိုက်ပြိး
လီမ္မော်သီးစားချင်ပါတယ်လို.လည်းမရဘူး။
အပြောကောင်းပေမဲ့လည်း
ဟန်ဆောင်ကောင်းသူထက်
ကြောက်စရာကောင်းသည်။
လူတိုင်းကို ချစ်တဲမျက်လုံးနဲ့ကြည့်ပါ၊
နှလုံးသားနဲ့ခံစားပါ
ဒါမှ ကိုယ်ကိုချစ်ခင်လေးစားမှာ
ညအလင်္ကာ
(ဘာမှတော့ မဆိုင်ဘူးနော်)….ဟီးဟိး
တစ်ခါတစ်လေပေါကြည့်တာပါ
Ngar nin ko chit tal
ဗလာနတ္တိ
နေ့ကညကို လောင်ကျွမ်းတယ်
ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..
ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်
ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်
အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….
ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက
ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်
အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………
ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့
လိမ်ညာမှုတွေကို ငါမြင်တယ်
ဖုံးကွယ်ထားတဲ့မျက်လုံး
ဟန်ဆောင်အပြုံးတွေ
အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ
အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့
နောက်ဆုံးတော့….?

15/8/2010
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့
ရူးမသွားချင်လို့
ဝါသနာမပါတော့ဘူး
ရင်ထဲမှာ နာလွန်းလို့. . . ။
တခါတရံ
အထင်လွဲတာပါလို့
ဖြည့်တွေးမိပေမယ့်
ရှင်းပြဖို့ကျတော့
စကားလုံးတွေရှားပါး . . .။
ငါ့အတွက် ငါပဲ
ကြည့်တာ ကောင်းပါတယ်
ရှာမိတဲ့ အဖြေတွေကလည်း
ငါ့ကို နာကျင်စေလွန်းလို့. . . ။
အမှား အမှန်ကို
မခွဲခြားတော့ပါဘူး
ငါထင်တာပဲ ငါလုပ်တော့မယ်
ရူးမသွားချင်တော့လို့. . .။
အမှားဆိုတာ (ကိုယ်ပိုင်စာမျက်နှာ ၄ )
1. တစ်ပါးသူက မိမိအပေါ်ကျူးလွန်သောအမှား
2. မိမိကတစ်ပါးသူအပေါ် ကျူးလွန်သောအမှား
3. အဆိုးဆုံးကတော့မိမိကိုယ်မိမိကျူးလွန်သောအမှား
ကျနော်ကတော့ အဆိုးဆုံးသော အမှားဖြစ်တဲ့
မိမိကိုယ် မိမိကျူးလွန်သောအမှားထဲမှာပါတယ်
ကိုယ့်ကိုယ်ပြန်ကြည့်ပြီးတော့လည်း စိတ်မှာ
နောင်တပေါင်းများစွာနဲ့အထပ်ထပ်ခါ ရနေမိတော့တယ်
ညအလင်္ကာ
သမီးတို့အိမ်
“““““မိုး”””””””
“““““မိုး”””””””
အချစ်ကသိမ်းပိုက်သွားတဲ့နေ့ရက်တွေ
နှလုံးသားတစ်ခုအတွက် ငါရင်ကွဲခံချစ်နေပါ့မယ်
နုနုညံ့ညံ့ ပြာပြာလွင်လွင် မထွန်းပဲလင်းနေတဲ့အချစ်က
အနာဂတ်ဆီသယ်ဆောင်သွားမယ့်ရထားတစ်စင်းပေါ့
ကျွန်တော်ကတော့ စီးနင်းခွင့်ရပါလျှက်နဲ့ လက်မှတ်ပျောက်နေတဲ့ကောင်
ကိုယ့်အိပ်မက်ကို ကိုယ်ထမ်းပိုးရင်းလျှောက်နေရတာ
ညညဆို အိပ်လို့မပျော်တော့ဘူး..
စံပယ်တွေလေထဲမှာတစ်ထပ်ကြီး
ဘာကြောင့်များ ရနံ့မရပါလိမ့်
ပန်းသီးတစ်လုံးရဲ့ ပုံပြင်ကိုသိပြီးတဲ့နောက်မှာ
အာဒံဖွက်ထားခဲ့တဲ့ပန်းသီးတစ်လုံးကို ရှာဖွေနေခဲ့ရင်း
ကိုယ်တိုင်ပန်းသီးတစ်လုံးဖြစ်မှန်းမသိဖြစ်လို့သွား
ထိုသို့နှင့် ဥယျာဉ်တော်မှာ ကျွန်တော်ပွင့်အံထုတ်ပြထားတဲ့နံရိုးလေးတစ်ချောင်း သူမ
စေတန်ရေးတဲ့ ကျွန်တော့်ရဲ့ အနာဂတ်လေး ယှဉ်တွဲလို့..။
အဲ့ဒီမိုးသားတိမ်လိပ်ထဲမှာ ကျွန်တော့်ရဲ့ နံနက်ခင်းလေးရှိတယ်
လင်းခွင့်မရှိပေမယ့် လင်းလင်းနေတဲ့ ဒီရင်ထဲမှာ ရွှဲရွှဲဆိုလို့
မိုးဥတုကိုချစ်တယ် ထို့အတူကျွန်တော့်အတွက်
မိုးဥတုနဲ့တူသော “မိုး”ဆိုသောကောင်မလေးကို ကျွန်တော်ချစ်တယ်
မိုးစက်မိုးပေါက်လေးတွေကို ခံယူရင်နမ်းရှိုက်ရင်း
မိုးရေထဲမှာ နင်းဖြတ်လျှောက်ခဲ့ဖူးတဲ့ လမ်းလေးတွေကိုချစ်တယ်..
မိုး..ဥ..တု…ကို…..ချစ်တယ်……….။
မိုး….စက်…လေး…တွေ..ကို ……….ချစ်…တယ်….။
မိုး….ကို…ချစ်….တယ်…။
PS.....မိုးရွာတာလည်းချစ်တယ်
ကျွန်တော်တို့အချစ်က မိုးစက်တွေပါမှပြည့်စုံတာ
ဝေလင်း
20/7/2010
ကိုယ်ပိုင်စာမျက်နှာ (၂ )
ဒီနေ့ တော့ဘာရယ်မဟုတ်ဖူး
အတိတ်ကအကြောင်းတွေခေါင်းထဲပြန်ရောက်လာတယ်...ကျွန်တော့်ရင်ထဲက ခံစားချက်တခုကြောင့် ဒီစာလေးကိုရေးဖြစ်ခဲ့တာပါ. .။
အဲဒီအရာကြောင့် ကျွန်တော်ခဏခဏ၀မ်းနည်းခဲ့ရတယ်
ဒီစာလေးကကျွန်တော်ရင်ထဲကခံစားချက်နဲ့ ပဲတိုက်ဆိုင်ပါတယ်...
ဘယ်သူ့ ကိုမှထိခိုက်ပါစေလို့ ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး... ။
လူတိုင်းမှားဖူးကြပါတယ်...ဘယ်သူ မှအမှားမကင်းနိုင်ပါဘူး...
မှားပုံခြင်းတူတာရှိသလို မတူတာလည်းရှိတယ်...
တချို့ တွေကရည်ရွယ်ချက်ရှိရှိနဲ့ မှားကြတာ...
တချို့ တွေက အခိုက်တန့် လေးမှာပဲ ရည်ရွယ်ချက်မရှိပဲမှားသွားကြတာ. ..
ခက်တာကတချို့ လူတွေ ကိုယ့်အမှားကိုယ်မမြင်ကြဘူး
သူတဖက်သားအမှားတွေပဲ လိုက်ပြီးလက်ညှိုးထိုးချင်ကြတယ် ..။
လူဆိုတာ ကိုယ့်အသားထိမှ နာတက်ကြတာမဟုတ်ပါဘူး...
သူများကိုဘယ်လိုလုပ်ရပ်မျိုးလုပ်ရင် ဘယ်လိုနစ်နာမယ် တွေးကြည့်ယုံနဲ့ သိပါတယ်...
အဲလိုသူများအပြစ်တွေ ပဲလိုက်ပြီး ဝေဖန်လက်ညှိုးထိုးတက်ကြသူတွေ...
သူတို့ ကိုယ်တိုင်လည်း ဘာအပြစ်မှမရှိအောင် နေနိုင်ကြပြီလားမေးလိုက်ချင်တယ် ...
ကျွန်တော်ကိုယ်တိုင်လည်း ဘာအပြစ်မှ/ ဘာအမှားမှမရှိအောင် မနေနိုင်သေးပါဘူး
ဒါပေမဲ့မမေးတော့ပါဘူး...သူတို့ လည်းသူတို့ အကြောင်းနဲ့ သူတို့ ရှိမှာပဲလေ...
လူတွေက ကိုယ့်လမ်းကိုယ်လျှောက်ကြရတာ...
အရေးကြီးတာက ကိုယ့်ကြောင့် တဖက်သားနစ်နာအောင် ရည်ရွယ်ချက်နဲ့ မလုပ်ဖို့ ပဲမဟုတ်လား...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင်မင်စွာဖြင့်
ညအလင်္ကာ
ကိုယ်ပိုင်စာမျက်နှာ(၁)
ကျွန်တော်စာတွေမရေးဖြစ်တာကြာပြီ. ..
ဘာလို့ လဲဆိုတော့ ပျော်စရာပဲဖြစ်ဖြစ်...ဝမ်း နည်းစ ရာ ပဲဖြစ်ဖြစ်...ဘယ်အရာကိုမှ အချိန်အကြာကြီး မခံစားချင်လို့ ပဲ...။
ပျော်စရာတွေဆိုရင်တော့ တသက်လုံးသယ်သွားချင်တာပေါ့...
ဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာ...စိတ်မကောင်းစရာ..ဝမ်းနည်းစရာတွေဆိုရင်တော့...ရေပေါ်မှာစာရေးလိုက်သလို ပျောက်သွားတာက ပိုပြီးကောင်းမယ်လေ...။
အဲဒါကြောင့် စာရွက်လေးတစ်ရွက်ပေါ်မှာတော င် ကျွန်တော်ခံစားချက်တွေ ချမရေးဖြစ်ခဲ့ဘူး..။ ..
လူစိတ်ဆိုတာ စွဲလမ်းတက်တယ်လေ... ကျွန်တော်လည်း သာမာန် လူတယောက်ပဲ အဲဒီစွဲလမ်းစိတ်တွေထဲကနေ အလွတ်ရုန်းမထွက်နိုင်သေးပါဘူး. ..။
ရေပေါ်မှာစာရေးသလို ခံစားတိုင်းကို လွယ်လွယ်နဲ့ မဖျောက်နိုင်သေးပေမဲ့...။ သဲပေါ်မှာ ဒုတ်ချောင်းလေးနဲ့ စာရေးခြစ်လိုက်သလို မျိုး...တချို့ ခံစားချက်တွေကို
တဖြည်းဖြည်းနဲ့ သဲပွင့်လေးတွေလွင့်သွားသလို ပျောက်ကွယ်သွားအောင်တော့ ကြိုးစားနေကြည့်နေတာပဲလေ...
ခံစားချက် တော်တော်များများကတော့ ကျောက်သားပေါ်မှာ ထွင်းထားသလိုတော့ စွဲမြဲမနေတော့ပါဘူး...။
တချို့ အရာလေးတွေတော့ ကျန်နေသေးတယ်..
ကျွန်တော်အများကြီး ကြိုးစားရအုန်းမှာပါ.....။
ကျွန်တော်အယူအစတွေက သူများတွေအတွက် လွဲမှားတဲ့အတွေးတွေဖြစ်ချင်ဖြစ်နေမှာပါ...
ကျွန်တော်စိတ်ကူးနဲ့ ကျွန်တော်ကတော့ အံ့ဝင်ဂွင်ကျ ဖြစ်ခဲ့တာပဲလေ...။
ဒီနေ့ တော့ ကျွန်တော်ဘဝတလျှောက် ဖြတ်သန်းဖူးခဲ့တဲ့ ဝမ်းသာခြင်းဝမ်းနည်းခြင်းတွေကို ဘာရယ်တော့မဟုတ်ပါဘူး ပြန်ရေးကြည့်ချင်လာမိတယ်.. .
ငယ်ငယ်ကဆို ကျွန်တော် မပြည့်မစုံနဲ့နေလာခဲ့ရတယ်
သူများတွေလို လိုချင်တာတွေမရခဲ့ဘူး.........
ကျနော်မှာ သူများကလေးတွေလို့ မိသားစုနဲ့တူတူ သိုက်သိုက်ဝန်းဝန်းမနေခဲ့ရဘူး.........
ကလေးပီပီ အရုပ်ငယ်လေး တစ်ရုပ်တောင် ကျွန်တော်.မပိုင်ဆိုင်ခဲ့ဖူးဘူး. ..။
မှတ်မှတ်ရရ ကျွန်တော် (၃)တန်းမှာ ပထမဆု ရတုန်းက အဖေ ဝယ်ပေးခဲ့တဲ့ ဓါတ်ခဲထည့်ပြီးတီးလို့ရတဲ့ အော်ဂင်လေးတစ်ခုသာလျှင် ကျွန်တော်ဘ၀ရဲ့
အောက်မေ့စရာ အမှတ်တရတစ်ခုလေးပါ........
ဒီကြားထဲ ကျွန်တော် အသက် (၁၀)နှစ်သားမှာ အဖေက ရုတ်တရက်ဆုံးသွားတော့ အမေက ရန်ကုန်ကို ချက်ခြင်းပဲ လိုက်သွားတယ်
အဲ့ဒီအချိန်ကျနော် စာမေးပွဲအတန်းတင်ဖြေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ မလိုက်ဖြစ်ဘူး
အဖေရဲ့သေဆုံးတာကို သားတစ်ယောက်အနေနဲ့ မကန်တော့လိုက်ရ မမြင်လိုက်ရဘူး.............
ဖေဖေ မီးသင်ဂြိုလ်တဲ့အချိန်ကို နယ်မတူတဲ့နေရာတစ်ခုကနေ ကောင်းကင်ကိုမော့ကြည့်ရင်း ဖေ့ဖေ့ကိုနောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်
ကျွန်တော့်ဘဝရဲ့ အမှတ်တရ ပထမဆုံးအကြိမ် ဆုံးရှုံးမှုတခုအတွက် ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့တဲ့ နေ့ တနေ့  ပေါ့...။
xxxxxxxxxxxxxxxxxxxxxxxxxx
ခင်မင်စွာဖြင့်
ညအလင်္ကာ
ဆုံတွေ့ခွင့်
ဆုံတွေ့ခွင့်
တစ်နေ့တစ်နေ့ တစ်ရွေ့ရွေ့နဲ့
မေ့မေ့လို့ပျောက်ကွယ်
အတိတ်ကိုစိတ်မလည်ရင်ကောင်းမယ်
အဟောင်းမပါယ်နိုင်သေးတဲ့စိတ် က
နှောင်းတစ်မြေ့မြေ့အတိတ်ကို
အရိပ်လိုလိုက်ပါးတွယ်ကပ်
အမြစ်မပြတ်နိုင်သေးတာမို့
အဝေးမှာလဲတို့မျှော်လင့်လျက်ပါ
ရော်ရင့်တက်နေတဲ့ အမှတ်တရတွေနဲ့
လက်ပြသွားခဲ့တာ သည်ဇွန်လ ၁၀ ဆို
ရာသီစက်ကို ၄ ပတ်လည်ခဲ့ပြီ
မင်းဖျက်ပယ်ခဲ့တဲ့ကတိစကားအထပ်ထပ်
အိမ်မက်တွေမှာလတ်ဆတ်နေဆဲပါ
မနက်ဘက်တွေလဲ မျှော်လင့်ချက်နဲ့တစ်ရေးနိုး
ညဘက်လဲအိမ်မက်ဆိုးတွေက နှိပ်စက်
ငါ့ရက်တွေဖြတ်သန်းဖို့ခက်နေပြီ
တွေ့ဆုံခွင့်ကို ရပ်တန်းကရပ် ရတော့မှာလား
မင်းကော ငါ့တို့အိမ်မက်တွေကို လက်ပြတော့မှာလား
တစ်သက်ဘ၀စာလို့မျှော်ကိုးရည်စူးပြီး
ငါရူးခဲ့သမျှကာလပတ်လုံး
မင်းအတွက်နဲ့ဖြုန်းတီးခဲ့သမျှအလွမ်းတွေအတွက်
ငါတို့တွေအမှတ်တရရက်မှာ
ခဏတာပဲဖြစ်ဖြစ် ဆုံတွေ့ခွင့်ရရင်ကောင်းမယ် တစ်ယောက်သော သူရယ်......
ညအလင်္ကာ
ရှေ့ဆက်သွားမယ် အနာဂတ်ဆီသို့ .
ဖြူစင်ပွင့်လင်း ခင်မင်ကြတယ်
onlineကွန်ရက် chat room မှာပေါ့
ပညာဖြန့်ဝေ နည်းယူသွယ်သွယ်
စုံလင်ပါပေ့ ထွေရာလေးပါး
ရင်ဖွင့်ကြရင်း ဖေးမကူညီ
တစ်ဦးမကျန် အားလုံးဆီသို့
ဆိုးတာတွေ့လျှင်
ကောင်းခြင်းဆီသို့ ညွှန်ပြပေးရင်း
ကောင်းတာတွေ့လျှင် သာတူဝေမျှ
ဖြန့်ဝေခြင်းငှါ မွန်မြတ်ကုသိုလ်
ခေါ်ထိုက်ပါ၏
မောင်ရင်းနှစ်မ စုပေါင်းညီညွတ်
ချစ်ချစ်ခင်ခင် ဖြူစင်ရင်းနဲ့
ဘ၀ခရီး လက်တွဲမဖြုတ်
ရှေ့ဆက်သွားမယ် အနာဂတ်ဆီသို့
×××××××××
ညအလင်္ကာ
မပြောင်းလဲနိုင်သော အချစ်
မပြောင်းလဲနိုင်သော အချစ်
သူမသိပေမယ့်
အပူမိသူရင်ထဲမှာ။
နွမ်းလျကာဆယ်နေကဲပါလို့
သောကဝေဒနာ။
ပျော်ပါတော့ချစ်ဦးညှာ
အသစ်ကူးကာ သွားရက်ပေမယ့်လည်း(လဲ)။
ချစ်တဲ့သူမေတ္တာနန်းထက်မှာတော့
ပွင့်ခက်ဖြာသစ္စာပန်းရယ်က
လန်းဆန်းနေမြဲ။ ။
“မပြောတော့ပါဘူး”
ကြွေကွဲခြင်းတွေက
ဘာနဲ့မှမတူလောက်အောင်ကိုဖူးပွင့်လို့
မျှော်လင့်ချက်တွေ တဖြုတ်ဖြုတ်ကြွေ။
ပြောပြချင်တာတွေ
မပြောပြချင်တော့လောက်အောင်ကို ဆွံ့အ
အချစ်က နှလုံးသားကိုဆုပ်ကိုင်ခြေမွသွားတယ်။
ပင်လယ်ကြီးကို အားကျလို့
လှိုင်းပုတ်ဒဏ် သဲ့သဲ့ခံရတယ်ဆိုပေမယ့်
မော်ဖူးခဲ့ရတဲ့ ပန်းပွင့်က ညစ်နွမ်းတော့မယ်။
သေဆုံးခွင့်ကိုပေးဖို့တောင်
မြေကြီးကလက်မခံတော့ အုံ့ပြရစ်မူး
အရူးတစ်ယောက်ရဲ့ ရစ်သမ်ကဘယ်မှာစည်းချက်မှန်ပါ့မလဲ။
စိုးရိမ်တယ်
ရင်တစ်ခုလုံးကွဲအက် အပ်ချောင်းသိန်းသန်းပေါင်းများစွာ
ထိုးစိုက် ၀င်ရောက်နေသလိုပဲ ခံစားမှု့ကမျက်ရည်စက်လက်ရွဲနစ်လို့။
ဒါက ဆုလဒ်တွေတဲ့လား
လက်ခံယူဖို့တောင် မ၀ံ့ရဲတော့လို့
လူ့လောကကြီးထဲက ထွက်ခွာသွားချင်မိရဲ့ တစ်ခုခုတော့ပြောပါ။
ဒီအချိန်ဆို
ပန်းပွင့်လေးကို ၀ည်ရည်တွေငုံ့သောက်နေပြီတဲ့လား
အဲ့ဒီစိတ္တဇက မျက်လုံးတွေထဲကိုဝမ်းနည်းခြင်းတွေသွန်ချပစ်ခဲ့တယ်။
တစ်ယောက်တည်းကြိတ်ကြေကွဲနေရတာ
ဘယ်သူမှမသိတဲ့ အခန်းတစ်ခုလုံးအေးစက်
မြိုသိပ်ရလွန်းလို့ ပေါက်ကွဲကုန်တော့မယ်။
ဖြူလွှနေလွန်းလို့လား
အချစ်ဆိုတာ အတ္တတစ်ခြမ်းပဲ့နေတဲ့အရာ
ပွင့်ဖူးပစ်ဖို့တောင် အလင်းရောင်ကလုံလုံလောက်လောက်မရဘူး။
အချစ်နှစ်ခုရဲ့ဆုံမှတ်က
ခိုင်ခန့်တဲ့နံရံခပ်ပါးပါးကခြားထားတယ်
တစ်ခါလောက်သူရဲကောင်းဆန်ကြည့်ဖို့ ရဲရင့်ပစ်လိုက်ပါလားကောင်မလေးရယ်။
မပြောတော့ပါဘူး
စကားလုံးတွေက လေထုထဲမှာပျောက်ကွယ်သွားတော့မယ်
တစ်ခါတစ်လေ ရင်ဘတ်ထဲမှာသိမ်းထားလိုက်ရတာက ပိုလေးနက်တယ်လို့ထင်ရတယ်။
မပြောတော့ပါဘူး
မျိုသိပ်ထားလိုက်တော့
တစ်ဆို့ဆို့ဖြစ်နေတဲ့ လည်ချောင်းကြီးကိုလည်းခုတ်ထွင်ရမယ်။
မပြောတော့ပါဘူး
မင်းသိပါတော့
တိုးဖွဖွပြောခဲ့ဖို့တောင် အင်အားမရှိတော့လို့။
မပြောတော့ပါဘူး……………..
မပြောတော့ပါဘူး……………..
မပြောတော့ပါဘူး……………..
မပြောတော့ပါဘူးဆိုတာလေးတစ်ခုတော့
အသေအချာပြောခဲ့တယ်
ကဲ ငါကြွေလွင့်ရတော့မယ်ချစ်သူ……………။
သြပဓိ (၉.၆.၂၀၁၀)
အလွမ်း
တိမ်တွေလဲညို ကောင်းကင်စို၍
15th April 2010
မနုငယ်

