Thursday, May 27, 2010

ဘရုတ်ဘရက်နဲ့ဆင်းတဲ့ကျောင်းပွဲ


                   ပြီးသွားပေပြီ..နွေရာသီသင်တန်းကြီးကတော့ ဆရာအင်အားချို့ငဲ့၊ပစ္စည်းမရှိ၊ဘာမှ မရှိစွာနဲ့ ဆရာတွေလဲ
ပေးနိုင်သမျှ ချပေးရင်းချို့ငဲ့သော နွေရာသီသင်တန်းပြီးဆုံးသွားပေသည်။အကောင်းဆုံးလုပ်ဆောင်ပေးရန် စဉ်းစားသော်လည်း
မကောင်းမလှဖြင့်သာ ပြီးဆုံးသွားပေပြီ။ ကျမတို့၏ မရင့်ကျက်မှု၊ ဒေသခံတို့၏မပူးပေါင်းမှု ၊အစရှိသော အမှုပေါင်းများစွာဖြင့်
ပြီးဆုံးလေပြီ။ သို့သော် ထိုဟာသည်ပင်ကား ကျမတို့၏ အရင်းပေတည်း။အချိန်သုံးလလောက် ရင်း၍ရသောကြောင့် တန်သည်
လို့သာပြောချင်ပါသည်။ ကြားထဲမှ ကံမကောင်းသူများကတော့ ကလေးငယ်များပေါ့လေ။
                   ဒါပေမဲ့လည်း ကျမ တို့ရဲ့ ကချော်ကချွတ် သင်တန်းဆင်းပွဲလေးအကြောင်းတော့ပြောချင်ပါသေးတယ်။ သင်တန်း
ဆင်းပွဲလုပ်မယ်တဲ့ ဘယ်သူစမှန်းမသိပေမဲ့ ဆရာတော်ဆီရောက်နေတဲ့သတင်းကြောင့် ကျမတို့တတွေ သင်တန်းဆင်းဖို့ပြင်ကြ
ရတာပေါ့ ။ အလုပ်သမားအများစုပါနေတာကြောင့် ဝန်ထမ်းမဟုတ်သူ ညီမလေးတွေက အလွန်ပင်ပန်းခဲ့ရပါတယ်။ကျမလဲ
ခွင့်တစ်ရက်ကို အတင်းနေမကောင်းဖြစ်ပြီးယူလိုက်ရတာပေါ့။ ကျမ ရောက်တော့ သူတို့အကတိုက်လို့ပြီးပါပြီ။ ကလေးတွေလဲ
ပျော်လို့ပေါ့။ ကျောင်းဆင်းးပွဲရောက်မှသိလိုက်ရတာ က ဒီကျောင်းမှာ အနုပညာမျိုးစေ့တွေတော်တော် များတယ်ဆိုတာပါပဲ။
ဒါနဲ့ပေါ့လေ သူတို့က ကမယ်ပေါ့ ။ထူးဆန်းတာက ကျမ သင်တာ ကဗျာလွတ်မြန်မာအက သူတို့ ကဟော့ရှော့ တွေပါကတတ်
လိုက်တာ ။ ဆရာမက သူတို့ကတာကိုမျက်လုံးပြူးရင်းကြည့်ပေါ့။သင်တန်းဆင်းပွဲလာကြည့်တဲ့ အကိုတစ်ယောက်ကပြောပါတယ်
အကဆရာမက ဘယ်သူတုန်းတဲ့ ။ကျမပါပေါ့ နင်ကဒါတွေပါသင်ထားသလားတဲ့။ကျမလဲမသင်ရပါပဲ.နဂိုတတ်ကလေးတွေကို ကျမဘယ်လို လုပ်ပေးရပမလဲ။ သူတို့ရဲ့ဒိုးဒန့်အကကိုတော့ လူကြိုက်များပါတယ်။ကျမရဲ့မြန်မာအကလေးကမျက်နှာငယ်။
                ဒေသခံများရဲ့ မပူပေါင်းမှုကတော့ ကျမတို့ကို ကလေးတွေကဖို့စင်တောင် ဆောက်မပေးကြပါဘူး။ ကျမတို့ပြောခဲ့
ပေမဲ့လည်းပေါ့လေ ..ကျမတို့ရဲ့အားကိုးရသော တပည့်ကျော်လေးက သူ့ကျောင်းကကောင်ကလေးများအားနဲ့ကြည့်ကောင်းအောင်
ဆောက်ပေးပါတယ်(အလွယ်နည်းပေါ့) ။မိုက်ကရိုဖုန်းမပါ..ဘာမှ မပါသောအဖြစ်သင်တန်းဆင်းပွဲကတော့ ဖြစ်ရုံလေးနဲ့ပြီးသွားပါ
တော့တယ်.မကောင်းမကန်းနဲ့ ကလေးများပါဝင်မှုသက်သက်ကလေးနဲ့ပဲပေါ့လေ။ မုန့်ကြွေးတော့လဲ ဘာမှအစီအစဉ်တကျမရှိ
သူတို့လုစား၊ပြုံတိုးသမျှ ခံလိုက်ရတာပေါ့။အော်သင်ခန်းစာပဲလို့သာမှတ်ယူလိုက်ပါတော့တယ်.မဟုတ်ရင်လဲ အဲ့နေမှာရွာတဲ့မိုးနဲ့
အပြိုင်ငိုလိုက်ကြဖို့ပဲရှိပါတော့တယ်။ အခုအမှားသည်နောင်ကောင်းဖို့လို့သာမှတ်ယူရင်း ကျမတို့ရဲ့နွေရာသီသင်တန်းကြီးကို
ပြီးဆုံးလိုက်ကြပါတော့တယ်။

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။