Friday, March 19, 2010

လမ်းဆုံ

လမ်းဆုံ

မိုး
စင်စစ်……တဖွဲဖွဲနဲ့ ကြွေနေတဲ့ မိုးရေစက်ကလေးများသည်
အမိရင်ခွင်ဖြစ်သော မိုးကောင်းကင်မှ ရွှေ့လျားနေသော
တိမ်ကလေးများမှ ဖြစ်ပေါ်လာပေသည်×××××××××ပေါက်ဖွားလာခဲ့ပေသည်

ဆောင်း
အေးချမ်းမှုများစွာနဲ့ မြောက်ပြန်လေ၏ ဝှေ့ယမ်းတိုက်ခတ်နေသောလည်း
မြေသင်းနံ့ကလေးများကို သယ်ဆောင်၍××××××နှင်းဇာပ၀ါလေးများသည်
အမိမြေလွှာကို စွန့်ခွာသွားကြပေသည်××××××××ပြေးထွက်သွားကြပေ၏။

နွေ
ပူရှိန်ပြင်းပြင်း သူရိန်နေမင်း၏ အခိုးငွေ့ပေါင်းများစွာနဲ့အတူ
ကောင်းကင်ဖြစ်သော အမိရင်ခွင်မှာ တိမ်တိုက်ကလေးများအဖြစ်
ပျံ့လွင့်ခိုလှုံနေပေသည်။×××××××××× ရွေ့လျားလွင့်မျောနေပေ၏။

မိုးဆောင်းနွေ
ဘယ်လိုပင် ပြောင်းလဲကြသောလည်း တစ်နေ့နေ့တွင် မိခင်ရင်ခွင်ဖြစ်သော သမုဒ္ဒရာရေပြင်ကျယ်မှာ
ပူပြင်းသောနေ၏ အခိုးငွေ့များနှင့်အတူ နှင်းကမလာများသည်းလည်းကောင်း……….
အေးစက်သော ကောင်ကင်းတိမ်တိုက်များမှဖြစ်ပေါ်လာသော မိုးရေစက်ကလေးများတို့သည်
မိခင်မြေလွှာ သမုဒ္ဒရာတွင် ပေါင်းဆုံသော
“ လမ်းဆုံ “ ဖြစ်ပေသည်မှာ မလွဲပါပေ။

ခင်မင်စွာဖြင့်

3 ယောက်က စာမူခပေးတယ်း):

Angel Shaper said...

အင်းးးးးး
မေ့မေ့ရင်ခွင်က ထာဝစဉ်မပြောင်းလဲတဲ့ အေးချမ်းလုံခြုံ အနွေးထွေးဆုံးနေရာ။ သိပ်လှတယ်။

မြစ်ကျိုးအင်း said...

သဘာဝဖြစ်စဉ်ပဲပေါ့
ပုံသဏ္ဍာန်တွေ မတူပေမယ့် အဆုံးသတ်မှာ ပေါင်းစုံကြရတဲ့ အဖြစ်လေးတွေ လူ့လောကမှာလည်းရှိနေသေးတယ်လေ။

ပေါ့ဆိမ့် said...

မိုးဆောင်းနွေ... သမုဒ္ဒရာရေ ... လမ်းဆုံ
ဆက်စပ်မိအောင် ရေးဖွဲ့ထားတာ တော်လိုက်တာ..
ခင်မင်လျက်
ပေါ့ဆိမ့်

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။