Tuesday, July 6, 2010

တောအကြောင်းတောင်အကြောင်း


ခုတလော နေမကောင်းဖြစ်တဲ့လူတွေ အတော်များသည်။ ဘာထူးလဲပြီးခဲ့တဲ့ တစ်ရက်နှစ်ရက် တုန်းက ကိုယ်လည်း နေမကောင်းဖြစ်ခဲ့သေးသည်။ သတိတွေဘာတွေတောင်လစ်သွားသည် အထိ အကြောဆေးတွေ ဘာတွေသွင်းလိုက်ရသည် အိပ်ရေးပျက်တာများသည်တဲ့ အာရုံ ကြောအားတိုးဆေးတစ်ခုကို စွဲ သောက်ခိုင်းသည်။ မမ စေခိုင်းမှု့ကြောင့် ဂလူးကိုစ့်လည်း သောက်ရသည် (မမ ဆိုတာ အိမ်ကအစ်မကိုပြောတာဖြစ်သည်) အားရှိတာမှန်သမျှစားရသည်

အားရှိတာဆိုလို့ ပြောပြရဦးမည် ရယ်လည်းရယ်ရသည် တရားလည်းရဖို့ကောင်းပါသည်။ ဟိုတလောက မမ နေသောကြို့ကုန်းအိမ်ကိုပြန်တုန်းက ဖြစ်သည် အဲ့ဒီဘက်ကိုကားတော် တော်များများရောက်ပါသည်။ ဒါပေမယ့်ကိုယ်ကတော့ ဟိုင်းလပ် တွေပဲစီးတာများသည်။ အကြောင်းက ညဘက်လေတဟူးဟူးနှင့်ကားစီးရသော အရသာကိုခံစားချင်လို့ဖြစ်သည် နေ့ ဘက်တော့ ဟိုင်းလပ်မစီးပါ။ နေပူရသည့်ကြားထဲလက်ကတွဲလွဲခိုထားရသည် ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးဝယ်ရသည်နှင့်တူသည် ဒါကြောင့်နေ့လည်ဘက်ဆိုဟိုင်းလပ်မစီးတတ်ပါ။

ဆက်ပြောပါဦးမည် ညဘက်လေလေး တဟူးဟူးနှင့်လူလည်းတော်တော်များပါသည်ကျွန် တော်ကတော့ ထုံးစံအတိုင်းကားအမိုးပေါ်တက်စီးပါသည်။ ကားပေါ်မှာခြင်းတောင်းကြီးတွေ တွေ့ပါသည် ပန်းစည်းတွေလည်းတွေ့သည် ဈေးကိုသွားရောင်းမည့်ပန်းစည်းတွေလည်း ဖြစ်နိုင် သည်။ ဘာတာ မှတ်တိုင်ရောက်တော့ အောက်ထပ်က အန်တီကြီးတစ်ယောက်တိုးဝှေ့ဆင်း လာပါသည်။ စပါယ်ယာကတော့ ထုံးစံအတိုင်းအော်ဟစ်နေသည်။ အန်တီကြီးက ဆင်းလာပြီး ပန်းစည်းပန်းစည်းဆိုပြီးအော်နေပါသည် သူ့ပန်းစည်းအောက်ချပေးဖို့ပါ။

ဘယ်သူမှဂရုမစိုက်ကြပါဘူး ဒါနဲ့ ကျွန်တော်လည်းအောက်ကိုခုန်ဆင်းလိုက်ပါတယ် ကူညီဖို့ပါ အပေါ်က အစ်ကိုကြီးက ပန်းစည်းလှမ်းပေးပါတယ်။ ကျွန်တော်ပန်းစည်းကိုလှမ်းယူလိုက်ပါ တယ် ဒါပေမယ့်ပန်းစည်းက ကျွန်တော့်လက်ထဲကနေဆွေ့ကနဲဆိုပါသွားပါတယ် အကျိုးဆက် ကတော့ ကျွန်တော်အားလွန်ပြီး ပက်လက်လန် လဲကျသွားတာပါပဲ။ ရယ်သံတွေ ဝေါကနဲထွက် လာတယ် ကျွန်တော်တင်းသွားတယ်။

“အံမယ်လေး နင့်အရိုးလေးနဲ့ ဒီပန်းစည်းကြီးနိုင်မလား တော်ကြာကူညီတာနည်းနည်းဆေးဖိုး ကများများဖြစ်နေပါဦးမယ်”

ကျွန်တော်က တော့ရိုးရိုး ကူညီတာပါပဲ အန်တီကြီးက အဲ့လိုပြောတယ် ရန်တော့ မတွေ့လိုက်ပါ ဘူးကိုယ်က ကူညီတာကို စကားတွေလည်းအများကြီးမပြောချင်ဘူး။ မနေနိုင်လို့ ကူညီတော့ လည်းအဲ့လိုလေးတွေ တွေ့ရတတ်ပါသေးတယ်။

အမေရိကန်ပြည်ထောင်စု လေကြောင်းအာဏာပိုင်အဖွဲ့က ကားအဖြစ်ရော လေယာဉ်အဖြစ်ပါ ထင်ရှားတဲ့ Terrafujia Transition အား တရားဝင်မှောင်နှင်ခွင့်ပြုလိုက်ပြီတဲ့ 2009 မတ်လ အတွင်းက စတင်စမ်းသပ်မှောင်နှင်ခဲ့တဲ့ ထိုအဆိုပါယာဉ်ပ ပေါင် 120 ပဲလေးသတဲ့ ဒါကြောင့် အပေါ့စားလေယာဉ်အဖြစ်သတ်မှတ်ထားတယ်။ အလေးချိန်ကတော့ ပေါင်၁၄၃၀ ပဲတင် ဆောင်ခွင့်ရှိပါသတဲ့ ထိုယာဉ်ကို အဲ့ဒီယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ပြီးသူတိုင်းမောင်နှင်ခွင့် ရှိပြီး ၄င်း လိုင်စင်ဟာ နာရီ ၂၀ လေ့ကျင့်ရုံနဲ့ရနိုင်ပါသတဲ့ မြေပြင်ပေါ်မှာ တစ်နာရီ 65 မိုင်နှုန်း မောင်းနိုင်ပြီးတော့ လေထဲမှာဆို တစ်နာရီ 115 မိုင်နှုန်းမောင်းနိုင်ပါသတဲ့။
  

အော်သူများနိုင်ငံတွေးတိုးတက်လာတာအံမခန်းပါ တွေးကြည့်မိသည် ထိုယာဉ်တွေသာမြန်မာ နိုင်ငံရောက်လာပြီ ဘတ်စ်ကား ဒရိုင်ဘာ နှင့်စပါယ်ယာလက်ထဲသာထည့်ပေးလိုက်လျှင် အော် ကျွန်တော်တို့မြန်မာလူမျိုးများကုသိုလ်တော်တော် ရလာနိုင်သည် အကြောင်းက နေ့စဉ်အ သက်နဲ့ ကိုယ်အိုးစားမကွဲဖို့ ဘုရားစာရွတ်နေရမှာဖြစ်သောကြောင့်ဖြစ်သည်။

ခုတလော ကမ္ဘာဖလားပွဲက လူတိုင်းပါးစပ်ဖျားခေတ်စားနေသည်နာမည်ကြီးအင်္ဂလန်တို့ အစောကြီးကတည်းက လှည့်ပြန်သွားရသည်။ ဗိုလ်စွဲဖို့ တစ်ပြေးနေသော ဘရားဇီးနှင့် အာဂျင်တီးနားလည်းပြုတ်ပြီ ။ ကျွန်တော်တို့ မြန်မာ နေရှင်နယ်လိဂ်မှာလဲ ကမ္ဘောဇသည် ဇယားထိပ်သို့ဦးဆောင်နေသည် ၀မ်းသာစရာက ကမ္ဘောဇ အသင်းသည်မည်သည့်နိုင်ငံခြား သားမှ မငှားပါပဲ မြန်မာအားကစားသမားတွေနှင့် ဇယားထိပ်ကိုယူထားသည်ဆိုတော့ ဘာပဲ ပြောပြော ကျွန်တော်တော့ ကမ္ဘောဇအတွက်အတော်ဂုဏ်ယူပါသည်။

ရေးစရာ ဘာရေးရမှန်းမသိသည်နှင့်ပေါက်တတ်ကရတွေလျှောက်ရေးသည် အဟီး အလကား လာဖတ်ပြီးမျက်စိရှုပ်ခဲ့လျှင် တောင်းပန်ပါသည် အားလုံးကို ရှဲ့ရှဲနိ ပါ ။


                                                                                                                                                                                      လုလင်ပျို
                                                                             (၆.၇.၂၀၁၀)

4 ယောက်က စာမူခပေးတယ်း):

ခိုင်နုငယ် said...

ကဲနေမကောင်းဖြစ်နေရှာတဲ့လုလင်ပျိုရေ..
ကိုယ်ကျန်းမာစိတ်ချမ်းသာစွါနှင့်စာပေတွေကို
ဆက်လက်ရေးသားနိုင်ပါစေ။

မောင် လေး said...

ဖတ်လို့ကောင်းသား..။ကမ္ဘာဇ အသင်းကနိုင်ငံခြားသားတယောက်မှမပါပဲ
ဇယာထိပ်ရောက်နေတာကတော့ တကယ်ကိုချီးကျူးသင့်ပါပေတယ်..။

SHWE ZIN U said...

ဟားးးးးးးးးး
ဖတ်သွားတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စစ်မင်းညို said...

[ . . . ရေးစရာ ဘာရေးရမှန်းမသိသည်နှင့်ပေါက်တတ်ကရတွေလျှောက်ရေးသည် အဟီး အလကား လာဖတ်ပြီးမျက်စိရှုပ်ခဲ့လျှင် တောင်းပန်ပါသည် အားလုံးကို ရှဲ့ရှဲနိ ပါ ။ . . . ] လူလည် . . .

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။