Sunday, June 27, 2010

Certificate တွေရထားပြီး တစ်ကယ်မတက်သူနဲ့ တစ်ကယ်တက်ထားပြီး Certificate တွေမရှိတဲ့သူ ဘယ်သူက အလုပ်အကိုင်အခွင့်အလမ်း ပိုသာသလဲ?

အခုချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ ကွန်ပြူတာနည်းပညာနဲ့ပက်သက်တဲ့ Certificate (အထူးသဖြင့် MS Certificates) တွေကို အလွယ်တစ်ကူ
ရနိုင်နေတာ အားလုံးအသိပါပဲ... ဖြေတဲ့သူတိုင်း အမှတ်တွေက အမှတ်ပြည့် (၁၀၀၀) ဆိုတာချည်းပါပဲ...
ဒီလိုအမှတ်ပြည့်အောင်ဖို့ အသုံးပြုရတဲ့နည်းလမ်း အသေးစိတ်ကိုတော့
ကျွန်တော်မသိပါဘူး... ရတော့ ရနေကြတာပါပဲ...


Certificate ဆိုတာဟာ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်ကြောင်းထောက်ခံတဲ့လက်မှတ်တစ်မျိုးဖြစ်ပါတယ်...
အခုလို သက်ဆိုင်ရာနယ်ပယ်မှာ အမှန်တစ်ကယ် မကျွမ်းကျင်ပဲ ကျွမ်းကျင်ကြောင်းလက်မှတ်တွေ
ရထားတဲ့သူတွေ များနေတဲ့အတွက် မေးစရာမေးခွန်းလေးတွေဖြစ်လာတယ်ဗျာ


ဒီလိုမျိုး အမှန်တစ်ကယ်မကျွမ်းကျင်ပဲ လက်မှတ်တွေ
တစ်ပြုံကြီးကိုင်ထားတဲ့သူနဲ့ အမှန်တစ်ကယ် ကျွမ်းကျင်ပြီး ဘာလက်မှတ်မှမရှိတဲ့သူ
ဘယ်သူက အလုပ်အကိုင်အခွင့်အလမ်းပိုသာလည်းဆိုတာကတော့ အခြေအနေပေါ်မူတည်ပါတယ်...

ပြည်တွင်းအလုပ်အကိုင်အနေနဲ့ (ကျွန်တော်တွေ့ဖူးသလောက်)
Certificate တွေကို ဒီလောက် အလေးမထားပါဘူး... Certificate ပါရင် ဦးစားပေးမယ်ဆိုတဲ့ အလုပ်မျိုး မတွေ့မိပါဘူး...
Certificate တွေ ရနေကြတဲ့အခြေအနေကို သိနေလို့လည်း ဖြစ်နိုင်ပါတယ်... ကွန်ပြူတာတက္ကသိုယ်ကဆင်းပြီး B.C.Sc ရထားတယ်
ဒါမှမဟုတ် BCIS ရထားတယ်ဆိုရင်တော့ ဦးစားပေးတက်ကြပါတယ်...


ပြည်ပအလုပ်အကိုင်အနေနဲ့ ကြည့်ရင်တော့ Certificate တွေက မပါမဖြစ်လို့တောင် ပြောရမယ်ထင်ပါတယ်...
Certificate တွေကိုင်ထားရင် အလုပ်အကိုင်အခွင့်အလမ်းသာတာ အမှန်ပါပဲ...
တစ်ကယ်ကျွမ်းကျင်ပါတယ်ဆိုတဲ့ သူတွေတောင်မှ နိုင်ငံခြားသွားတော့မယ်ဆိုရင် ငါက ကျွမ်းပြီးသားပဲ Certificate မလိုပါဘူးဆိုပြီး
ခေါင်းမမာနိုင်ပါဘူး... သွားခါနီးမှအပြေးအလွှားစာမေးပွဲဖြေပြီး ယူသွားကြရလေ့ရှိပါတယ်...

အလုပ်ခန့်တဲ့သူတွေအနေနဲ့ကလည်း လျှောက်တဲ့သူများတဲ့အခါ လူတွေကို
စစ်ထုပ်လိုက်ဖို့လိုတက်ပါတယ်... ဒီလို စစ်ထုပ်လိုက်တဲ့အခါ Resume ကို သေချာပြင်ဆင်ထားသူတွေနဲ့ Certificate ရှိထားသူတွေက
နောက်တစ်ဆင့် (Interview) အတွက်တက်ခွင့် ရတက်ကြပါတယ်...
ကျွန်တော်သာ အလုပ်ခန့်ထားသူ ဖြစ်မယ်ဆိုရင်လည်း လူများလို့ ဆန်ကာတင်စစ်ထုပ်ရမယ်ဆိုရင် ဒီနည်းပဲ သုံးဖြစ်မယ်ထင်ပါတယ်... တစ်ကယ်မကျွမ်းကျင်ပဲ
ရထားတယ်ပဲပြောပြော၊ Certificate ရအောင် အနည်းဆုံးတော့ အားထုပ်ထားပါတယ်...

ရော့ပိုက်ဆံ၊ ပေး Certificate ဆိုပြီး ၀ယ်လို့ရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး... သင်တင့်တဲ့
အားထုပ်မှုတစ်ခုကြောင့်သာ ရထားတာဖြစ်လို့ မကျွမ်းကျင်ရင်တောင်မှ လက်မှတ်ရထားတဲ့
နယ်ပယ်ကို တီးမိခေါက်မိတော့ရှိမှာ အသေအချာပါပဲ...

တစ်ကယ်မကျွမ်းကျင်တဲ့အတွက် Interview မှာကျနိုင်ပေမယ့် အနည်းဆုံးသူ့အတွက် အခွင့်အလမ်းလေးတစ်ခုတော့ ရလိုက်တာပဲ ဖြစ်ပါတယ်...
ဒါပေမယ့် အဲ့ဒီ လက်မှတ်တွေအားကိုးနဲ့အလုပ်တွေ ရသွားပြီးလက်တွေ့လုပ်ငန်းခွင်မှာ (အမှန်တစ်ကယ် မလုပ်နိုင်တော့)
အခက်အခဲတွေတွေ့ပြီး Stress တွေဝင်ပြီး အလုပ်တွေထွက်ကြ၊ခဏခဏ အလုပ်ပြောင်းကြလည်း တွေ့နေရ၊ ကြားနေရပါတယ်...

ဒါကြောင့် ပြောချင်တာက "Certificate တွေကအရေးကြီးပါတယ်... Certificate တွေ ရှိထားတာဟာ
အလုပ်အကိုင်အခွင့်အလမ်း ပိုသာတယ်ဆိုတာ အမှန်ပါပဲ... ဒါပေမယ့် ရေရှည်မှာ အမှန်တစ်ကယ်အောင်မြင်ဖို့ဆိုရင် သက်ဆိုင်ရာနယ်ပယ်ကို အမှန်တစ်ကယ်
ကျွမ်းကျင်ထားဖို့ (မဖြစ်မနေ) လိုအပ်ပါတယ်..."

အမှန်တစ်ကယ် ကျွမ်းကျင်သူတွေအတွက် Certificate ထက်ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းသာအောင် လုပ်နည်းရှိပါတယ်... နှစ်နည်းရှိပါတယ်...

ပထမတစ်နည်းကတော့ အသိုင်းအ၀ိုင်း (Network) ကျယ်ပြန့်အောင်လုပ်ထားခြင်းပဲဖြစ်ပါတယ်...
လူငယ်တွေကိုကျောင်းတက်မယ်၊ သင်တန်းတက်မယ်စိတ်ကူးရင် လူများများရှိတဲ့ သင်တန်းကြီးတွေကို
အဓိကရွေးဖို့ အကြံပေးပါတယ်... သင်တန်းကသင်တာ
ကောင်းမကောင်းထက် မိတ်ဆွေအပေါင်းအသင်း များများရပြီး အသိုင်းအ၀ိုင်း (Network)ကျယ်လာနိုင်မယ်လို့ဆိုပါတယ်...
ဒီလိုအသိုင်းအ၀ိုင်း ကျယ်ပြန့်ထားခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းဖို့ အတော်လေးကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်...
တစ်ယောက်နဲ့တစ်ယောက် သိနေတဲ့အတွက် ဘယ်နေရာမှာအလုပ်လိုရင်ဘယ်သူနဲ့သင်တော်တယ်ဆိုတာကို ထောက်ခံအကြံပေးလို့ ရတဲ့အတွက်
အလုပ်အကိုင်အခွင့်အလမ်းသာလာရခြင်းဖြစ်ပါတယ်...

ဒုတိယတစ်နည်းကတော့ Onlineမှာ Professional Identity တစ်ခုတည်ဆောက်ထားခြင်းပဲဖြစ်ပါတယ်...

ကနေ့ခေတ်မှာကိုယ်အမှန်တစ်ကယ် တက်ကျွမ်းကြောင်းပြဖို့ နည်းလမ်းအနေနဲ့ Certificate တစ်ခုတည်း ရှိနေတာမဟုတ်ပါဘူး...

အထက်ကနည်းလမ်းနှစ်ခုဟာ အခုခေတ်မှာ Certificate ထက်ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းသာအောင် လုပ်နည်းတွေပဲဖြစ်ပါတယ်...


ခင်မင်စွာဖြင့်
ညအလင်္ကာ

4 ယောက်က စာမူခပေးတယ်း):

နန်း said...

လက်မှတ်တွေကို မကြည့်ချင် မမြင်ချင်တော့လို့ ပစ်ကို ထားတော့တယ်။ :D

mabaydar88 said...

Hey,

it's really a good post and hope to read good article in the future as well.

Baydar 88

Unknown said...

နန္ဒာ
ကျမမိတ်ဆွေတစ်ဦးကတော့ မြန်မာနိုင်ငံပညာရေးအရဆိုရင် ၁၀တန်းအောင်လက်မှတ်တောင် မရှိရှာပါဘူး။ဒါပေမယ့် ကမ္ဘာထိပ်သီးနိုင်ငံကြီးတစ်ခုကတော့ သူ့ရဲ့လက်ရှိအရည်အချင်းကိုစစ်ပြီး
ပညာတတ်အဖြစ်သတ်မှတ်ပေးထားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မှန်တယ်
ဒီလို ခေတ်အခြေအနေကို ထင်ဟပ်ပြတဲ့ အပြုသဘောဆောင်တဲ့ပိုစ့်လေးတွေ များများ ရေးပါဦး
မြန်မာပြည်မှာလဲ တစ်ချို့သော company ကြီးတွေက certificate တွေကို ဦးစားပေးတတ်ကြပါတယ်.. အလုပ်စစချင်းလျှောက်ရင် certificate များတဲ့သူက မများသူထက်စာရင် ပဏာမ ရွေးချယ်မှုထဲမှာ ပါဖို့ အခွင့်အလမ်းပိုများပါတယ်..

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။