Tuesday, June 29, 2010

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း



ငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ

ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ

မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ

“မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။

နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ

ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊

ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အ၀စု

……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး
ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။

အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်

ကြူံတုန်းပြောရဥိးမယ် (ဖျာပုံ-ဒေါ်ညိမ်း) ကားလမ်းခရီးက လိုင်းကားနဲ့ဆို (၃)နာရီကျော်ကျော်မောင်းရပါတယ်။ ဆိုင်ကယ် Taxi  

လည်းရှိပါတယ်  (ဈေးတော့ နည်းနည်းကြီးတယ်)…………..ဟီးဟီး

တစိနေ့ ကျနော် ဒေါ်ညိမ်းရွာမှ ဈေးသွားဝယ်ပါတယ်( ရောက်တုန်း ကြေငြာလိုက်ဦးမယ် ကျနော်က အဲ့ဒီ ဒေါ်ညိမ်းရွာမှာ

အလုပ်လာလုပ်နေတဲ့ ရောက်ခါစလူတစ်ယောက်ပါ)

ဈေးဝယ်တော့ ဆိုင်ရှင်က ပိုက်ဆံ(၃၀၀) ပြန်အမ်းဖို့ရှိပါတယ် ကျနော်ကို ဒီလိုအမ်းပါတယ်

ပုံကိုကြည့်ပါ

(နှစ်ရာ ကျပ်တန်)


(တစ်ရာ ကျပ် တန်ဖိုးရှိသော ကော်ဖီမစ်ထုတ်)

ကျနော်အံသြသွားတယ်၊ အဲ ဆိုင်ရှင်က ဆက်ပြောတယ်……………

“ ဒီလို (၁၀၀)ကျပ်တန် ကော်ဖီမစ်ထုတ် နဲ့ တန်ဖိုးခြင်းညီမျှတဲ့ မည့်သည့်ပစ္စည်းမဆို ဒေါ်ညိမ်းဆိုင်တိုင်းမှာ လာရောက်ဝယ်ယူ 

လဲလှယ်လို့ရကြောင်းပြော ရှင်းပြတယ်။။။

ကျနော် ရန်ကုန်ကလာတာပါ (ဒီမှာ အဲ့လိုတွေ့လို့ရတော့ မအံသြပဲနေမလား……………ရန်ကုန်မှာဆို အမ်းစရာအကြွေမရှိရင် 

သကြားလုံး၊ ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဆေးလိပ်။။။။။။။။။Tissue အစရှိသဖြင့်ပေါ့လေ

ဒါပေမဲ့ တစ်ခြားနေရာမှာ အဲ့ဒီတန်ဖိုးနဲ့အညီ ပြန်လည်လဲလှယ်သုံးလို့မရဘူးလေ)

ဒီရွာမှာတော့ ရတယ်ဗျ ၊ အဲ့ဒိနဲ့ ကျွန်တော်လည်း လမ်းမှာ အတွေးပေါငိးများစွာနဲ့ ပြန်လာပြီး ဒီစာကိုရေးလိုက်တာပါ

ကျနော်သိထားတာက ငွေကြေးတန်ဖိုးလဲလှယ်သတ်မှတ်တာကိုဘဏ်ကပဲသတ်မှတ်ကြတာပါ………..

အခု “ဒေါ်ညိမ်းရွာက” သတ်မှတ်တာမို့ ဒေါ်ညိမ်းဘဏ်လို့သာ ပြောရမှာပဲ

ရွာမှကတော့ ဒေါ်ညိမ်းဒေါ်လာလို့တောင် ခေါ်ဆိုနေကြပြီ ဗျ

“လွင်မိုးခရီးသွားနေသည် ” မှာကြည့်လိုက်ရပါတယ်……….. ထားဝယ်၊ ကော့သောင်းနဲ့ မြိတ်မှာ ဒီလိုမျိုးငွေကြေးပိုက်ဆံတွေကို 

ကြွတ်ကြွတ်အိတ်နဲ့ပိတ်ပြီးသုံးစွဲကြနေတာကို ရိုက်ပြထားပါတယ်

အခုဒိမှာ “ဒေါ်ညိမ်း”မှာက ပိုက်ဆံ (၂၀)၊ (၅၀) (၁၀၀) (၂၀၀) တန်တွေအပြင် ကော်ဖီမစ်ထုပ်၊ ခေါင်းလျော်ရည်ထုပ်၊ စသည်တွေကို


ကြွတ်ကြွတ်အိတ်ထဲထည့်ပိတ်ပြီး ၊ ငွေကြေးတန်ဖိုးသတ်မှတ်ပြီးသုံးလာကြတာ တော်တော်တွင်ကျယ်နေပြီ

အကောင်းဘက်ကကြည့်ရင် ပိုက်ဆံတွေ စုတ်ပြဲမှုက ကင်းတာပေါ့

ရန်ကုန်မြို့မှာရှိတဲ့  ပိုက်ဆံ တွေဟာ အစုတ်အပြဲ များပါတယ်

ဘယ်လိုပဲပိုက်ဆံစုတ်ပြဲနေပါစေ  ရေစိုခံနိုင်အောင် တိပ်တွေနဲ့ ကပ်ပြီးသုံးနေကြတာ ပါပဲ  (ဟဲဟဲ………သိပါတယ်နော်)

နိဂုံးချုပ်ပြောရရင်

“ဒေါ်ညိမ်းရွာပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအတွက်တော့ ဒီငွေကြေးတွေကို ကြွတ်ကြွတ်အိတ်ထဲ ထည့်ပြီး  သုံးစွဲနေကြတာကို

အသားကျနေပါပြီ ၊သူတို့အတွက်တော့ အံသြစရာမဖြစ်ပေမဲ့ ကျနော်အတွက်တော့ ရေးစရာတစ်ခုဖြစ်လာခဲ့တာပါပဲ

ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေသ၍တော့ ဒေါ်ညိမ်းငွေကြေးသတ်မှတ်မှု တွေလည်းရှိနေကြဦးမှာပါ 

ကျနော်မသိသေးတဲ့နေရာတွေမှာလည်း ဒီလိုမျိုး ငွေကြေးသတ်မှတ်ပြီးသုံးနေကြတာကိုတော့ဘယ်သူမှ သိနိုင်ကြဦးမယ်မထင်ပါဘူး

ဘာပဲဖြစ်ဖြစ် ဒေါ်ညိမ်းငွေကြေး (ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ပိုက်ဆံ / ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ကော်ဖီမစ်တွေကတော့ )

ဖျာပုံမြို့အထိ ခြေဆန့်နေကြောင်း သတင်းကောင်းပါရင်း

ဗဟုသုတတွေပွားများကြပါစေဗျာ


ညအလင်္ကာ

10 ယောက်က စာမူခပေးတယ်း):

ခိုင်နုငယ် said...

ရွှေပြည်ကပိုက်ပိုက်တွေကတော့..
တိုးတက်နေသောခေတ်မှာ
ရေဆိုမခံ..စုတ်ပြဲလွယ်တယ်။
အသလိုသုံးနေကြတယ်ဆိုတော့လည်း..
အကောင်းမြင်နဲ့တွေးရင်ကောင်းပါတယ်လေ။

blackroze said...

10တန်းတုန်းကEco မှာသင်၇သလိုပေါ့
ငွေကြေးလဲလှယ်မှု့နှုန်းထားကိုဒေါ်ညိမ်းကျေးရွာမှာလက်တွေ့
အကောင်အထည်ဖော်နေတာပေါ့

SHWE ZIN U said...

ဆိုင်မှာတော့ ၅၀ကျပ်တန်က တစ်ရှုး ထုပ်
၁၀၀ ကျပ်တန်က ဘောပင် ဒါပေမဲ့ ဘယ်တော့မှ မှင်မထွက်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အင်း ကမ္ဘာ့ငွေကြေးသမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်တခုကို ဒေါ်ငြိမ်းရွာက တီထွင်လိုက်ပြန်ပြီကော . .. ကောင်းဗျာ ။

ခင်လျက်

မင်းဒင်

နေသွေး(ဘရာဗို) said...

အဲလိုပိုက်ဆံမျိုးကို
မြန်မာနိင်ငံနေရာတော်တော်များများမှာတွေ့နေရပါပြီ
ကျနော်တောင် ထားဝယ်ပြန်တုန်းက
ရေးမြို့မှာ တစ်ရာကျပ်တန်ကို အဲလို လုပ်ထားတာတွေ့ရပါတယ်

မောင် လေး said...

တစ်ပြည်လုံးအဲဒီအတိုင်းလုပ်နေရတယ်ခင်ဗျ
ဈေးကွက်စီးပွားရေးအမြင်အင်မတန်မှရှိသော ကျေးဇူးရှင်တွေက ၅၀၊၁၀၀၂၀၀
တန်တွေရိုက်ထုတ်ရင် နိုင်ငံခြားကဝယ်ရတဲ့ စက္ကူဖိုး၊မှင်ဖိုးတွေနဲ့ မကိုက်လို့၊
ရှုံးလို့တဲ့ခင်ဗျ၊၅၀၀၀ တန်တောင် ကာမိဟန်မတူဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကူးကောင်းတယ်လို့ ချီးကျူးရမယ်နော်..
အကြွေရှားပါးမှုပြဿာကို ဖြေရှင်းပုံက ကောင်းလိုက်တာ
မှတ်သားစရာပါဘဲ..

မြစ်ကျိုးအင်း said...

ခေတ်က နောက်ကို ပြန်ပြန်ရောက်သွားရတယ်။
တကယ်ဆို ဒီလိုပြဿနာမျိုးကို ပြည်သူလူထု ဖြေရှင်းဖို့ မလိုဘူး
အင်းလေ.. ဒါ မြန်မာပြည်ပဲ။
ပြည်သူတွေလည်း သနားပါတယ်ဗျာ အဆင်ပြေသလို လည်ပါတ်နေကြရတယ်။ တရွာတပုဒ်ဆန်းတွေလည်း အများကြီး ရှိနေအုံးမှာပါ။

ပူးတေ said...

ရန်ကုန်မှာကျတော့မရဘူး... ကြည့်မြင်တိုင်ညဈေးမှာ ပလတ်စတစ်ဘူးလေး ၁ ဗူးဝယ်တာ ၆၅၀ ကျတာ။ ၁ထောင်တန်ပေးတာ ၃၅၀ ဖိုးကို စတီးဇွန်းတွေ အတင်းယူခိုင်းနေတယ်... စတီးဇွန်းမယူချင်ရင် ကြွေပန်းကန်ပြားယူတဲ့ ဒုက္ခပဲ... စတီးဇွန်းတွေ ယူပြန်လာရတယ်.. ဒါတောင် ၅၀ လားမသိဘူး...ကိုယ်ကရရဦးမှာ...မန်ကျည်းမှည့်ပေးလို့ မယူတော့ဘူးဆိုပြီးထားခဲ့ရတယ်.. ဒါက ဖေဖော်ဝါရီပြန်တုန်းက။ ခုတော့ အဲဒီဆိုင် ဘယ်လိုဖြေရှင်းနေလဲ မသိဘူး...

sosegado said...

အဆင်ပြေအောင် ကြည့်လုပ်နေကြတာ၊
ဤ ကော်ဖီမစ်ထုတ်သည် ကျပ်တစ်ရာနှင့်ညီ၍ မည်သည်နေရာတွင်မဆိုလှဲလည်ခွင့်ရှိကြောင်းအာမခံသည်၊
ကျွန်ုပ်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပေးလိုက်သည်၊ ဒေါ်ညိမ်း

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။