Tuesday, June 29, 2010

Onlineမှာ Professional Identity တစ်ခုတည်ဆောက်ထားခြင်း( ရှင်းလင်းချက်)

ဒါလေးက အဆက်လို့လည်းပြောလို့ရပါတယ်
ထပ်ဖြည့်ပြီးရေးတာလို့လည်းပြောလို့ရပါတယ်
ကျနော်ရေးတာ မပြည့်စုံသွားတဲ့အတွက်ပါ

မောင်မြလေးနိုင်
က Professional Identity အ ကြောင်း ကို ထပ်ပြီး ရှင်း ပြပေးပါလို့ ပြောလာတာကြောင့်
ကျနော်ဆက်လက်ဖော်ပြပေးလိုက်ပါတယ်

ဒုတိယတစ်နည်းကတော့ Onlineမှာ Professional Identity တစ်ခုတည်ဆောက်ထားခြင်းပဲဖြစ်ပါတယ်...

ဘယ်လိုမျိုးလဲဆိုတော့ အင်တာနက် အွန်လိုင်းသုံးတဲ့အခါ လူအများစုဟာ သူလိုချင်တာ/ သိချင်တာရှိရင်

လိုချင်တဲ့ ၀က်ဆိုက်တွေကိုရှာဖွေသွားရောက်လည်ပတ်ပြီး လေ့လာသင်ယူကြပါတယ်

အဲ့ဒီထဲမှာက MZ လို ဖိုရမ်မျိုးဆို အွန်လိုင်းသုံးသူ တော်တော်များများသိကြပါတယ်

MZ က စေတန်ဂေါ့ဆို မသိသူသိပ်မရှိလောက်ပါဘူး

သူ မှာ Certificate မရှိလည်း သူလုပ်ဆောင်ထားတဲ့ MZ ရဲ့နည်းပညာ အောင်မြင်မှုတွေကိုတော့

လူတွေအသိအမှတ်ပြုလက်ခံထားကြတယ်

အဲ့ဒီတော့ သူတကယ်တတ်/မတတ်ဆိုတာပြောစရာမလိုဘူး

အွန်လိုင်းမှာ Professional Identity တစ်ခုတည်ဆောက်ထားပြီး လူသိများနေတာ သူရဲ့ Identity ပဲလေ

သူ့လိုမျိုးပဲ တစ်ခြားလူတွေလည်းရှိပါတယ် (ဖိုရမ်တွေတည်ထောင်ထားပြိး အောင်မြင်ပြီး နာမည်သိ လူတွေ လည်း ရှိပါတယ်

အဲ့လိုမျိုး Professional Identity တစ်ခုတည်ဆောက်ထားခြင်းဖြစ် Certificate ဆိုတာမလိုတော့ပြန်ဘူး

ဒါကြောင့် ကျနော်က ပြောတာပါ

ကိုယ်အမှန်တစ်ကယ် တက်ကျွမ်းကြောင်းပြဖို့ နည်းလမ်းအနေနဲ့ Certificate တစ်ခုတည်း ရှိနေတာမဟုတ်ပါဘူး...

Online မှာ Professional Identity တစ်ခုတည်ဆောက်ထားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသာအောင်

လုပ်ဆောင်လို့ရကြောင်း ပြောပြရင်း ဖော်ပြလိုက်ပါတယ်။

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။