Tuesday, March 16, 2010

သဘာဝရင်သွေးငယ်လေးများးး


ကိုယ့်သူငယ်ချင်းတွေနဲ့သူတို့ရဲ့လူမှုရေးအဖွဲ့လေးက လှိုင်သာယာကမိဘမဲ့ကျောင်းလေးတစ်ကျောင်းကို တတ်စွမ်းသမျှ ကုညီဖို့သွားကြမယ်
ဆိုတော့ကိုယ်လဲဝါသနာ အရ လိုက်မယ်ပေါ့။ကိုယ်တို့အဖွဲ့တွေ..မနက်၈နာရီကျော်ကျော်လေးမှာ..လှူတန်းဖို့ပစ္စည်းတွေရော၊စိတ်ဓာတ်တွေရော  အပြည့်အဝနဲ့ပေါ့.. ရှေ့သို့ချီတက်ခဲ့ကြပါတယ်။ကိုယ်တို့လူစုလေးမှာ..ပုံပြောတဲံ့အဖွဲ့လေးတွေပါတယ်၊
ကလေးတွေက်ုစိတ်ဓာတ်ရေးရာ တိုးတက်လာအောင် ပြောပေးမယ့်သူတွေ၊ကျန်းမာရေးပညာပေးမဲ့သူတွေ ၊ သူတို့နဲ့အတူပျော်ရွှင်စွာကစားမဲ့သူတွေအစုံအလင်ပေါ့။ကျမတို့တွေကိုသယ်ဆောင်လာတဲ့ကားကြီးဟာ..
ငွေပင်လယ်စက်မှုဇုံကို ကျော်ပြီးတဲ့နောက်မှတော့ မိဘမဲ့ကလေးတွေက်ုစောင့်ရှောက်ရာ အကြင်နာဂေဟာလို့ပြောလို့ရတဲ့..အောင်ဇေယျမင်းပရဟိတကျောင်း…………………ကိုရောက်ခဲ့ပါတယ်..
ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေ၊ ကိုရင်လေးတွေ၊ သီလရှင်ငယ်ငယ်လေးတွေက ကိုယ်တို့ကို အထူးအဆန်း ဆိုပြီးပြုံကြည့်ကြပါတယ်။ ကိုယ်တို့ဆီကညီမလေးတစ်ယောက်ကဆိုရင်..
ဟေး…….ငါတို့ကိုအဆိုတော်တွေလို့ပြောနေတယ်……ဆိုပြီးလာပြောသေးတယ်။(အဲ့လိုအထင်ခံရလဲမနည်းဘူးနော်)။
ကိုယ်တို့ရောက်တာနဲ့ပုံပြင်ပြောတဲ့ညီမလေးမောင်လေးတွေက ..အသံသာသာ ကဗျာလေးတွေ ရွတ်ပြီး ကလေးတွေကို ဗဟုသုတရစရာ..ပုံပြင် အတိုအထွာကလေးများကို စိတ်ဝင်စားအောင် ဟန်အမျိုးမျိုးအမူအရာ အသွယ်သွယ်..လုပ်ပြီးကလေးတို့စိတ်ဝင်စားအောင်ပြောပြသွားကြတယ်။ လူလည်ဖိုးရွှေယုန်ကို အားမကျပဲ လူညံ့လေးမောင်ရွှေကျားလိုမအစေဖို့..ကလေးတွေကိုနားလည်လွယ်အောင်ပြောပြကြပါတယ်။
ပုံပြင်နားထောင်နေတဲ့သူတို့လေးတွေရဲ့စိတ်အားထတ်သန်တဲ့မျက်လုံးလေးတွေ ကိုကြည့်ရင်း ကိုယ်တို့ အနာဂတ်လူငယ်လေးတွေရဲ့စိတ်ထဲမှာ..ရိုးသားချင်းတွေရှင်သန်စေဖို့၊လူအချင်းချင်း ကလိမ်ကျ တဲ့စိတ်တွေ မကြီးထွားစေဖို့မျှော်လင့်မိပါတယ်။လူငယ်ဆိုတာ ကိုယ်တို့အနာဂတ်တွေပါ။သူတို့လေးတွေရဲ့ လက်မှာ ကိုယ်တို့အနာဂတ်တွေရှိနေတယ်လို့ထင်တယ်လေ။
ပုံပြင်ပြောပြီးတဲ့နောက်မှာတော့ ကလေးတွေ ..ကိုရင်ငယ်လေးတွေ..သီလရှင်လေးတွေ ဟာ စီတန်းရင်းနဲ့နေ့လည်စာကို စားကြပါတယ်။ ကိုယ်က စပ်စုရင်းကလေးလေးတစ်ယောက်ကမူကြိုအရွယ်လေးပေါ့လေသူ့ဘေးနေးမှာထိုင်ရင်းထမင်းခွံကျွေးဖို့ကြံတဲ့အခါ..သူက ထမင်းကို အသားဟင်းနဲ့မကြိုက်ဘူးဆိုပြီးကျွေးလို့လုံးဝမရပါဘူး။ကိုယ်လဲ အဲ့ဒီက ဆရာလေးတစ်ပါးကို လျှောက်ထားပြီး မေးလိုက်တော့ အသားကျွေးတာနည်းပြီး.ကြက်ဥလောက်ကလေးပဲအာဟာ၇ကျွေးတာများတော့ ကလေးတွေ က အသားမစားတတ်ကြတော့ဘူးလို့ဆိုပါတယ်။တော်တော်စိတ်မကောင်းဖြစ်မိသွား
ပါတယ်။မြို့လယ်က ဒီကလေးတွေက ဒါအသားမကြိုက်ဘူး လို့ပြောနိုင်ပေမဲ့သူတို့လေးတွေမှာတော့ အသားဟင်းတောင် မစားတာကြာလို့ မစားနိုင်ကြတော့ရှာဘူတဲ့ကွယ်။ ထမင်းစာရေးအတွက် ကိုယ်တွေက ကြာဇံကြော် တွေကို စီစဉ်လာခဲ့ပေမဲ့ ကျောင်းထိုင်ဘုန်းဘုန်းရဲ့စေတနာကြောင့် ကိုယ်တို့တွေ အဆင်ပြေပြေ စားသောက်ခဲ့ရပါတယ်။ကိုယ်ဆို ဘေးကမောင်လေးက ကျွန်တော်မစားနိုင်တော့ဘူးပြောလို့ကူတောင်စားပေးရသေးတယ်………..
အစားနည်းကြောင်းပြောတာပါ။ စားသောက်ရေးကိစ္စကလဲတကယ်တော့ မလွယ်လှပါဘူး။လူဦးရေ ၅၀၀ ကျော်နီးနီးကို နေ့စဉ်ပြင်ဆင်ကျွေးမွေးကြတဲ့ ဘုန်းဘုန်းတွေရဲ့စိတ်ထားကိုလဲချီးကျူးပူဇော်မိပါတယ်။
စားပြီးကြတော့ ကလေးတွေ အတွက်ကျန်းမာရေးသင်တန်းပေးဖို့မစခင် ..ကိုယ်က လဲ မမတိုချင်ဆိုအရမ်းသီချင်းဆိုချင်တဲံသူ
ကလေးတွေနဲကဗျာတွေ အကျယ်ကြီးအော်ရွတ်လိုက်သေးတယ်။ကလေးတွေလဲပျော် ကိုယ်လဲပျော် ပေါ့။ကျန်းမာရေးဆရာမလေးကလဲ ဆောင်ဖွယ်ရှောင်ရန်လေးတွေကို ..ဆုပေးစနစ်လေးနဲ့ ကလေးတို့စိတ်ကြိုက်ပြောဟောလိုက်ပါသေးတယ်။ ကိုယ်ငယ်ငယ်တုန်းကဆို .မုန့်လက်ဆောင်ရမယ်
ဆိုရင် ရှိသမျှအာရုံတွေကိုဖွင့်ထားတတ်လေတော့ကိုယ်လိုပဲတော့ထင်မိတာလဲပါတာပေါ့လေ။ ပြီးတော့ ကိုယ်တို့တွေ ကလေးတွေနဲ့အတူ ပျော်စရာဂိမ်းတွေကို ပါလာသမျှ လူတွေတူတူဆော့ကြပါတယ်။ ကိုယ် တို့အူကြောင်ကြောင်ဖြစ်ရတာလေးတစ်ခုရှိသေးတယ်။အစဉ်အလာအတိုင်းပေါ့ သီချင်းသံနဲ့အတူ ရေဘူးလေးတွေကိုလက်ဆင့်ကမ်းရမယ်၊သီချင်းသံရပ်ရင် ကိုင်မိတဲ့လူက ထကစားရမယ်ပေါ့။ကိုယ်တို့ ဂီတာသမားက စပြီးတီးလုံးဖွင့်တယ်ဆိုရင်ဘဲ …”သူငယ်ချင်းရှေ့ဆက်မင်းဘဝက အမြဲပျော်ရွှင်ပါစေ ၊အောင်မြင်ပါစေ” ..ဆိုလိုက်တာနဲ့ ကလေး တွေအားလုံးဝိုင်းဆိုလိုက်ကြတာ
သီချင်းက ဘယ်လိုရပ်ရမှာ မသိပဲတော်တော် စိတ်ရှုပ်သွားကြတယ်။သူတို့ကို လိုက်မဆိုဖို့တော်တော် တောင်းပန်လိုက်ရတယ် ။ကိုယ်တွေလိုပဲ ဖိုးဆိုချင် ၊မယ်ဆိုချင်လေးတွေဖြစ်မယ်။ကိုယ်ထင်တာကတော့ဒီကျောင်းကနေ အဆိုတော် အများကြီးထွက်နိုင်တယ်။ဂိမ်းတွေဆော့ရင်းမောသွားတဲ့သူလေးတွေကို အဖွဲ့က မမလှလှ လေးတွေက အအေးနဲ့ ပေါင်မုန့်ယိုသုတ်ကျွေးကြသေးတယ်။ အအေးလေးက အဖျော်ဆရာ ဘာများထည့်လိုက်လဲမသိ ငံတန်တန်လေးဖြစ်လို့လေ။သောက်တော့ သောက်လိုက်ကြတာပါပဲ အော်သူ့စေတနာတွေပို့ထည့်ထားတယ်လေဆိုပြီးသောက်လိုက်တာပေါ့။ ဘုန်းဘုန်းကလဲကလေးတို့
သိသင့်ဖွယ်ရာ..ဘာသာတရားအခြေခံလေးတွေကို လက်အုပ်ချီနည်းက အစ သင်ကြားပေးပါသေးတယ်။ ကိုယ်တွေတောင်မလုံမလဲလက်အုပ်ချီတာကို စစ်ဆေးလိုက်တော့မှားနေတယ်ကွယ်။ ခုတော့မှပဲကိုယ်လည်းလက်အုပ်ကလေးကိုမှန်အောင်ချီတတ်တော့တယ်။ဒီလိုနဲ့နေစောင်းချိန်နီးလာတော့
သီချင်းတွေကို  ဖိုးဆိုချင်လေးတွေနဲ့အတူသီဆိုခဲ့ကြပါတယ်။ အားလုံးနဲ့တူတူဆိုတော့ကာ ကိုယ်အသံမကောင်းတာ
လူမသိဘူးဆိုပြီးအပြတ်ကိုအော်ဆိုလိုက်တယ်။အနီးအနားကလူတွေတောင်အသံတွေသိပ်ကောင်းပါလားဆိုပြီး
လာကြည့်ကြသေးတယ်ထင်တာပြောတာပါ။တကယ်ကတော့ဒီအသံတွေခံရဆိုးတယ်လို့ထင်နေကြမှာပါ။အားလုံးကိုနှုတ်ဆက်ပြီးတဲ့နောက်ကိုယ်တွေလဲ မောပန်းပြီးအိမ်ပြန်ခရီးကိုစခဲ့ကြပါတယ်။ ကိုယ်တို့ပေးချင်တဲ့စိတ်လေးတွေ စေတနာလေးတွေကို အပြည့်အဝမဟုတ်တောင်.အနည်းငယ်မျှသူတို့လေးတွေရမယ်ဆိုရင်တော့ဖြင့် ကိုယ်တို့အားလုံးကျေနပ်လိုက်ပါပြီ။အခုတော့ ကိုယ်နားထဲမှာ ကလေးတွေနဲ့ အတူဆိုခဲ့တဲ့
သဘာဝရဲ့ရင်သွေးငယ် သီချင်းလေးကိုညဉ်းဆိုရင်းနောက်လာမယ့် အစီစဉ်သစ်လေးအတွက် အင်အားသစ်လေးကိုမွေးဖွားလိုက်ပါတယ်။စိတ်အစဉ် ကတော့ ..သီချင်းလေးကိုကြားရင်းးး………
“ပိုင်ဆိုင်တာအားလုံးစွန့်ကာလေ.မနာလိုစရာလဲဘဲမရှိတော့ပေ…..
ဘယ်သူမဆိုအားလုံးတန်းတူနေ..ညီအကိုလိုကြင်နာမှုနဲ့လေ..လောကသစ်တစ်ခုတည်နေ… “

မနုငယ်

4 ယောက်က စာမူခပေးတယ်း):

ခြင် said...

အားကျပါတယ် မနုငယ်ရေ... တို့လဲ အဲလို လှူခဲ့ဘူးတယ်....

ပီယ said...

အားပါးပါး အစ်မနှယ်နော် ကျွန်တော့်ကို အားမလိုအားမရဖြစ်အောင် လုပ်နေတာ လားနှယ် ဟွင့် မပါလိုက်ရတာ နာတယ်ကွာ ဖြစ်ပုံကလည်း ကံမပါ ဒီရက်ကိုမှ အလုပ်ရှုပ်ရသတဲ့း)) သာဓုခေါ်တယ်ဗျာ နောင်အခါအခွင့် အသင့်ကြုံပါစေ ဒါက ကိုယ့်ကိုကိုယ် ဆုတောင်းတား))

ညအလင်္ကာ said...

သူငယ်ချင်းရေ
နင် နောက်တစ်ခါသွားရင် နာ့ညီလေးကိုလည်းခေါ်သွားဥိး
နာက အဝေးရောက်နေလို့ နင်တို့နဲ့ မလိုက်နိုင်ဘူးဟ
မမေ့နဲ့နော်

ဆက်ရေးဆက်ရေး

Angel Shaper said...

လေးစားအားကျရပါတယ်။ တကယ်ပါ။
သာဓုခေါ်တယ်နော်။
အဆင်ပြေပျော်ရွှင်ပါစေ။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။