Thursday, May 6, 2010

လမ်းဆုံ (ဆက်လက်ရေးသားခြင်း)

ဆည်းဆာအလှရဲ့ သဘာဝအောက်မှာ လှပနေသော ရတနာ၏ ရုပ်သွင်သည် ချစ်စဖွယ်အသွင်နှင့် တင့်တယ်လွန်းလှသည်။ ညိုမောင်၏ ရင်ထဲ၌ အဆိုရှင် ဦးပုည၏ ကဗျာတစ်ပုဒ်ကို သတိရမိပေသည်။
“ ဆည်းဆာချိန်တွင် ကျွန်ုပ်မြင်သည်….
ရွှေရင်ဖုံးတုံ…..မဖုံးတုံနှင့်
နှမ သက်လျှာ.. ချစ်စရာကွယ်” ...ဟု တီးတိုးရွတ်ဆိုမိလိုက်ပေသည်။.

“ သြော်××××× ကိုညိုအောင် ..ဒေါ်ညိမ်းကျေးရွာက အတော်လေးသာယာပြီးစည်ကားတယ်နော်…
ဘာဖြစ်လို့ ဒေါ်ညိမ်းရွာရယ်လို့ အမည်တွင်ပြီးခေါ်ရတာလဲ.ဟင်”
ဟုတ်ကဲ့..ရတနာ သိချင်တယ်ဆိုရင်တော့ ကျနော်ပြောပြပါမယ်
“ နေလေးချိုတုံး ကမန္တာရွာရဲ့ ဆုတောင်းပြည့်စေတီတော်ဆီကို သွားကြရင်း ပြောပြပါမယ်
ဒီလိုပါ××ရတနာ
ကျနော်တို့ရဲ့ ဘိုးဘွားတွေပြောပြခဲ့တာကတော့ ×××××
ဟောဒီ ဒေါ်ညိမ်းရွာကြီးဟာ အရင်တုန်းက ( ထော့ညှင်း)လို့ မွန်ဘာသာနဲ့ ခေါ်တွင်ခဲ့တယ်လေ××××
ဟံသာဝတီပြည့်ရှင် တကာသုရှင်မင်းကို တပင်ရွှေထီးက တိုက်ခိုက်ပြီး ဟံသာဝတီကိုသိမ်းယူချိန်မှာ တလပရော မင်းသမီးဟာ အခြံအရံနှင့်တကွ အောက်ပိုင်းဒေသကို ဆုတ်ခွာ တိမ်းရှောင်ခဲ့ကြတယ်၊ ဒါပေမဲ့ မင်းသမီးနဲ့ စစ်ကဲ မှူးမတ်များတို့ဟာ သူတို့ရဲ့ စိတ်အစဉ်မှာ ထီးရိပ်နန်းရိပ် မပျောက်ပျက်ရအောင် ဆုတ်ခွာတိမ်းရှောင်ရင်းနဲ့ ဆုတောင်းပြည့်စေတီများကို ထီးရိပ်မြင်နေရတဲ့ အရပ်တိုင်းတည်ထားကိုးကွယ်ရင်း သစ္စာပြုခဲ့ကြတယ်……××

တစ်နေ့ကျရင် ထီးနန်းကို ပြန်လည်ရယူနိုင်ပါစေ××× ရန်အားလုံးကို ချုပ်ငြိမ်းပါစေလို့ ဆုတောင်းကြတယ်
ဒီလိုနဲ့ ဖျာပုံမြို့မှာ လိပ်ဥကုန်းရဲ့နေရာမှာ ကျိုက်ကလဲ့စေတီနဲ့ သမိန်ထောကုန်းတန်းမှာ စေတီတစ်ဆူတည်ပြီး တလပရောမင်းသမီးရဲ့ ပုံတူရုပ်တု လုပ်ထားခဲ့ပါတယ်××××
နောက်တဖြည်းဖြည်းနဲ့ ဆုတ်ခွာရင်း အခု (မွန်ဘာသာအခေါ်အရ ) ကမာပို ၊ (မြန်မာလိုအခေါ်) ထမင်းကန်လို့ခေါ်တဲ့အရပ်မှာ ခေတ္တနားခိုရင်း လက်နက်ရိက္ခာစုဆောင်းရင်းနဲ့ ကမာပိုစေတီကို တည်ထားခဲ့တယ်
အဲ့ဒီကနေ မြို့ပုန်း (ယခု မြို့ကုန်း) လို့ခေါ်တဲ့ရွာမှာ ပုန်းခိုရင်းနဲ့ ဒေါ်ညိမ်း (ယခင် ထော့ညှင်း) ဆို တဲ့ ကျနော်တို့ ရွာကလေးကို အစပျိုးခေါ်ရင်း တွင်ခဲ့တာပါ (ဘာကြောင့် ထော့ညှင်းခေါ်တာကို ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်)
(http://nyaalinkarr.blogspot.com/2010/02/blog-post_10.html)
ရတနာ…
ကဲ ကျနော်တို့ ဒေသရဲ့ ကမန္တာဆုတောင်းပြည့်စေတီကို ရောက်ပါပြီး ဘုရားဖူးလိုက်ပါဦးနော်
( နေညိုချိန်ရဲ့ အလှတရားအောက်မှာ စေတီတော်ရဲ့ ဆည်းလည်းသံလေးများက ရတနာ၏ စိတ်နှလုံးကို ကြည်နူး နေမိသည်။ စေတီတော်ကို ဦးခိုက်ကြည်ညိုရင်း …….တလပရော် မင်းသမီး၏ ဇာတိမာန်နှင့် ဘာသာတရား လေးစား ကြည်ညိုမှုကို စဉ်းစားရင်းက)
“ ကိုညိုမောင်” က
ဒေါ်ညိမ်းရွာရဲ့ သမိုင်းအကြောင်းကို အတော်လေ့လာထားပါလား …..လေးစားပါတယ် ကိုညိုမောင်ရယ်
ဟဲ.ဟဲဟဲ. ရတနာက ကျနော်ကို မြှောက်နေပြန်ပြီ …ကျနော်က သိထားသင့်တာလေးတွေကို မှတ်ထားတာပါဗျာ
ကဲ….နေ၀င်တော့မယ် ပြန်ကြရအောင်နော်××××××××××××)

×××××××
××××××××××
ပူးစူးမရေ …………နင်တောကိုပြန်တော့မယ်ဆိုတော့ မပြန်ခင်မှာ ငါနင့်ကို ပြောစရာစကားတွေ … ငါ့ရင်ထဲက မေတ္တာတွေကို နင်သိအောင်ပြောချင်လိုက်တာ ပူစူးမ ရယ်×××
ညီညီ့ ရင်ထဲမှာ တိတ်တခိုးညည်းတွားရင်း ပန်းခြံထဲမှာ ပန်းကလေးကို ကြည့်ရင်းလမ်းလျောက်နေသော ပူစူးမ ကို ကြည့်ရင်း ပြောနေမိသည်။။။။။
ပူစူးမ…..” ညီညီ” တိုးတိုးလေးခေါ်လိုက်သည်။
ပူုးစူးမ က အပြုံးလှလှပြုံးပြရင်း လှည့်ကြည့်သည်။
ညီညီက…….ရီဝေစွာနဲ့ ကြည့်ရင်းမှ :
” ငါ..နင့်ကို မခွဲနိုင်အောင် ချစ်နေပြီး…ပူစူးမ ရယ်…”.ပြောလိုက်ရာ
ပူးစူးမ ၏ ပါးပြင်ဝယ် ရှက်သွေးဖြာ၍ ခေါင်းကလေးကို ငုံကာ တုန်လှုပ်သွားပေသည်။ ပူစူးမ ကိုယ်တိုင်လဲ ညီညီ ကို မခွဲချင်ပါ×××××
ညီညီရယ် ..တို့ဘ၀တွေက ကွာခြားလွန်းပါတယ်..
“နင်က ပြည့်စုံတဲ့ မိသားစုနဲ့ ဂုဏ်ရှိအသိုင်းအ၀ိုင်းနဲ့ ဘဲ တင့်တယ်ပါတယ် .” တုန်ရီစွာနဲ့ ပြောလိုက်ရာ××××
ညီညီရင်ထဲတွင် နင့်အောင်ခံစားရင်းမှ “ ပူစူးမ “ ရယ် အဲ့ဒါတွေဟာ ပကာသနတွေပါ။။။။
ငါ××× နင့်ကိုချစ်တဲ့အချစ်တွေဟာ အဲ့ဒါတွေနဲ့ လုံးဝမဆိုင်ပါဘူး××××
နင်သိအောင်ပြောရရင်…
“ အချစ်ဆိုတာ ××× ဂုဏ်တို့ အလွှာနဲ့ ပကာသနတွေမပါဘူး… နှလုံးသားရဲ့ စေစားမှုနဲ့
ဘ၀တစ်ခုကို တည်ဆောက်ကြတာပါ××××” ငါ့ကို အဖြေပေးပါဦး ပူစူးမရယ်။။။
ညီညီ၏ တတွတ်တွတ်ပြောနေသော စကားကို ပူစူးမ မငြင်းပယ်နိုင်ခင်မှာ
ညီညီက သူ့ရင်ခွင်ထဲသို့ ပူစူးမ၏ ကိုယ်လုံးလေးကို ဆွဲသွင်းလိုက်ရာ…×××
ပူးစူးမ… မှ ရှက်စိတ်နှင့် ရုန်းထွက်ရင်းမှ
“ ညီညီ ရယ် လွှတ်ပါ××××”
“ ဟင့်အင်း…….နင့်ဆီက ချစ်တယ်ဆိုမှ လွှတ်မယ် “ ဟု ဇွတ်ပြောလိုက်ရာ
“ ငါစဉ်းစားပါရစေဦး ××× ညီညီရယ် ဟု ပြောရင်း “ ညီညီ၏ လက်များကို ဖယ်ရင်း ပြေးထွက်သွားလေသည်။
ညီညီရင်တွင်းမှာလဲ ××× ပူစူးမရယ် ငါ့ရဲ့ ဖြူစင်တဲ့မေတ္တာတရားတွေကို နင် အသိအမှတ်ပြုပေးနိုင်ပါစေလို့ ငါဆုတောင်းပါတယ်×××××××××××××××××××××××××××
ဒီနေ့ အရီးငြိမ်းနှင့် ပူစူးမ တို့ အပြင်သို့ ဘုရားဖူးရင်း အိမ်အပြန်လက်ဆောင် ပစ္စည်းများဝယ်၍ ပြန်လာကြသည်။
ပူစူးမ၏ ရင်ထဲတွင် ညီညီနှင့် ခွဲ၍ ရွာကို ပြန်ရတော့မည်ဆိုတော့ ဝေဒနာလေးများခိုဝင်လာလေသည်×××××××
ညီညီရေ×× နင် ငါ့စိတ်ကို စိုးမိုးလွန်းလှပါတယ်။။။။
ငါလဲ နင့်လိုပါဘဲကွယ်××××××××××××××××
“ ကဲ သမီး ပူစူးမ ရေ “ နက်ဖန်ကို ပြန်ဖို့ အားလုံးပြင်ထားနော် ××× အရီးငြိမ်းလဲ နားလိုက်ဦးမယ်။။။ပြောရင်း
အရီးငြိမ်း အိပ်ခန်းထဲ သို့ ၀င်သွားလေသည်
အရီးငြိမ်းအသံကြောင့် ပူးစူးမ အသိပြန်ဝင်ရင်း “ ဟုတ်ကဲ့ ×× အရီးငြိမ်း” ဟု ဖြေလိုက်၏
ရန်ကုန်မှ ဖျာပုံမြို့သို့ ထွက်ခွာမည့် ဗညားဦး ရေယာဉ်၏ အပေါ်ထပ်မှ ပူးစူးမှ တစ်ယောက် မြစ်ပြင်ဝယ် လူးလာ ခေါက်တုံ ပျံသန်းနေသော ဇင်ယော်ငှက်ကလေးများကု အစာကျွေးရင်း ညီညီကို ပြောလိုက်လေသည်။
“ ညီညီ ××ကြည့်စမ်းပါဦး.. မြစ်ပြင်ကြီးထဲမှာ ငှက်လေးတွေပျံနေတာ ဒီလိုဘဲ လူသားတွေဟာ သွားလာရင်းနဲ့ ရုးန်ကန်လှုပ်ရှားနေပြီး အချိန်တွေကုန်ခဲ့တယ်နော်………….
ဟူတ်တယ်…. ပူစူးမရယ် တို့လဲ ကိုယ်စီတာဝန်တွေနဲ့ အချိန်တွေ ကြားမှာနေရပေမဲ့ ငါ့ နှလုံးသားက နင့်ကို အမြဲချစ်နေမယ်ဆိုတာကို ယုံပါနော်….
ပူစူးမ+++ ခေါင်းကလေးကို ငုံ့ရင်း ညီညီ ရယ်ဟု တိုးတိုးလေး ပြောလာ၏
ညီညီနင့် ပူးစူးမတို့ ရင်ထဲမှာ စို့နင့်နေကြ၏××××××
တစ်ဦး၏ စိတ်ကို တစ်ဦးသိနေကြသည်။ ×××ပူစူးမ၏ မေးလေး ကို ညီညီ၏ လက်ဖြင့် အသာယာဆွဲယူမော့လိုက်ရာ ×××
မျက်ရည်များ ဝေ့၀ိုက်စွာနှင့် ပူးစူးမ ၏ ပါးပြင်ပေါ်ဝယ်တွေ့လိုက်ရာ×××× ပူးစူးမ “ နင်” ငိုနေတယ်×× ဟုတ်လား?
ပြောရင်း မျက်၇ည်များကို လက်ကိုင်ပုဝါလေးဖြင် သုတ်ပေးရင်းမှ “ ပူစူးမ ရယ်××× သိပ်ချစ်တယ်ကွယ်” ပြောရင်း
ရင်ခွင်ထဲသို့ ဆွဲယူလိုက်ရာ ပူစူးမ၏ ခေါင်းကလေး ညီညီရင်ခွင်ဝယ်မှေးခိုရင်းမှ××××××
ညီညီ…. တို့ပြန်မယ်နော်… ငါလဲ နင့်ကို ချစ်ပါတယ် ညီညီ။××××××××××
မခွဲချင်အောင် နင့်ကို ငါ ချစ်ပါတယ် ဟု တိုးတိုးလေးပြောလိုက်မိပေသည်။
ချစ်သူနှစ်ဦး၏ ချစ်တေးသံသည့် ချစ်စရာငှက်ကလေးများနဲ့ အတူပျော်ရွှင်မြူးတူးစွာ သီဆို၍နေကြပေသည်။×××
“ သြော် ×××× ညီညီ ပြန်တော့နော် သင်္ဘောထွက်တော့မယ်..ပူစူးမ ကို ယုံပါနော် ×××
ဗညားဦး ရေယာဉ်ကြီးသည် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာမည့် ဥသြသံကြားဝယ် ချစ်သူတို့ နှုတ်ဆက်ကြရင်း
ဝေးကွာခဲ့ရသော မြင်ကွင်းမှ ပျောက်ကွယ်၍သွားသလို ညီညီ ရင်ထဲတွင် အလွမ်းစိတ်နဲ့ ကျန်ခဲ့ရပြီ ပူစုးမရယ်×××××××××××

ဆက်လက်ဖော်ပြပါမည်။။။

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။