Wednesday, May 5, 2010

တခါက သူတို့ငယ်ငယ်

ငယ်ငယ်တုန်းကလို့ဆိုလိုက်တာနဲ့..မေမေလက်ကိုအငယ်လေးနှစ်ယောက်ကဆွဲလို့….
ငါကဘယ်လက်ရုံးကွ ငါက ညာလက်ရုံးကဆိုပြီးအနိုင်မခံပဲလုနေကြ
့မောင်လေးနှစ်ယောက်ကိုပဲမြင်မိပါတယ်။ သူတို့လေးတွေဟာ
ကိုယ့်အသက်နဲ့ဆိုရင် ၇နှစ်၊ ၉ နှစ်ငယ်သော ကလေးတွေပါ။ ကိုယ့်မောင်လေးတွေမှာ
စရိုက်တွေက ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေကြသူတွေပေါ့၊
အကြီးလေးက အသားဖြူဖြူဖွေးနေသလောက် အလှကြိုက် အသန့်ကြိုက်သူ။
အငယ်လေးက တော့ ညိုညိုလေးနဲ့ဖြစ်သလို ညစ်ပတ်တူး။အဲ့လိုပေါ့လေ ဆန့်ကျင်ဘက်
ညီအကိုလို့ပြောရမပေါ့။ အကြီးလေးက စာတော်တယ်၊အငယ်လေးက တော်တော်ညံ့တယ်။
သူတို့မှာ တူတာ ဆိုလို့ လက်ရေးက နှစ်ယောက်လုံးပဲပင်ပေါက်။ ဒါလေးပဲတူတာရှိရှာတယ်။
အငယ်ဆုံးလေးက တော့ မေမေ ရဲ့ အချစ်ဆုံးသားငယ် ဆိုတဲ့အတိုင်း တော်တော်ကို ဆိုးသူလေးပါ။
ဥာဏ်မကောင်းတာလဲမဟုတ် ကောင်းရဲ့နဲ့ တလွဲတွေလုပ်သူပေါ့။ တခါကဆိုရင်
သူ့ဦးလေးက
ငယ်လေးရေ…..မုန့်စားရအောင် ဇလုံအဝါယူခဲ့ပါလား
ဗျာ….ဟုတ်ကဲ့ သားယူပေးမယ်
အင်……ဒီ..ဒီ ..ဇလုံကြီးက အဝတ်လျှော်တာကြီးပဲ…..ငါက ဘာလုပ်ရမှာလဲ…..

သူယူလာတာ ကိုကြည့်လိုက်တော့ အဝတ်လျှော်တဲ့ဇလုံ အဝါကြီးပါ။ အဲ့လိုလွဲတတ်သူပါ.။
ပြီးတော့ သူက အလွန် အငိုသန်သေးတယ် ။ဒီနေ့ငယ်လေးငိုတာ ၂ကြိမ် ကနေ
အဲ့လိုရေလိုက်တာနောက်ဆုံး အကြီမ် ၂၀ကျော်မှာ တနေကုန်တယ်။(ကိုယ်စဉ်းစားသေးတယ်သူ့ကို မင်းသားလုပ်ခိုင်းရမလားလို့။ခက်တာ က မင်းသားလုပ်မယ်ဆို လူကြမ်းပဲရမယ်)။သူကငယ်စဉ်ထဲက စာမလုပ်တော့ စာမေးပွဲနီးရင် အမေရယ်၊ကိုယ်ရယ် အကြီးမောင်လေးရယ် မိသားစု စုံစုံညီညီ
သူများအိမ်မှာစာကူုးပွဲ ကျင်းပကြပါတယ်။သူက ကိုယ်တို့ကူးတာ လေးကို ကျက်ဖြေလိုက်တယ်။
အ၇မ်းသက်သာလေသောခလေးပါပဲ။အဲ့ဒီလိုစာကူးပွဲဟာဖြင့် သူ၇တန်းနှစ် အထိမြိုင်ဆိုင်ခဲ့ပါတယ်။
ကြီးလာတော့စာမကူးရတော့ဘူး(ကော်ပီကူးခပဲပေးလိုက်တယ်)အဲ့လို။
စာသာမရတာ ကဗျာကတော့စပ်ချင်သား ၆တန်းမှာ သူက ကဗျာရေးတယ်။
အမယ်သုံးထားတာကတော့ ကောင်းတယ်နော်..ေ၇ပြာရယ်၊ရွှေကြာရယ်၊ဗေဒါရယ်
ဖတ်ပြတဲ့သူ ကိုယ်မှာတော့ လျှာတွေလိပ်ရော။ဖေဖေ က သူပြန်မလာခင် လှေခါးအတက်အဆင်းမှာ ကပ်ထားတော့သူက ရှက်လို့တဲ့နံရံကို လက်သီးနဲ့တောင်ထိုးသေး။လူက ၆တန်းရှိသေးတယ်နော်
အဲ့ထဲက သူကို အိမ်မှာကဗျာဆရာအဖြစ် မှတ်တမ်းတင်လိုက်တော့တယ်။ သူက
ဘယ်လိုပဲ အိမ်မှာလွဲပစေ ဗေဒင်အရတော့ သူကကိုယ်တို့သုံးယောက်မှာ
အတော်ဆုံးဖြစ်မယ်ဆိုပဲ ။ကိုယ်တို့ တွေ ဘယ်နှစ်မှာများ ထူးချွန်လာမလဲလို့ စောင့်ကြည့်ခဲ့တာ
အခုဆို ဒုတိယနှစ်ကျောင်းသားဖြစ်ခဲ့ပြီ။ ထူးမခြား နား ဇာတ်လမ်းမှာ သူက ခေါင်းဆောင်လုပ်နေတုန်းပဲ။
တစ်ခုတော့ရှိသပေါ့လေ သူက GTC ကျောင်းတော်သား ဆိုတော့ကာ အိမ်ကပံ့ပိုးရင်တော့ အင်ဂျင်နီယာကြီးဖြစ်ဦးမယ်။
အကြီးလေး များကျတော့ ဘယ်ချိန်စာစစ်လိုက် ရနေတာပဲ
သူက အချိန်မှန်ကျက် အချိန်မှန်ဖတ် အဲ့လိုလူ။သူကျတော့ အိမ်မှာရှိသမျှ အကုန်ပဲ ဆော့လိုက်တာ
သုံးစရာရှိရင် ထပ်ဝယိပဲ။ကျန်တာသူဆော့လိုက်ပြီ။ (ဥပမာ ဖယောင်းတိုင်၊တိပ်၊ကပ်ကြေး၊ ကော်..စသဖြင့်ပေါ့)
တခုထူးခြားတာက သူကလူဝင်စားဆိုပဲ ကိုယ်အဖွားတွေက ယုံကြည်ကြတာ။ သူတို့ခဲအို ဝင်စားသတဲ့ ။
ဖြစ်ပုံကဒီလို..သူ၃နှစ်လောက်မှာပေါ့ အဘွားနှစ်ယောက် အလယ်က ကျကျနန သူက ထမင်းစားနေတယ်
အဖွားက ဟင်းစခပ်လိုက်ရော..သူကလေ
ဟဲ့ ….ငါအဦးမချကြဘူးလား..နင်တို့က
မျက်လုံးပြူးသွားတဲ့အဘွားနှစ်ယောက် က ချက်ချင်းပဲ
ဟဲ့နင်ဘယ်သူလဲပြောစမ်း……
ငါဦးစိမ်းလေ……
အဲ့လိုပြန်ဖြေလိုက်ရင်ပဲ အဖွားနှစ်ယောက်က ငိုပါတော့တယ်။သူတို့အမကြီးရဲ့
ယောင်္ကျားနာမည်ဖြစ်နေတာကိုး သူကလဲ အဲ့အဘိုးလိုပဲ ငရုပ်သီးမစား၊အခြောက်တိုက်စားတယ်၊ဲ အသန့်ကြိုက်တယ်။ ခက်တာက အဲ့တခါပဲပြောပြီး ဘာမှထပ်မပြောတော့ဘူး။သူကတော့ စားပေါက်ပွင့်တော့တာပေါ့။ အကောင်းဆုံးဆိုတာတွေဝါးရတော့တယ်ကွယ်။သူ့ဝါသနာဆန်းကတော့ မြန်မာဇာတ်ကိုကြိုက်တာရယ် မြန်မာမင်းသားလို ကတတ်တာရယ်။ကြည့်ရုံနဲ့ကို သူက ကတတ်တယ်။တီးလုံးတွေလဲသိတယ်။အဲ့လိုပဲ ကနေရင်ပျော်နေတဲ့ကလေးပေါ့။
လှချင်တာကတော့ ရက်ရက်စက်စက်ပေါ့ သကြားတွေကုန်နေတယ်လို့
အမေကပြောတယ်။သူဝယ်တာဘယ်လောက်မှမရှိသေးဘူးပေါ့.ကိုယ်တို့လက်သည်ကိုစောင့်နေကြတာ
နောက်ဆုံးတော့ သူ့လက်ချက်။လက်ကိုသကြားနဲ့ဆေးရင် နုတယ်ဆိုလို့ဆိုပဲ။
ငယ်ငယ်ထဲကကားပေါ်မှာသူများခေါ်ရင်ချောမှလိုက်တယ်မချောရင်ငိုတယ်။ကျန်ပါသေးရဲ့ အသားမဲရင်လုံးဝကိုမလိုက်ဘူးရှင့်။သူငယ်ငယ်က ကိုယ်တို့နဲ့ကျောင်းချိန်ကွဲလို့
သူများကိုပို့ခိုင်းရတယ်လေ။လိုက်ပို့တဲ့ဦးကြီးက အသားမဲလို့တဲ့ ကားလမ်းကူးမှ
အကိုင်ခံတယ်(သူ့ကိုအသားမဲမှာဆိုးလို့ဆိုပဲ)။ကြီးလာတော့လဲ အလှပြင်မှန်ရှေ့မှာ
ကိုယ်နေရာမရခဲ့ပါဘူး။သူပဲ အမျိုးမျိုးလှအောင်လုပ်နေတော့တာပေါ့။ သူက ကိုယ်ဆရာလေ ဒါမဝတ်နဲ့မလှဘူး၊ဒီဟာလေးနဲ့လိုက်တယ်ဝတ်လိုက်ပါ..အဲ့လိုသွန်သင်တယ်လေ။
အခုတော့ကိုယ့်မောင်လေးက ကိုယ်တို့မိသားစုအဝေးမှာ တစ်ယောက်ထဲ
စာသင်နေလေရဲ့။ ဘာပဲဖြစ်ဖြစ်လေတစ်ယောက်စရိုက်တစ်မျိုးနဲ့ကလေးတွေ အရွယ်ရောက်လာကြပြီ။ပျိုးထောင်လာခဲ့သူ ကိုယ်တို့မှာလဲ သူတို့အသီးအပွင့်လေးတွေ
ကြည့်ပြီးပီတိဆိုသော ရသကိုခံစားရပါတယ်။ ဒါပေမဲ့ တခါကသူတို့ငယ်ငယ် ပုံရိပ်လေးတွေကတော့ ကိုယ်အတွက်ကြည့်နူးစရာ အမှတ်တရလေးတွေအဖြစ်ကျန်ခဲ့ပါတော့တယ်။

မနုငယ်

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။