Saturday, June 5, 2010

လမ်းဆုံ (အရင်ဇာတ်လမ်းအဆက်)

သည်နေ့တော့အလုပ်စောစော သိမ်းI ညိုမောင် ရွာထဲသို့ စောစောပြန်လာခဲ့သည်။ ရွာအ၀င်ဝတွင် အောင်ပုနှင့်တွေ့သည်။ အောင်ပုကစပ်ဖြဲဖြဲရီရင်း ------
“ဟေ့ယောက်ဖ မင်းအလုပ်သိမ်းတာစောလှချည်လား”
“မင်းအိမ်က ဧည်ည်သည်မလေးကို စိတ်မချလို့လား ယောက်ဖကြီးရာ”
“ ငါက မင်းနှမချောကို တစ်သက်လုံးစောက်ရှောက်မှာ ပါကွ” ဟုပြောလိုက်ရာ။
“ခွေးမသား အောင်ပု”ဟု ညိုမောင်းကပြောလိုက်ရာ အောင်ပုမှာ တ၀ါးဝါးရယ်ရင်းမှ “ဒါနဲညိုမောင်”
 မင်းအချစ်တုံး ပူစူမလည်းမြို့ကိုသွားတာကြာပြီနော်ပြန်မလာနိုင် ဖြစ်နေပြီနဲ့တူတယ်။ ညိုမောင်၏ရင်ထဲတွင် ဆို့နင့်ကြေကွဲစွာဖြင့် “အောင်ပုရာ….ငါနဲ့ပူစူးမက ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ ငါတို့နှစ်ယောက်ရဲ့ ခင်မင်မူကို ကျော်ပြီး ချစ်သူဘ၀ကို မစဉ်းဘဲ နေကြရင်ကောင်းမယ်နော် အခုတော့ ငါ့ရင်ထဲက တိတ်တခိုးချစ်မေတ္တာနဲ့ အချစ်တွေကို ငါသိမ်းပါမယ်… “ ဘာဖြစ်လို့လည်းဆိုတော့ ဘ၀ချင်းက မတူဘူးလေ……….”
အဝေးတစ်နေရာဆီသို့ ငေးမောကြည့်ရင်း ပြောလိုက်သော ညိုမောင် ကိုကြည့်ကာ အောင်ပု စိတ်မကောင်း ဖြစ်မိပေသည်။×××××
“ သူငယ်ချင်းရေ မင်းရဲ့ စိတ်အားတွေ ငယ်နေလို့ပါ… တကယ်ဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ မင်းဘက်ကရှိခဲ့ရင် မင်းအခုလိုခံစားနေရမှာ မဟုတ်ဘူး…….
×××× ရှိပါစေတော့ကွာ…….ငါ့ရင်ထဲမှာ ပူစူးမရဲ့ အပေါ် ချစ်မိတဲ့ စိတ်ကို ငါ တစ်သက်လုံး မျိုသိပ်ပြီး တိတ်တခိုးချစ်နေမယ်ကွာ…………….
ဆွေးမြေ့နာကျင်စွာဖြင့် ပြောနေသော ညိုမောင်၏ မျက်ဝန်းအစုံသည် ညို့မှိုင်းရီဝေနေ၏။
“ ဟေ့…ညိုမောင် “ ပြောရင်းဆိုရင်းနဲ့ ရှေ့ကလာနေတာ ရွှေဧည့်သည်မလေးမဟုတ်လား ယောက်ဖကြီး”
အောင်ပု… ညွှန်ပြရာသို့ ညိုမောင်ကြည့်လိုက်ရာ……….
လှပကြော့ရှင်းစွာဖြင့် ၀င်းဝါသောအသားအရေအပေါ်တွင် ပန်းရောင်နုအဆင်သွေးကို ၀တ်ဆင်လျက် မြင်သူငေး လောက်အောင် လှပနေသော ရတနာကို တွေ့လိုက်ရပေ၏………….
“ ဟော… ကိုညိုမောင် ဒီနေ့ အလုပ်သိမ်းစောလှချည်းလား..ဟု ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာသော ရတနာ၏ အလှကို ညိုမောင် ငေးကြည့်ရင်းမှ ….” “ ဟုတ်ကဲ့…………..  မဆုရတနာ … ကျနော်လည်း အချိန်လေးရရင် … ဟိုဘက်က ရွာတွေကို လိုက်ပို့မလို့ အလုပ်သိမ်းပြီး ပြန်လာတာပါ…………
“ ကျေးဇူးပါပဲ “ ကိုညိုမောင်ရယ် ….
ရေချိုးပြီးရင်လျောက်လည်ကြတာပေါ့………….ပြန်ပြောရင်း ညိုမောင်နဲ့အတူလျောက်လှမ်း၍ ပြန်လာခဲ့ရာ…အောင်ပုမှ ပြုံးစစနှင့် ညိုမောင်အား….
“ ညိုမောင်ရေ….သွားမယ်ကွာဟုနှုတ်ဆက်ကျောခိုင်းရင်း ညိုမောင်နှင့် ဆုရတနာတို့အတူလျောက်လာရင်းမှ  ဆုရတနာက ×××× “ ကိုညိုမောင်...အလုပ်တွေကို တနေကုန်ထိအောင် လုပ်နေရတော့ သိပ်ပင်ပန်းနေပြီးလား ဟင်….
ကြင်နာသော အသံဖြင့် ပွင့်လင်းစွာမေးလိုက်ရာ……. ညိုမောင်၏ ရင်တွင် အမည်မဖော်နိုင်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရပေသည်။
      “ သြော်……….မဆုရတနာ ရယ်”
××××××××××××××
ဆက်ပါမည်။

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။