Tuesday, April 6, 2010

ကိုယ့် မမနှင်း

မိုး စွေအောင်မရွာပဲ ..ခြောက်နေအောင်ပူတဲ့မိုးရာသီရဲ့ တစ်နေ့မှာ ကိုယ်နှင်းပွင့်လေးတစ်ပွင့်ကို ကောက်ရခဲ့ပါတယ်။အသားဖြူဖြူ၊ဆံပင်ကောက်ကောက်၊အရပ်ကလေးက ၅ပေအောက်တော်တော်ေ၇ာက်
နေတဲ့ကောင်မလေးကို ရန်ကုန်တက္ကသိုလ်ရဲ့ဝေဖြိုးလက်ဖက်ရည်ဆိုင်မှာ စတင်တွေ့ခဲ့ရပါတယ်။ကိုယ်က
အင်မတန် မမ လုပ်ချင်သူ ဆိုတော့ကာ တွေ့တာနဲ့သူမကို ညီမလေးလို့ပဲခေါ်လိုက်တာပေါ့။ သူမက ကိုယ့်ကို
အသက်မေးမိတော့မှ ကိုယ်က သူမထက်တစ်နှစ်ကျော်ကျော်ငယ်နေမှန်းသိရတော့တယ်။တကယ်တော့လဲ
သူမက ဘယ်လိုမှကို ထင်ရက်စရာမရှိအောင် သေးပြီးချစ်စရာကောင်းလွန်းပါတယ်။
ကိုယ်တို့ စသိတဲ့အချိန်မှာ သူမ က သူဘာသာအေးအေးလေးတစ်နိုင်တပိုင် အလုပ်ကိုလုပ်နေတာပါ။ကိုယ်နဲ့
လဲသိရော ကိုယ်အတင်းမြှောက်ပေးတာနဲ့ လုပ်ငန်းကိုတိုးချဲ့လိုက်ကြတာအရှုံးလုံးလုံးပေါ်ပါရော့လား။(ကိုယ်က
အဲ့ဒီလိုမျိုးစီးပွားရေးအမြင်ကလဲရှိသေးတယ်)။ဒါတင်မကသေးပါဘူး အလုပ်လုပ်ရင်း ရန်ဖြစ်စရာတွေရှိလာရင်လဲ ကိုယ်တို့နှစ်ယောက်က တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်းစနစ်နဲ့ရန်ဖြစ်တတ်ကြသေးတယ်။ အဲ့ဒီလို အရှုံးများ
သွားတဲ့စီးပွားရေးကို တူတူလုပ်ခဲ့ကြလို့လားမပြောတတ်ပါဘူး အချိန်တိုလေးနဲ့ကိုယ်တို့နှစ်ယောက်က ညီအမ
တွေလို ချစ်ခဲ့ကြပါတယ်။
ကိုယ်တို့နှစ်ယောက်က ကျောင်းပြီးခါစတွေ အလုပ်အကိုင်မယ်မယ်ရရမရှိသေးတဲ့ အချိန်ဆိုတော့ ဝင်ငွေ
ကလဲ ဆုပ်ဆုပ်ကိုင်ကိုင် မရှိကြ။ စီးပွားရေးအလုပ်ကောင်းတာ ရှိသမျှကုန်တော့ အိမ်ကမကြည်ကြ။ အဲ့လို
အခြေအနေတွေက အရမ်းကောင်းနေတော့ကာ ကိုယ်တို့မှာ လက်ဖက်ရည်သောက်ရင် နှစ်ယောက်တစ်ခွက်
မုန့်စားရင်သူတစ်ကိုက်ကိုယ်တစ်ကိုက်ပေါ့။အဲ့ဒီလိုမျိုးချမ်းသာခဲ့ကြတာပေါ့။ သူကလဲကော်ဖီကြိုက် လက်ဖက်ရည်ကြိုက် ဆိုတော့ပိုပြီးအတွဲညီကြသပေါ့လေ။ဒါပေမဲ့လည်း ကိုယ်တို့်နှစ်ယောက်က ပျော်နေကြတာပဲ။အဲ့ဒီအချိန်က စိတ်ကလေးတွေက်ု ကိုယ်ပိုတမ်းတမိတယ် အခုအချိန်မှာတော့ ကိုယ်တို့ အဲ့လောက်ဖြူစင်နိုင်ကြပါ့မလားလို့သံသယစိတ်တွေနဲ့ပေါ့။
ကိုယ်တို့နှစ်ယောက်က သမီးရည်းစားတွေထက်ဆိုးပါတယ်။တနေ့မှမတွေ့ရရင် မနေကြသူတွေပေါ့။
တနေ့လုံး ဘယ်လိုမှ မအားတောင် ညနေခင်းလေးတော့ တူတူကော်ဖီသောက်လိုက်ရမှ နေပျော်ကြသူတွေပေါ့။
ပြီးတော့ နောက်တစ်ခုက ကိုယ်တို့နှစ်ယောက်လူမှုရေး အသင်းလေးတစ်ခုမှာ တူတူလုပ်အားပေးကြသေးတယ်
လေ။တစ်အိမ်တက် တစ်အိမ်ဆင်းအလှူခံကြတာလဲ ကိုယ်တို့နှစ်ယောက်ပေါ့ ။တကယ်တော့ ကိုယ်နဲ့သူရဲ့
ချစ်ခြင်းကို အတင်းကိုမနာလိုတားဆီးနေတာ ရှိပါတယ်။သူ့နာမည်က တောက်တောက်တဲ့။သူမရဲ့ခွေးလေးပေါ့
ကိုယ်ဆို အဲ့ဒီတောက်တောက်က မကြည်ပါဘူး ။ဘာလို့လဲဆ်ုတော့ ကိုယ်လာရင်သူ့သခင်က ကိုယ့်နောက်
လိုက်ပြီး အပြင်ထွက်သွားတတ်လို့ပေါ့။အဲ့ဒီလို ခွေးလေးကအစ မေတ္တာမဲ့ခံရသူ ကိုယ်ပါ။(ဤကားစကားချပ်)
တရက် ကိုယ်တို့တွေ ရွာသာကြီးစိတ်ရောဂါကုဆေးရုံကို သွားလှူကြတော့ သူမက ကိုယ်ကို လာခေါ်တယ်
ညီမလေးေ၇ လာပါဦးဆိုပြီး ဘာလို့လဲဆိုတော့ စိတ်ရောဂါရှင်တစ်ယောက်က သူမကို ….လာပါဦး..လာပါဦး
….နေပါဦး နင်ကဘာလို့ဒီလောက်သေးနေရတာလဲ…. ဆိုပြီးမေးနေလို့ဆိုဘဲ။သူမကို ကိုယ်တို့က မနှင်းက
လူSimple လေးလို့ အမြဲပြောကြတယ်။ဟုတ်တယ်လေ ပစ္စည်းတွေကို မိတ်ဆက်ရင်နမူနာအသေးလေးတော့
ပေးကြတယ်လေ။ သူကလဲ လူနမူနာလေး သေးသေးလေးပေါ့။ကားစီးရင် သူမက ကိုယ့်ကိုကိုင်စီးတယ်လေ
တန်းက သူမအထက်အတော်မြင့်နေလို့ ပေါ့။ မဟုတ်ရင်တော့ ကားဘေးတန်းလေး တွေကိုင်စီးတာပေါ့လေ။
လူသာသေးပေမဲ့ အင်မတန် အကြမ်ပတမ်းခံနိုင်သူလေးပါ။ ကိုယ်တို့သာ မောရင်မောသွားမယ် သူမ ကတော့
ပြုံးပြုံးပဲ။
သူမက အမကြီးတစ်ယောက်လိုလဲ ကိုယ်တို့ကိုစောင့်ရှောက်ပါသေးတယ်။ ကိုယ်တို့တွေဆာပြီ ဆိုရင်
သူကိုယ်တိုင် ထမင်းတွေခူးခပ်ကျွေး တတ်ပါသေးတယ်။တခါတလေ မသိသားဆိုးဝါးတဲ့ကိုယ်က မဆင်မခြင်
စားလိုက်မိရင် သူမက သူ့ကိုယ်တာကို ကိုယ့်ကျွေးပြီး သူမ မစားပဲနေလိုက်တော့တယ်လေ။အဲ့ဒီလောက်
ချစ်ခဲ့တဲ့ ကိုယ့်မမနှင်းပါ။ သူမ ဘွားဘွားဆုံးတော့ သူမကို အားပေးရင်းနှိပ်စက်သလို သူမအိမ်မှာ ၇ ရက်၇ လီ
သောင်တင်နေပါသေးတယ်။ပြီးတော့စိတ်ပြေအောင်ဆိုပြီး ရက်လည်ပြီးတာနဲ့ အတင်းပုဂံ ကိုဘုရားဖူး ခေါ်သွား
လိုက်သေးတယ်။ကိုယ်တော်တော်ကို ဆိုးခဲ့တယ်နော်။
ခုတော့ ကိုယ်ချစ်တဲ့နှင်းတစ်ယောက် နှင်းတွေနဲ့ပျော်နေပြီထင်ပါရဲ့ ။ ကိုယ်တို့ခွဲခဲ့ရတာ ၄နှစ်နီးပါးရှိခဲ့ပြီလေ။သူမ ပြောသလိုပဲ တနေ့တော့ ကိုယ်တို့တွေပြန်ဆုံကြလိမ့်ပါဦးမယ်။အဲ့ဒီအချိန်ရောက်ရင် ကိုယ့်နှင်းမမကို အားရပါးရတစ်ခေါက်လောက်
နမ်းဖြစ်ဦးမယ် ထင်ပါတယ်။

မနုငယ်

1 ယောက်က စာမူခပေးတယ်း):

sosegado said...

လွမ်းစရာလေးတွေပါပဲလား၊ ပြန်ဆုံတွေ့နိုင်ကြပါစေ သာယာတဲ့ အနမ်းတွေဝေပါစေ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။