“ နွေဦးတေးသံ “
ရွက်ဝါတို့ ကြွေ
လေအနှောက်
နွေပေါက်လို့ လာပြန်ပေါ့×××××
ရွက်ကြွေကျသံ
ငှက်တွေက ညံ
မြိုင်ယံ လူသံတိတ်ပေမယ့်
မဆိတ်အောင်ညံ ×××××
ကွင်းတလျောက်
ထင်းကောက်တဲ့အသံ
တစ်နက်ခင်း
သရက်ကင်းကောက်တဲ့အသံ
သုတ်လေအနှောမှာ
အုတ်ရွေသြက တွန်လိုက်ပြန်
နွားခလောက်ခံ နွားငေါက်သံ
ရိုးပြတ်တော့ဟာ ဟောဟောညံ
အဲ့ဒီအသံတွေ
အဆိုတော်ကြီး မေလှမြိုင် ဆိုမသွားရတဲ့
နွေဦးတေးသံတွေ×××××××××
3 ယောက်က စာမူခပေးတယ်း):
အင်းးနော်.....
သစ်ရွက်လေးတွေ တစ်ဖြုတ်ဖြုတ်ကြွေကျ..
ကျေးငှက်လေးတွေ အသံလည်းညံ လာမှ
တစ်နွေရောက်လာပြန်ပြီ ဆိုတာ သတိထားမိတယ်..
နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေနော်။
လှပတဲ့ ကာရန်လေးတွေနဲ့ နှစ်သက်စရာကောင်းတဲ့ ကဗျာလေးပါပဲ။ ဆက်လက်အားပေးနေပါ့မယ်...
လွမ်းမောစရာ...သတိရစရာ ကဗျာလေးတပုဒ်ပါပဲ..
ခံစားသွားပါတယ်....
ကဗျာဆရာများကို အစဉ်လေးစားလျှက်....
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။