Wednesday, July 7, 2010

အပြစ်တင်မစောပါနှင့်၊

လူတစ်ချို့က အကောင်းဆုံးသော အရသာရှိသည့် စားကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ပြီး အရသာခံစား၍ကိုယ်တိုင်စားသုံးကြသည်။ဘယ်သူ့ကိုမှဖိတ်ခေါ်ခြင်းမရှိခဲ့၊
"ဒီလူနှယ်၊ တစ်ကိုယ် ကောင်း ဆန်လိုက်တာ၊ အစားကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်ကြတယ်၊ သူ့မှာ မိတ်ဆွေကောင်းမရှိဘူးထင်ပါရဲ့၊"
လို့ အပြစ်တင် မစောပါနှင့်။ သူဒီလို ခံစားခွင့်ရဖို့ ဘယ်လောက် ကြိုးစား ခဲ့ရလဲ။ လေ့လာ ကြည့်လိုက်ပါ။ သူ့ကိုနားလည် နိုင်ပါလိမ့်မယ်။

လူတစ်ချို့ကတော့ စာကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင် အပင်ပန်းခံ ချက်ပြုတ်ပြီး ခင်ရာမင်ရာ ဆွေမျိုး အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်များကို ဖိတ်ခေါ်ကျွေးမွေး တတ်သည်။ကိုယ်တိုင်ကတော့ထူးထူးကဲကဲခံစားလေ့ မရှိ၊
"ဒီလူနှယ် မိုက်ရန်ကော၊ ဒီလောက် အပင်းပန်းခံ ချက်ပြုတ်ပြီးမှ အလကား သူများကို လျှောက်ကျွေးပစ်တယ်။ ကိုယ်လဲစားတာ မဟုတ်ဘူး၊ အလကား အချိန်ကုန်ခံ၊ ငွေကုန်ခံလို့၊ လူမိုက်ပဲ" လို့ အပြစ်တင် မစောစေလိုပါ။ သူမှာ အလွန်ကောင်းမွန်သော ရသာကို ခံစားခဲ့ရပါသည်။ ထိုအရာက ပီတိ ဖြစ်ပါသည်။ သူ့အတွက်တော့ ဘာနဲ့မှ မလဲနိုင်သော အရသာပင်ဖြစ်ပါသည်။

ထို့သို့ အပြစ်တင်တတ် သူများကိုလည်း အပြစ်မတင်ပါနှင့်၊ သူတို့၏ အမြင်များကို ထုတ်ဖေါ်ခြင်းသာ ဖြစ်ပါသည်။ အခြေအနေ တစ်ခုလုံးကို သူတို့ပြောင်းလဲ မပစ်နိုင်ပါ။ အခြေအနေကို ပြောင်းလဲနိုင်စွမ်း သူတို့သည် အပြစ် မပြောတတ်ကြပါ။

လူတိုင်းသည် မိမိယုံကြည်ရာ အမြင်နှင့် ရပ်တည်နေကြသည်။ မတူခြားနားသော အမြင်များက လူ့ပါတ်ဝန်းကျင် ကို ထိန်းညှိပေးထားသည်။ လူအားလုံး အမြင်တစ်ခုတည်း ဖြစ်နေလျှင် ကမ္ဘာကြီး တစ်ဖက်ဆောင်းနင်း ဖြစ်ပြီး သက်ရှိလောကကြီးပျောက်ကွယ်သွားနိုင်သည်ဟုကျွန်တော်ယူဆပါသည်။

ကျွန်တော်၏ အယူအဆကို အပြစ်မတင်ပါနှင့်။ ကျွန်တော်၏ အမြင်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကယ်၍ အပြစ်မြင်သူများ ရှိပါကလည်း ကျွန်တော် အပြစ်မတင်ပါ။ ကျွန်တော်၏ အမြင်ကို အပြစ်ရှိသည်ဟု သူထင်မြင်သောကြောင့် ဖြစ်ပါလိမ့်မည်။

ခင်မင်စွာဖြင့်
ညအလင်္ကာ

8 ယောက်က စာမူခပေးတယ်း):

chit palone said...

ညန်ညန်လာနော်တဲ့ တစ်ရစေချင်လို့ဆိုပဲ ဟီး လာပီနော် ပြီးမှ ဖတ်မန့်တော့မယ် အတင်းကြီးကိုပဲ ဇွက်

SHWE ZIN U said...

မှန်ပါတယ်ဗျာ ကိုယ့်အမြင်နဲ့ကိုယ် မှန်နေကြပါတယ် ညအလင်္ကာ ကို အပြစ်မတင်ပါဘူး

တောက်ပကြယ်စင် said...

အပြစ်တင်စောခဲ့ဖူးတာ နောင်တရမိပါတယ်၊ အပြစ်တင်မစောဖို့ ကြိုးစားရပါအုံးမယ်၊ ခုလို အမြင်တွေ ဖလှယ်ပေးတဲ့အတွက် ကျေးဇူးပဲ ညအလင်္ကာရေ၊ ရွှင်လန်းချမ်းမြေ့ပါစေ...

MoeThwayNge said...

ကျွန်တော် ရောက်ပါတယ် ။ဘောပွဲကိုက်နေလို့ဗျာ။ ပြေးပြေးလွှားလွှား အလည် လာတာလေ။ဆိုဒ်လေးကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပိုပြည့်စုံလာတယ်။ အသစ်တွေ လာလာဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ။

ခင်မင်မှုဖြင့်-

အားလုံးကို ပျော်စေချင်တဲ့...

အဖြူရောင်နတ်သမီး said...

အပြစ်မတင်ပါ.....
စာလာဖတ်တာနောက်ကျလို့လည်း အပြစ်မတင်နဲ့နော်...

နေ၀သန် said...

မှန်တာပေါ့ဗျာ...။ အပြစ်တင်တယ်ဆိုတာ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး..။ မှန်၏။း))

ခင်မင်တဲ့
နေ၀သန်

ခြေလှမ်းသစ် said...

မိမိတယောက် တည်း အမြင် မဖြစ်နိုင်ပါဘူး ... လူအများရဲ့ သဘောတွေနဲ့ လည်း ထပ်တူနိုင်ပါတယ်ဗျာ .....

ခိုင်နုငယ် said...

အားလုံးဟာ..သူ့အမြင်နဲ့သူတော့မှန်နေကြတာပါပဲလေ။
သူ့ဘက်ကတော့ကြည့်တော့လက်ဖမိုးဆို..ကိုယ့်ဘက်ကကြည့်ရင်
လက်ဝါးဖြစ်နေနိုင်တာပါပဲ။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။