Friday, April 2, 2010

ကျမ ချစ်သူ..အဝေးကလူ

သေချာပါပြီ..ဒီနေ့အဖို့ ဘာလုပ်လုပ် အမှားနဲ့မကင်းတော့ဘူးဆိုတာ။ခေါက်သိမ်းထားတာကြာ
ခဲ့ပြီဖြစ်တဲ့ ဘလော့တစ်ခုကို စိတ်မနိုင်စွာ ဖွင့်ခဲ့လိုက်မိပြီကိုး။ သူ့စာ၊သူ့အရေးအသားတွေကို ခုထိ
ကိုယ်ရင်ခုန်ဆဲပေါ့။သူ့စာကိုဖတ်ရင်း သူကိုယ်နားရောက်လာသလားတောင် ကိုယ်စိတ်ကထင်မိတတ်လို့ပါ။
ဒါပေမဲ့ သေချာတာကတော့ ကိုယ်သိပ်ချစ်တာကို သူ မသိတာရယ်၊ဘယ်တော့မှလဲ သိတော့မှာမဟုတ်တာရယ်ပေါ့
ခုချိန်ဆိုသူကတော့ တနေရာမှာပျော်နေမလား၊သူပင်ပန်းနေမလား ကိုယ်ဘာမှမသိပါဘူး။ ကိုယ့်မှာသိခွင့်လဲ
မရှိပါဘူး။ကိုယ်သိပ်လွမ်းလာရင် သူ့ဘလော့လေးကိုဖွင့်လိုက်တာ ကိုယ်အတတ်နိုင်ဆုံး တစ်ခုတည်းသော
အရာပေါ့။
ကိုယ်သိပါတယ်လေ..တစ်ခါမှမမြင်ဘူးပဲချစ်မိတာ.ကိုယ်သိပ်ကလေးဆန်လွန်းတယ်ဆိုတာ။
အွန်လိုင်းပေါ်ကချစ်သူလို့ပြောမလား ဒါဆို ကိုယ်ငြင်းဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူကကိုယ့်ဘေးကနေ စကားပြောနေတယ်လို့ပဲ ကိုယ်ခံစားနေရလို့ပါပဲ။ကိုယ့်ဘဝရဲ့စိတ်အညစ်ဆုံးအချိန်လေးတွေကလဲ..သှူုအသံလေး
နဲ့အတူ..ကိုယ်ခံစားသမျှကို တဝက်လောက်လျှော့ကျစေလို့ပဲပေါ့။ ကိုယ်အပျော်ရွင်ဆုံးအချိန်မှာလဲ..သူထံကိုပဲ
ကိုယ့်အပျော်တွေ စီးဆင်းစေလို့ပါပဲ။ ကိုယ့်ဘဝရဲ့ပထမဆုံးသင်္ကြန်ပေါ့လေ..မြန်မာပြည်ပြင်ပမှာရှိခဲ့ချိန်မှာ
မနက်အစောကြီး ကိုယ့်ကိုဖုန်းခေါ်ရင်းရေလောင်းခဲ့တာသူပါပဲ။ ကိုယ်ကရေလောင်းလိုက်ပြီနော်လို့ ပြောလိုက်ချိန်မှာ
…အား…..အေးသွားတာပဲဗျာ..ဆိုတဲ့သူ့အသံ ကိုယ်ဘယ်တော့မှမေ့မှာ မဟုတ်ဘူးလေ။
သူ့မွေးနေ့နဲ့ကိုယ်မွေးနေ့က တစ်လနီးနီးကွာဟပါတယ်။သူ့နေတဲ့တိုင်းပြည်နဲ့ ကိုယ်နေတဲ့ပြည်..အချိန်
ကွာဟချက်ရှိပါတယ်။ကိုယ့်မနက်၎နာရီက သူ့၁၂ ည ဆိုတော့ ကိုယ်ကနှိုးစက်ပေးပြီး သူ့ကိုဆုတောင်းပေး
ခဲ့ချိန်မှာ.. Happy Birthday ပါဗျာ….ဆိုတာလေးကို ကြားယောင်နေဆဲလို့ ကိုယ်ရှက်ရွံ့စွာဝန်ခံပါံမယ်။ ကိုယ်ံမွေးနေ့မှာ..သူဖုန်းနောက်ကျတာကို မျက်နှာပျက်စွာစောင့်နေတဲ့ကိုယ်ဟာ သူငယ်ချင်းတွေကြားမှာ.
ဟားချင်စရာသတ္တဝါတစ်ကောင်ဖြစ်ခဲ့တာပေါ့လေ။ ဖုန်းခေါ်သံကြားတိုင်း အရူးလိုကြည့်နေတဲ့ကိုယ်ဟာ…
လူတွေမျက်စောင်းထိုးစရာ သူပေါ့လေ။သူ့အသံလေးကြားလိုက်ရချိန်က ကိုယ်နာကျင်ခဲ့သမျှအားလုံးကိုမေ့နိုင်
ခဲ့တယ်ဆိုရင် ပိုရာများကျမလားမပြောတတ်ပါဘူး။သူ့မှာချစ်စရာပါးချိုင့်လေးတွေရှိတယ်လေ..သိပ်ချစ်စရာ
ကောင်းလို့ဆွဲချင်လိုက်တာပြောတိုင်း ယောင်္ကျားလေးကိုဆွဲစရာလားဗျ လို့ပြန်ပြောတတ်ပေမဲ့..မွေးနေ့အတွက်
ကိုယ်တို့တွေ့ခွင့်ရှိတဲံတနေ့.သူ့ပါးလေးကိုပေးဆွဲမယ်လို့ပြောတတ်ပါသေးတယ်။
ကိုယ်ကိုယ်အိပ်ရာကနေ နိုးထအောင်သူပဲနိုးတတ်ပါတယ်။ကိုယ်အလုပ်မသွားခင်တလျှောက်လုံးသူက
ဖုန်းပြောရင်း ကိုယ့်ကိုမအိပ်ပဲစောင့်နေပေးပါတယ်။ကိုယ်အလုပ်ရောက်ပြီဆိုမှ သူဖုန်းချသွားတယ်လေ။ ရော..
ခက်နေပါဘီ…လို့အမြဲပြောတတ်တဲ့ကိုယ်သိပ်ချစ်ရသူလေးပါ။ သူမလုပ်စေချင်တဲ့ ကိစ္စတစ်ခုကို..သူငယ်ချင်းနဲ့
အတူသွားလုပ်လိုက်လို့..သူမူးလဲတဲ့အထိ ကိုယ့်ကိုဒေါသထွက်ခဲ့ပါတယ်။ကိုယ်ပြန်ချော့တော့လဲ..သူရဲ့လက်စွဲ
စကားလေးကိုသုံးရင်း ကိုယ်တို့ကျေအေးလိုက်ပါတယ်။ကိုယ်သူ့ကိုသိပ်ချစ်မိသလို.သူလဲကိုယ်ကိုချစ်ခဲ့မယ်ဆိုတာ
အကြွင်းမဲ့ယုံပါတယ်။အခုချိန်မှာတော့ ကိုယ်မသိနိုင်တော့ဘူးလေ။ကိုယ်သူ့ဘဝထဲကဝင်ဖို့..သူ့အသက်မွေးဝမ်းကျောင်း
ုကြောင့်ကိုယ်သတ္တိနည်းခဲ့ပါတယ်။ကိုယ်အမှားအကြီးဆုံးတစ်ခုကိုလုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ကိုယ်ဟာသူ့ဘဝထဲကထွက်ပေးခဲ့ရပါတော့တယ်။သူ့အပြောလို နောင်တရမဲ့ကိစ္စတွေကို မလုပ်ပါနဲ့
ဆိုတာ အခု ကိုယ်နားလည်ခဲ့ချိန်မှာတော့ ကိုယ်ဟာသူရဲ့အဝေးဆုံးမှာရှိနေပါပြီ။တသက်ပြန်မဆုံနိုင်တော့အောင်
်ဝေးသွားခဲ့ပါပြီ။ ကိုယ်မှာတော့ အဖန်ဖန်ပူဆွေးခြင်းဆိုတဲ့နောင်တကို မက်မက်စက်စက်ဖက်တွယ်ရင်း
ကိုယ်အချစ်ဆုံးသူ့ကို..နှလုံးသားတစ်ထောင့်မှာထာဝရချစ်မြတ်နိုးနေမှာပါ။ အဝေးတစ်နေရာက ကိုယ့်ချစ်သူလေး
ပျော်ရွှင်နေပါစေ…………။

မနုငယ်

4 ယောက်က စာမူခပေးတယ်း):

အဖြူရောင်နတ်သမီး said...

သူ သိပါစေ ညီမလေးရေ...
ဆုတောင်းပေးခဲ့တယ်နော်...

sosegado said...

သင်္ကြန်နဲ့ စပ်မယ်ထင်တဲ့အလွမ်းလေး၊ ခံစားသွားပါတယ်၊
“ကိုယ်မသိနိုင်တော့ဘူးလေ။ကိုယ်သူ့ဘဝထဲကို..သူ့အသက်မွေး
ဝမ်းကျောင်းတစ်ခုကြောင့်ကိုယ်သတ္တိနည်းခဲ့ပါတယ်။”
ဝှက်ပြီးဖွဲ့ထားတာလေး တော်တော်ကောင်းတယ်။

သဒ္ဓါလှိုင်း said...

သြော်.. ခံစားရပါလားညီမလေးရေ..။ ဆန်းကျယ်လှတဲ့အချစ်ကိုဘယ်လိုအရာမျိုးကမှတားဆီးလို့မရနိုင်ပါဘူးလေ.။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ချစ်ရတဲ့သူနဲ့တော့ဆုံစည်းစေချင်တယ်လေ။

ခင်တဲ့
သဒ္ဓါ

ဆင်တဲကဖေး said...

အဝေးကလူတစ်ယောက်ကို လွမ်းထားတာလေးက နှစ်သက်စရာကောင်းပါတယ်။ ဆက်လက်အားပေးနေပါ့မယ်နော်....
ခင်တဲ့(ချိုကျ)

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။