Thursday, July 8, 2010

ကျွန်တော်

ကျွန်တော်

လူဆိုတာ
အသည်းနှလုံးထဲမှာ နှစ်ယောက်နေပြိး
ဦးနှောက်ထဲမှာ တစ်ယောက်တည်းနေသင့်တယ်……

ကျွန်တော်က လေထဲမှာ လျှို့ဝှက်ချက်ကို အော်လိုက်တယ်
လေက ကျွန်တော် လျှို့ဝှက်ချက်ကို သစ်ပင်တွေကို ဖွင့်ပြောလိုက်တယ်……..

မှန်ထဲက ညာလက်ဟာ အပြင်မှာ ကျွန်တော့်ဘယ်လက်
ကျွန်တော့်ကို သစ္စာဖောက်လို့ဆိုသူတွေဟာ ဘာသစ္စာမှ စောင့်သိဖူးတဲ့ လူတွေမဟုတ်ဘူး………

Love Truth and Pardon error ကို Voltaire က ဆိုခဲ့တယ်
ကျွန်တော်က လူတွေကို ခွင့်လွှတ်တယ်..
လူတွေက ကျွန်တော့်ကို ခွင့်မလွှတ်ဘူး

ကဲ့ရဲ့ခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လူကြောက်ဖြစ်ခဲ့တယ်
အပြစ်တင်ခြင်းနဲ့ ကျွန်တော် အတူနေခဲ့ရစဉ် ကျွန်တော် ဝေဖန်ရှုတ်ချသူဖြစ်ခဲ့တယ်
အတိုက်အခံ အာဃာတနဲ့ အတုနေခဲ့ရစဉ် ကျွန်တော် ရန်လိုသူဖြစ်ခဲ့တယ်
မေတ္တာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ချစ်ခင်သူဖြစ်ခဲ့တယ်
အားပေးမှုနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် ကိုယ့်ကိုယ်ပင်ဖြစ်ခဲ့တယ်
သစ္စာတရားနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ဟာ တရားသမားဖြစ်ခဲ့တယ်
ချီးမွမ်းခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် နှစ်သက်ဖွယ်မဟုတ်သူဖြစ်လာတယ်
အတတ်ပညာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လိမ္မာရေးခြားရှိခဲ့သူဖြစ်ခဲ့တယ်

ကျွန်တော်ကိုယ် ကျွန်တော် ကိုယ်စားပြုပြီး ကျွန်တော်ဟာ ကျွန်တော်ဖြစ်ချင်တယ်


ခင်မင်စွာဖြင့်
ညအလင်္ကာ

7 ယောက်က စာမူခပေးတယ်း):

နေ၀သန် said...

း).. ကောင်းလိုက်တဲ့ အက်ဆေးလေးပါ... ကျွန်တော့်ကိုယ် ကျွန်တော်ကိုယ်စားပြုတဲ့ ကျွန်တော်ဖြစ်ပါစေ....


ခင်မင်တဲ့
နေ၀သန်

မောင် လေး said...

“ အားပေးမှုနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် ကိုယ့်ကိုယ်ပင်ဖြစ်ခဲ့တယ် ” တဲ့လား
မှန်ပါတယ် ဘာသာ အားပေးခဲ့ရပေါင်းများလှပါပြီ......။

လင်းခေတ်ဒီနို said...

ကျွန်တော့်ကို သစ္စာဖောက်လို့ဆိုသူတွေဟာ ဘာသစ္စာမှ စောင့်သိဖူးတဲ့ လူတွေမဟုတ်ဘူး………


အဓိပါယ် ရှိလိုက်တဲ့ စာသားး) အတွေးတွေနဲ့ ရေထားတဲ့ စာသားတွေ မို့ အရမ်းနှစ်ခြိုက်တယ်း))

ခိုင်နုငယ် said...

ကဲ..ကျွန်တော်ရေ..
ကျွန်တော်ကိုယ် ကျွန်တော် ကိုယ်စားပြုပြီး ကျွန်တော်ဟာ ကျွန်တော်ဖြစ်ပါစေ။

နတ်ဆိုးလေး said...

အတွေးလေးတွေ မိုက်တယ်ဗျာ
အဓိပါယ်ရှိတဲ့ အက်ဆေးလေးတွေ များများရေးနိုင်ပါစေ
တစ်နေ့တစ်ခေါက်မှန်မှန်ရောက်........

ခင်မာစွာဖြင့်

မြတ်မွန် said...

ကျွန်တော်ကိုယ် ကျွန်တော် သိဖို့ လိုတာပေါ့နော်..။
ခင်မင်စွာဖြင့်။

blackroze said...

မိမိကိုယ်ကို..သိသော..ကျွန်တော်ဖြစ်ပါစေ...
ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်ပါစေရှင်...

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။