Wednesday, March 17, 2010

လမ်းဆုံ

လမ်းဆုံ

အပိုင်း(၁)

ညနေ၏ ဆည်းဆာအလှဝယ် လူးလွန့်လှုပ်ရှား၍ တစ်နေ့တာ၏ ၀မ်းရေးအတွက် ကြိုးပမ်းလုပ်ကိုင်သွားလာနေကြသော ဒေါ်ညိမ်းကျေးရွာ၏ ရွာသူရွာသားများ၏ ဘ၀ကိုလေ့လာကြည့်ရှုရင်း ကျနော်၏ ရင်ထဲမှာ အတိတ်တနေရာဆီမှ အကြောင်းတစ်ခုက အရိပ်ပမာ ဖြစ်ခဲ့ပေသည်။

“ သြော်…………လူ့ဘ၀ရဲ့ ပုံရိပ်တစ်ခု”
စိမ်းလန်းစိုပြေ၍ နှင်းဇာပုဝါ လွှမ်းခြုံထားသော မြကတီပါလို သာယာလှပသောနေမင်း၏ ထွက်ပြုစအချိန်ဝယ် ကျေးငှက်သံ စီရီလွင်၍ ကြည်နူးစရာအချိန်တွင် ….ညိုအောင်တစ်ယောက် ၀ါးခမောက်တစ်လုံးနှင့် ထမင်းထုတ်ရေဘူးကိုယူ၍ လယ်ကွင်းစပ်ရှိ တောသို့ ထွက်လာခဲ့သည်။ ယမန်နေ့က သူရှင်းထားသော မြေကွက်မှ ထင်းချောင်းများကို စီစီရီရီဖြစ်အောင် ပြုပြင်ရင်း လုပ်ငန်းကို အားကြိုးမာန်တက်လုပ်ကိုင်နေလေသည်။ ပြိုင်းပြိုင်းထနေသော ကြွက်သားများက နေရောင်အောက်ဝယ် ပီသပေါ်လွင်လျှက်ရှိပေသည။် ….နေကလည်း အတော်ပင်မြင့်လာ၍ ခေတ္တနားရင်း ပါလာသော ရေကို သောက်၍ အမောဖြေနေစဉ်…..


” ဟေ့….ညိုမောင် ………”



ဟုခေါ်လိုက်သံနှင့်အတူ ပူစူးမ ကို တွေ့လိုက်ရပေသည်။ သူနှင့် အတူဘေးနားတွင် သပ်ရပ်စွာဖြင့် ၀တ်စား၍ လူငယ်တစ်ဦးကိုလည်း တွေ့လိုက်ရလေသည်။ ပူးစူးမက


 “ ညိုမောင်ရေ………ဟောဒါက ဒို့ရွာကပြောင်းသွားတဲ့ အရီးငြိမ်းရဲ့ သား ညီညီလေ……….. နင်မမှတ်မိတော့ဘူးလား……..အခုသူက ပညာတတ်မြို့သား ဆရာဝန်ကြီးဖြစ်နေပြီတဲ့……………………. 


“သြော်………တွေ့ရတာ ၀မ်းသာပါတယ် ကိုညီညီ…. ကျနော်ကိုလဲ ပူးစူးမလိုပဲ ခင်မင်ပါနော် ” 


လှိုက်လှဲပွင့်လင်းစွာနဲ့ ပြောလိုက်လေသည်။ 


“ညိုမောင်ရေ ..ကိုညီညီက ရွာကို ငယ်ငယ်လေးထဲက ထွက်သွားတော့  အခုရွာကိုလာလည်တာလေ  . အဲ့ဒါရွာထဲကို လျှောက်လည်ပြရင်း သူတို့ရဲ့ လုပ်ငန်းမြေကွက်တွေကို လိုက်ပြ တာလေ ကဲ……ဒို့သွားလိုက်ဦးမယ်နော် ”


ဟု ပြောဆိုရင်း ထွက်သွားသော ညီညီနှင့် ပူစူးမ တို့ကို ငေးမောစွာကြည့်ရင်း ညိုမောင်စိတ်တွင် အားကျမိပေသည်။ …ညိုမောင်၏ ဘ၀က ကြမ်းတမ်းလှပေသည်။ ငယ်ရွယ်စဉ်ခါထဲက အဖေဆုံးပါးသွားသဖြင့် မိခင်၏ ပြုစုစောင့်ရှောက်မှုအောက်ဝယ်နေထိုင်းရင်း ဒေါ်ညိမ်းကျေးရွာ အ.လ.က ကျောင်း၌ ပညာသင်ကြားရင်း သတ္တမတန်းအောင်ချိန်ဝယ် မိခင်ဖြစ်သူက စွန့်ခွာထားခဲ့ပြန်သည်။ ပညာတစ်ဝက်တစ်ပျက်နဲ့ ကျောင်းမှထွက်၍ လူမမယ်ဘ၀ဖြင့် ကြီးတော်၏ အိမ်မှာ မှီခိုးရင်း အဒေါ်ဖြစ်သူမှ ကျွေးမွေး၍ အရွယ်ရောက်ခဲ့ရ၏။ 

ထိုအချိန်မှစ၍ အရိးငြိမ်းတို့၏ လုပ်ငန်းတွင်လယ်ကူလီလုပ်ကိုင်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ညီညီ ..ဒေါ်ညိမ်းရွာသို့ရောက်ရှိသည်မှာ ရက်တစ်ပတ်ကျော်ရှိခဲ့ပြီဖြစ်သည်။။။။။။။။။ ရွာမှရှိကြသော လူကြီးလူရွယ်များနှင့် ကျွမ်းဝင်ရင်းနှီးပြီး ဒေါ်ညိမ်းရွာ၏ ပတ်ဝန်းကျင်ရွာများဖြစ်သော သရက်ပင်ဆိပ်…………..ခါးပြတ်……ဆိတ်မနှင့် မြို့ကုန်းရွာများသို့ ညိုမောင်နှင့်ပူးစူမတို့နဲ့ စိတ်စေနာများကို အသိမှတ်ပြုလေးစားမိသည်…. ဖြူစင်သော ရွာသားများ၏ စိတ်စေနာများကို အသိမှတ်ပြု လေးစားမိသည်။ ရွာမှလူအများ၏ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးရင်း ရွာ၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရင်း ပျော်ရွင်လာခဲ့ပေသည်။ ရွာမှ လေးစားမှုကို ခံယူလျှက် ရွာ၏ှ အကျိုးကို ရှေ့ရှုလာမိသည်။။။။။။။။။။။။။။။။။။။။
×××××××××××××××××××××××××××××××

ဆက်ရန် လာမည်(မျှော်)



2 ယောက်က စာမူခပေးတယ်း):

sosegado said...

ရွာအကြောင်းတွေ ဖတ်ရတာ စိတ်ဝင်စားပါတယ် အထူးသဖြင့် ဆရာဝန်ရွာပြန်သွားတာကို ဆက်ရန်မျှော်နေမယ်၊

Angel Shaper said...

ဖတ်လို့ကောင်းတယ်ဟ။ ဆက်ပါမြန်မြန်... ပြီဲးမှ မန့်မယ်။ ဒါဗြဲနော်။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။