Friday, May 14, 2010

ဒီနွေမေလဝယ်.....................

မငယ်….ထ .ထ. အမေ့ခေါ်သံအဆုံးမှာ ကျွန်မအိပ်ရာကနေ ဆတ်ခနဲထထိုင်လိုက်ပါတယ်။
ခေါင်းထဲကိုဦးစွာ ဝင်လာတာက ရေ…….ဆိုတာပါပဲ ။ ကျမတို့အိမ်ရေမရတာ ၄ရက်၇ှိပါပြီ ။ အပေါ်ကန်မှာလဲရေမရှိတော့သလို.အောက်ကန်မှာရေကုန်လုနီးပေါ့။
ညကတစ်ညလုံးမီးမလာခဲ့သေးသလို အခုထိလဲ မလာသေးလို့ရေရနေလို့အမေကခေါ်တာပါ။
ရေချိုးဆင်းဖို့ပေါ့လေ ။ ကျမ ကျိန်းစပ်နေတဲ့မျက်လုံးကို ပွတ်သပ်ရင်း လျှင်လျှင်မြန်မြန် အဝတ်အစားလဲပြီး အောက်ဆင်းဖို့ပြင်လိုက်ရသည်။ ကျမဆင်းခါနီး မောင်ငယ်လေးပါတပါတည်းနှိုးလိုက်ရပါတယ် ။

"ဖိုးသား ထ…ထ မောင်လေး..မမတို့ဆင်းတော့မယ်။ ဟုတ် မမ ..သားလဲ ထနေပြီ ။ ဖိုးသားက
အမေ ကျမ ကိုနှိုးထဲက နိုးနေပုံရပါတယ်။သူလဲချက်ချင်းလူးလဲထပြီး ကျမနောက်ကိုလိုက်ဖို့ပြင်ပါတော့တယ်။ ကျမအောက်ရောက်တော့ မိုးကမလင်းသေးဘူး။ဘယ်လင်းနိုင်မလဲလေ အချိန်က နံနက်၎နာရီခွဲပဲရှိသေးတာကိုး ဘယ်လင်းနိုင်ပမလဲ။ ဒီထက်နောက်ကျလို့ကတော့မနေ့လိုအဖြစ်မျိုးတွေရနိုင်တယ်လေ။
မနေ့ကဆို..ဂလုံ..ခွမ်..ခွမ်..ဘေးနားကိုဇလုံပစ်ချသောအသံအကျယ်ကြီးကြောင့်
ကျမတို့အားလုံးမော့်ကြည့်မိသည်။
ခါးထောက်ရပ်နေသောဟိုဘက်တိုက်က ကုလားမ ကိုမျက်နှာထားတင်းတင်းနဲ့တွေ့ရပါတယ်။ သူမလဲကျမတို့လိုပဲ ရေလာခပ်တာပဲပေါ့၊ခက်တာက ကျမတို့တိုက်ရဲ့အခန်း ၅ခန်းတောင်မှ လောက်ငှအောင်ရေကမရ။ဒီနှစ်နွေ အတော်ပူပါတယ်။နေပူသလို မီးက လုံးဝမမှန်တော့ .အလှည့်ကျဆိုတဲ့အတိုင်း ပျက်သည့်အချိန်သာမှန်ပါတယ်။ဖြတ်သည့်အချိန်ရယ် ပျက်သည့်အချိန်ရယ်သာများနေသည်မို့ တစ်ရပ်ကွက်လုံးရေလောက်ငှမှုမရှိပါ.မီးလာသည့်အချိန်မှာ
စက်အားကောင်းသော မော်တာကြီးများနောက် ရေပါသွားတော့ ကျမတို့လိုစက်သေးများက ရေတင်လို့ကိုမရတော့။တခါတလေ မီးလာချိန်ကြာမှသာ ရေရတတ်သည်။

သို့ပေမဲ့ ကျမတို့မှာသူများနဲ့မတူတာ အခန်း၅ ခန်းပေါင်းမှ ရေစက်က တစ်လုံးထဲ အပေါ်ထပ်နှစ်ခန်းက တစ်ပိုက် အောက် ကျမတို့သုံးခန်းက တစ်ပိုက်။ ရေရသည့်အချိန် ကျမတို့ အရင်စတင်လိုက်ရင်ဖြင့် ၁၀မိနစ်လောက်အကြာတွင် အပေါ်ထပ်က မမ များက ဆင်းလာပြီးခင်မင်မှုကို အခွင့်ကောင်းယူက ရေလာပိတ်ခိုင်းပါတော့တယ်။ညီမလေးရယ် အမတို့မှာ ထမင်းချက်စရာက်ုရေမရှိလို့ပါ…..
သူမရဲ့မျက်နှာလေးကိုမဲ့မဲ့လေးထားက လာပြောပါတယ်။မငယ် ပိတ်ပေးလိုက် အမေ့အသံကြားလိုက်တော့
ဟင် အမေ ကလဲ ကျမတို့ေ၇တောင်မရသေးဘူးလေ ငါပိတ်ဆို ပိတ်လိုက် မငယ်..ကျမဆောင့်ဆောင့်အောင့်အောင့်နဲ့ပိတ်လိုက်ပါတယ်။ကျေးဇူးနော်အန်တီသမီးတို့ရေနည်းနည်း
ရတာနဲ့ပြန်ဖွင့်ပေးပါ့မယ်။အမေကလဲ နော်..ဒီမှာေ၇မရတာလဲသိသားနဲ့မငယ်..အဲ့လိုစိတ်ကို လွှတ်မထားနဲ့လေ။ သူတို့ရသွားရင်ပြီးတာပဲမှတ်လား ငါတို့မှာဖိုးသားရှိပါတယ်။ သူရေခတ်ပေးမှာပေါ့ ဘာတွေပူလောင်နေတာလဲ ကုသိုလ်ရပါတယ်။ကျမ အမေ့သည်းခံစိတ်ကိုအံ့ကြမိပါတယ်။ကျမ အမေ့လို စိတ်မထားးနိုင်ပါဘူးတကယ်ပါ ။

နောက်၄၅မိနစ်လောက်သူတို့အားရအောင်တင်ပြီးတော့မငယ်ရေ..မမဖွင့်ပေးလိုက်ပြီနော်.
ကျမကတော့စိတ်တိုနေလို့ပြန်မပြောချင်ဘူးအမေကတော့အေးအေး သမီးရေ လို့ပြောပြီး ရေဆက်တင်ပါတယ်။ကျမတို့တင်ပြီး ၅မိနစ်အကြာမှာ မီးက ပျက်သွားပါတော့တယ်။ရေကတော့ မရလိုက်တော့ပါဘူး။ကျမလဲ စိတ်ဆိုးပြီး ကဲ အမေ လျှော့ပေးလိုက်တော့ ကျမတို့ရေမရတော့ဘူးပေါ့အမေကတော့အောက်ဆင်းချိုးမယ် လို့တုံးတိပြောပြီးဆင်းသွားရောအောက် ရောက်ရော ဘေးခန်းက ကျမတို့နဲ့ဘဝတူရေမရလိုက်တဲ့ကောင်မလေး၎ယောက်အားလုံး အောက်ဆင်းချိုးကြရတော့တယ်။ကျမတို့က ရေပိုက် ကို ရေချူနိုင်အောင်ဖောက်ထားတဲ့
ပိုက်ကနေရေဖွင့်ယူကြရတာပါ။ကုလားမ ဆင်းလာချိန်ရောက်ရော..သူက အတင်းနေရာဝင်ယူရင် ရေကိုပုံးကြီးပုံးငယ်အသွယ်သွယ်နဲ့ခပ်ယူကြပါတော့တယ်။အမေကတော့ မငယ်သွက်သွက်လုပ် ကိုယ့်ကိစ္စပြီးတက်တော့ ဆိုပြီးနှင်လွှတ်ပါတယ်။ကျမတို့ ကို အပေါ်က မမတွေပြောသလို ကျမတို့တကယ် ဟင်းချက်စရာရေ မရှိတော့ပါ။ အဲ့ဒီနေ့အတွက်ရေသန့်ဘူးဝယ်ချက်လိုက်ရတော့တာပေါ့။ အခုမနက်တော့ ကျမတို့မိသားစုလေးယောက် အစောကြီးဆင်းပြီးရေခတ်ဖို့ကြိုးစား၇တော့ပါတယ် ။ ကျမက အဝတ်တစ်ပုံကြီးကိုလျှော်အမေကကူ။မောင်လေးဖိုးသားကရေစည်ပြည့်အောင်ရေသယ်ရပါတယ် ။

ကျမလဲအဖေနဲ့မောင်လေးဖိုးသားကိုကြည့်ရင်းသနားမိလာတယ်။သူတို့ခင်ဗျာများမှာအိမ်ပေါ်ထပ်ထိ
ရေသယ်ကြရတယ်လေ။အမေရယ်ကျမရယ်ရေချိုးအဝတ်လျှော်ပြီးချိန်မှာ တော့ ဖိုးသားရယ်အဖေရယ်ကတော့ အိမ်ရှိရေကန်နဲ့စည်အားလုံးသောရေထည့်စရာများကိုရေဖြညိ့ပြီးပါပြီ.။
ကျမလဲသူတို့သားအဖရေချိုးတာကိုစောင့်ပေးရပါတာပေါ့။ရေရယ်၊မီးရယ်သာအမှန်မှန်လေးရဖို့ ကျမတို့စောင့်ရပါဦးမယ်။မိုးအလာကိုပေါ့လေ။မိုးကသဘာဝနွေအပူသာမကကျမတို့ရင်ထဲကအခုလိုဒုက္ခအပူတွေကိုလဲငြိမ်းပေးနိုင်မယ်လေ။
ကျမအတွေးကောင်းနေတုံးဖိုးသားက အလန့်တကြားထအော်ပါတယ်။မငယ် ရေရပ်သွားပြီဗျ..
ကဲ ကျမတို့ဘာဆက်လုပ်ရင်ကောင်းမလဲ......

3 ယောက်က စာမူခပေးတယ်း):

အဖြူရောင်နတ်သမီး said...

နေရာအနှုံ့ ရေပြဿနာနဲ့ ကြုံနေရတယ်နော်...
ညီမနေတဲ့ ဆိုက်ပရပ်စ်နိုင်ငံမှာလည်း မနှစ်က ရေပြဿနာနဲ့ကြုံလို့ သောက်သုံးရေကို ဂရိ ကနေသယ်ယူရတယ်...
ရေပြဿနာ အမြန်အဆင်ပြေကြပါစေ....

ရွှေရတုမှတ်တမ်း said...

ရေသည်ဗျို့...
အင်း...အစစရှားတဲ့အထဲမှာ...ရေတောင်ပါလာပြီနော်...

Khyl said...

ကိုယ်တိုင်ကြုံမှ ဘယ်လောက် ၀မ်းနည်းဘို့ကောင်းတယ် ဆိုတာ သိနိုင်တာမျိုးနော်....

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။