Saturday, July 10, 2010

တဖက်သတ်အချစ်

တဖက်သတ်အချစ်

စာပေ၀ါသနာရှင် တစ်ဦးဖြစ်သော မောင်မြလေးနိုင် ၏ တောင်းဆိုမှုကြောင့် ကျွန်တော်၏ ရင်မှဖြစ်ပေါ်လာသောခံစားမှုကို ရေးလိုက်ရခြင်းဖြစ်၍ ပြည့်စုံခြင်းမရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
ညအလင်္ကာ
ရက်စွဲ ၂၀၁၀ ခုနှစ်၊ ဇွန်လိုင်လ (၇)ရက်

+++++++++++++++++++++++++++++++++

အချစ်ဆိုသောအရာသည် လူသားတိုင်း၏ နှလုံးသားမှ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးကို တစ်ဦး စိတ်ဝင်စား၍ တွယ်တာခဲ့ကြ သည်ပင်။ သို့သော် (၅၂၈) ဆိုသော သန့်စင်သောမေတ္တာ၊ အေးမြခိုင်မြဲသောစိတ်တို့နှင့် ချစ်ရသော အချစ်မျိုးနဲ့ (၁၅၀၀) ကိလေသာနှောင်ဖွဲ့၍ တွဲငြိမိသော သံယော်ဇဉ်ကြိုးများနဲ့ ချစ်ခင်စုံမက်၍ဖြစ်ပေါ်လာသော မေတ္တာစိတ်တို့မှ တဆင့် တစ်ဦးတစ်ယောက်၏အပေါ်တွင် သမုဒ္ဒယနှောင်ဖွဲ့၍ တိတ်တခိုးချစ်မိသော တဖက်သတ်အချစ်သည် မျှော်ကိုးစောင့်စား ခြင်း ……တွေ့ရမြင်ရပါများသောအခါ သနားကြင်နာခြင်းဟူသော စိတ်မှစတင်၍ ရစ်ဖွဲ့နှောင်တတ်ကြပေသည်။
ထိုသောအခါ တဖတ်မှ မသိ.. နားမလည် ဟန်ဆောင်သောသူကို ချစ်မိသူတိုင်းမှာ မေတ္တာမိုးခေါင်၍ သဲသောင်ကန္တရာမှာ အချစ်ပန်းကို စိုက်မိတဲ့ ဥယျာဉ်မှူးလို ပွင့်လာလိမ့်နိုးနဲ့ မျှော်ကိုးစောင့်စားတဲ့သူ ပန်းစိုက်သမားနှင့် တူပေသည်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်၍ ချစ်လာမဲ့အချစ်ကို မျှော်လင့်တောင့်တရင်းနဲ့ မေတ္တာတရားကို တမ်းတနေရသူများ ၏ ရင်မှ ဝေဒနာကို နားလည်၍ ပြန်လည်ပေးဆပ်တုန့်ပြန်ခြင်းကို တောင်းခံခြင်းမရှိပဲ အစစအရာရာ ချစ်ရသောသူ၏ စိတ်တိုင်းကျအလိုလိုက်၍ ခွင့်လွှတ်ခြင်းအနစ်နာခံခြင်း ပေးဆပ်ခြင်းများဖြင့် လွမ်းမော၍ ရင်ဝယ်ကြိတ်မှိတ်ခံစားရင်း နေရသူမှာ တံလျပ်ကို ရေထင် ရွှေသမင်မြိုင်ယံကြောမှာ မောရသလိုပင်ဖြစ်ချေမည်။
မေတ္တာရေကြည်တစ်ပေါက်ကို သောက်လိုဇောနဲ့ မီးတောင်ကိုရွှေရောင်ထင်မိတတ်ကြပါသည်။ နေ့စဉ် ချစ်ရတဲ့သူ၏ မျက်နှာကို တွေ့မြင်ရရင် စမ်းနှယ်အေး၍ ပန်းနှယ်မွှေးလာမည်ကိုစောင့်စား၍ရယူလိုကြပေသည်။
သို့သော်လည်း မေတ္တာရေကြည်ခမ်း၍ ပန်းကလေးများညှိုးမည်ကို စိုးရွှံ့၍ တိတ်တခိုးအချစ်နဲ့ ချစ်ရသူများလည်း ရှိကြပေ လိမ့်မည်။ မရွာသောမိုးကိုရယူလိုခြင်း၊ လမင်းကိုရယူလို၍ ဘ၀ငိုစတမ်းဖြစ်ကြရပေမည်။ မပွင့်သောပန်းကို မျှော်လင့်ရင်းများစွာဖြင့် သူသိစေချင်ပါသည်။
ကိုယ့်အပြစ်နဲ့ကိုယ်သာ ရှိပါစေတော့ရယ်လို့ တိတ်တခိုးအချစ်သမားရဲ့ နှလုံးသားမှ ရှိုက်သံနှင့်မျက်ရည်ကို သက်သေပြု၍ သိပါစေကြောင်း ရေးဖွဲရပါတော့သည်။

ခင်မင်စွာဖြင့်
ညအလင်္ကာ

××××××××××××××××××××××
××××××××××××××××××××××××××××

တဖက်သတ်အချစ် ဆိုသော ပိုစ်ကို သူငယ်ချင်း မခိုင်နုငယ် အား ဆက်လက်ရေးသားရန် အကြောင်းကြားခဲ့ပါသည်။
သူငယ်ချင်းရေ အမြန်ဆုံးရေးသားနိုင်ပါစေ...........

5 ယောက်က စာမူခပေးတယ်း):

လုလင်ပျို said...

အစ်ကိုရေ မိုက်တယ်ဗျာ ဆက်လုပ် ဆက်လုပ် တင်သွားတာတောင် မသိလိုက်ဘူးး)) မွေးနေ့မှ အမှတ်တရပို့စ်တွေ နဲ့ပေါင်းတင်ဖို့ပါဆိုနေ ဆိုနေ

ရေသန့်  said...

တစ်ဖက်သတ် ချစ်ဘူးတယ်ထင်တယ်....
happy မွေးနေ့  ပါ...သူချစ် ကိုယ်ချစ် မျှသောအချစ်နှင့် ပျော်ရွှင်နိုင်ပါစေ..

ခိုင်နုငယ် said...

အဲ..တက်စာတစ်ခါမှစားဖူးဝူး..အဲလေ
ရေးဖူးတာမဟုတ်။
ပိုဆိုးတာက..တဖက်ကိုသတ်တဲ့အချစ်..
ကိုယ့်ကို...ကိုသတ်တဲ့အချစ်..
တစ်ခုမှအကျွမ်းတ၀င်မရှိခဲ့ဖူးတာပဲ။
ဒါပေမယ့်ကြိုးစားပြီးရေးကြည့်ပေးပါမယ်။
မွေးနေ့မှသည်..နောက်နှစ်ပေါင်းများစွါထိပြီးပြည်စုံသော
ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ..ကိုညလင်္ကာရေ..

နေ၀သန် said...

မချစ်ဖူးဘူး... တဖက်သတ်အချစ်... :D:D...


ခင်မင်တဲ့
နေ၀သန်

မောင် လေး said...

တဖက်သတ်အချစ်တဲ့လား....
လူပျိုပေါက် မှသည် ယခုချိန်တိုင်အောင် ချစ်လာတဲ့ တဖက်သတ်အချစ်တွေ
ရေတောင် မရေနိုင်တော့ပါဘူး...။တခါမှကို နှစ်ဖက်သတ်အချစ်ဖြစ်မလာခဲ့
လေတော့......

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။