Tuesday, March 16, 2010

နေနိုင်သူများ

နေနိုင်သူများ



လူဆိုတာ ကိုယ့်ကိစ္စကိုပဲ ကိုယ်စိတ်ဝင်စားရမယ်၊
ဒီစကားက မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တစ်နေ့က လိုင်းကားစီးရင်းနဲ့ မိန်းမတစ်ယောက် ကားဘီးပေါက်ပြီး ဘိးကို တစ်ယောကိတညိးဖြုတ်နေတယ်၊
ဒိလိုဖြစ်နေတာကို အငှားယာဉ်မောင်းတစ်ယောက်ကဆင်းပြီး ၀င်ရောက်ကူညီခဲ့တာကို တွေ့ခဲ့ရ့ပါတယ်၊

အကူညီပေးနေတဲ့သူအတွက် ဂုဏ်ယူပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်ဘ၀မှာ အမြင်မတော်ရင် ၀င်လုပ်ပေးတဲ့ လူတော်တော်များများ တွေ့ခဲ့ဖူးပါတယ်၊

သာမန်အားဖြင့် လူတော်တော်များများဟာ ကိုယ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အခုလိုဝင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အသိစိတ်ရှိပြီး ၀င်လုပ်ပေးတဲ့သူတွေ အများကြိးရှိပါတယ်


တစ်နေ့ ကျွန်တော် မနက်လမ်းလျောက်သွားရင်း ဗန်းရွက်ထားတဲ့ မိန်းမတစ်ယောက် တင်ထားတဲ့ အသီးတေါ ပြုတ်ကျသွားတာ တွေ့ရတယ် ကျွန်တော်လည်း မနေနိုင်တာနဲ့ ၀င်ကောက်ပေးတယ်၊ မမြင်ယောင်ဆောင်သွားသူများလည်းတွေ့ရတယ်၊ တစ်ခြားလူတွေလည်း ကောက်ပေးတယ်၊

ကိုယ်က ညရေးညတာမှာ ကြောက်လို့ရပ်ပြီး အကူအညီ မပေးနိုင်တောငကို နားလည်ပါတယ် နေ့ခင်းကြောင်တောင်မှာ သူများကို အမြင်မတော်ရင်တော့ ၀င်ရောက် ကူညီသင့်ပါတယ်၊

တကယ်မှာ ဒီလို အဖြစ်မျိုး ကိုယ်ကြူံလာရင် ကူညီမဲ့သူကို မျှော်လေ့ရှီကြတယ်၊
ဒါပေမဲ့ ကိုယ့်အလှည့်ကျရင် သူများကို ကိုယ်အချိန်တွေပေးပြီး ကူညီဖို့ ၀င်လေးတတ်ကြတာဟာ သဘာဝလို့ ပြောရမလားတော့ မသိပါ၊
ကိုယ်ဟာ အလှည့်တိုင်းအဆင်ပြေမှာ မဟုတ်ပါ၊
ကိုယ်အခက်ခဲရှိတဲ့အခါတွေ အများကြီး ရှိနိုင်ပါတယ်

ကိုယ်အခက်အခဲရှိပြီဆိုရင် ကူညီမဲ့သူ စောင့်ရှောက်မဲ့သူ ကို အမြဲတမ်းတကြတယ်။ အဆက်သွယ်တွေ လိုက်ရှာကြတယ်၊ အဆင်ပြေတာတွေရှိသလို အဆင်မပြေတာတွေလည်းရှိမယ်၊ သူများအခက်ခဲရှိနေတဲ့အခါမှာ ကိုယ်ဘက်က သိမ်အပန်းမကြီးရင် တတ်နိုင်သ၍တော့ လူတစ်ဖက်သားကို ကူညီစောင့်ရှောက်သင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်


ခင်မင်လေးစားစွာဖြင့်

1 ယောက်က စာမူခပေးတယ်း):

Angel Shaper said...

ဟုတ်ပါတယ်။ မှန်ပါတယ်။
အကူအညီဆိုတာ လူတိုင်းလိုအပ်တတ်တဲ့ရာပဲလေ။
သယ်ရင်းရေ......
ကိုယ်တတ်နိုင်တဲ့အချိန်မှာ တတ်နိုင်သလောက် တဖက်သားကို ကူညီခွင့်ရတာဟာ ကံကောင်းတယ်လို့ မှတ်ယူတတ်သူပါ။
ဒီပိုစ့်လေးအတွက် နင့်ကို အမှတ်ပေးမိပြန်ပြီ။ ဟဟ
အဆင်ပြေပျော်ရွှင်ပါစေဟေ့........

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။