Monday, March 22, 2010

လမ်းဆုံ (ဆက်လက်ရေးသားခြင်း)


ညီညီ ဒေါ်ညိမ်းရွာကိုရောက်ရှိခဲ့သည်မှာရက် တပတ်ခန့်ကျော်ခဲ့ပြီ ×××××××
ထိုအတော်အတွင်း
ညိုမောင်×××ပူးစူးမ တို့နဲ့အတူ သွားလာရင်းရွာ၏ ကျန်းမာရေးပညာရေးတို့ကို လေ့လာမိသည်နှင့်အမျှ ပူစူးမ 
အားပြောမိလေသည်
“  ပူစူးမ..ရယ်×××× အခုဆိုရင် ..ငါတို့ရွာကလေးဟာ အရင်တုန်းကနဲ့မတူဘဲ စီးပွားရေး ပညာရေး ကျန်းမာရေးတွေ 
လမ်းပန်းဆက်သွယ်ရေးတွေ အောင်မြင်တိုးတက်လာခဲ့တယ်နော်…..
ငါတို့ လူငယ်တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအတွက် ကြိုးပမ်းဆောင်ရွက်ကြရာမှာ ×××
တို့လူငယ်တွေတာဝန်ကျေရမယ်နော် “

“ ဟုတ်တယ်…. ညီညီရဲ့ တို့တတွကို အခုလို ပညာတွေတတ်မြောက်အောင် တိုရဲ့ရဲ့ေ၇ှ့က နောင်တော်တွေ 
ထမ်းဆောင်ခဲ့ကြလို့ တို့ကျေးရွာမှာ မူလတန်းကနေ အထက်တန်းထိတိုးတက်ပြီး  အောင်မြင်ခဲ့လို့ အခုဆိုရင် ရွာရဲ့ပညာရေးကိုပြန်ပြီး ကျေးဇူးပြုနိုင်တာပေါ့ ×××ညီညီ “

“ သြော်×××  ဆရာမကြီးက ဒီလိုတော့လဲ စကားတွေက မွန်မြတ်သားပဲ…..”
“ ညီညီ နော် ဒီက အကောင်းပြောရင် ဖေါက်မလာနဲ” ဟု ပြောရင်း မျက်စောင်းကလေးထိုးလိုက်ရာ ညီညီ၏ ရင်၌အမျိုးအမည် မသိသော လှိုင်းငယ်တစ်ခု ဖြတ်သန်းသွားခဲ့လေ သည်××××××××××××××

ပူပြင်းသောလ တန်ခူး၏  အရှိန်ကြောင့် စိမ်းစိုလွင်နေသော သစ်ရွက်တို့သည် ခြောက်သွေ့ကာ 
ရော်ရွက်ဝါတွေကြဲပြန့်နေလေသည်။
“ ညိုမောင် နှလုံးသားမှာ လည်း ပူးစူးမကို သတိရ တမ်းတနေမိသည်။”
ညီညီ ရန်ကုန်ကိုပြန်တော့ ပူစူးမတို့ ဘုရားဖူးလိုက်လည်ကြလေသည်။ ….
ညိုမောင့် ရင်ထဲမှာ ………..
“ ပူစူး မ ရယ် ငါရဲ့မေတ္တာတရားတွေကို နင်သိအောင် ပြောပြချင်ပါတယ်… ဒါပေမဲ့ ငါရဲ့ဘ၀က အမြင့်မှာပွင့်တဲ့ ပန်းကို
မမှီနိုင်ပါကွယ်××××××× “
တစ်ကိုယ်တည်းညီးတွားရင်း ×××ေ ၀းကွာလွန်းလှသော မြင်ကွင်းတစ်ခုကို ငေးကြည့်နေမိပေးသည်။။။။
“ ဟေး……….ညိုမောင်”  “ မင်းမလဲကွာ တစ်နေ့တစ်နေ့ မင်းရဲ့ပူစူးမကို မျှော်နေတာ ငါ စိတ်မကောင်းပါဘူး။။။။”
“ ဒါနဲ့ မင်းတို့အိမ်မှာ ဧည့်သည်တွေရောက်နေတယ်ကွ… မြို့ကလို့ပြောတယ်”
“ မင်းကြီးတော် ဒွေးလေးက မှာလိုက်တယ် …အလုပ်သိမ်းပြီးပြန်လာခဲ့တဲ့×××××××××××”
            “ အေးကွာ… ကျေးဇူးပဲ  အောင်ပု ရေ ငါ သွားလိုက်ပါမယ် “
“ မင်းအခုဘယ်သွားမလို့လဲ… ငါလဲ ရေခပ်ရင်းထွက်လာတာကွ……….”
“ဟေ့ကောင်…… မင်းတို့အိမ်က ဧည့်သည်ချောချောမလေး ပါတယ် သိလား”  ငါမင်းကို ယောက်ခမ တော်ပါရစေနော်
“ ခွေးကောင်။။။” ဟားဟားဟား ဟု ပြိုင်တူရယ်လိုက်ကြ၏ ××××××××××××××----


“ ညိုမောင်ရေ….. ဟောဒါက မြို့ကလာတဲ့ ဦးသက်တင်တဲ့………ဒါက သူ့ရဲ့တစ်ဥိးတည်းသမီး……………ဆုရတနာ…တဲ့
သူက ဆရာဝန်ပဲ။။။။ဟု ဒွေးလေးက မိတ်ဆက်ပေးရာ….
‘ ဟုတ်ကဲ့___တွေ့ရတာ ၀မ်းသာပါတယ် ဦး…..
သြော် မဆုရတနာ ×××××××××××× ဟု ခါးကိုကိုင်း၍ ရိုသေစွာ ပြောလိုက်၏
“ ကျမကို တစ်ရင်းတစ်နှီးနဲ့ ရတနာလို့  ခေါ်နိုင်ပါတယ်။။။။။။။။။ကိုညိုမောင်….. “ ဟုပြုံး၍ ပြန်ပြောလိုက်ရာ
ညိုမောင်က ခေါင်းကို ငြိမ့်ပြီး ပြန်၍ ပြုံးပြလိုက်သည်။

××××××××ဒွေးလေးက လက်ဖက်သုတ်နှင့် ရေနွေးကြမ်းကို လာ၍ ချပေးရင်း
“ ကဲ ..သုံးဆောင်ပါဦး ….ဦးသက်တင်×××××ဒါက ကျမတို့ဆီက ××××--ငါးခြောက်လေ×××စားကြည့်ပါဦး

“ ဟဲ.. ညိုမောင်……….ဆရာမလေးကိုလဲ ရွာထဲလိုက်ပြလိုက်ပါဦး….

“ ဟုတ်ကဲ့ပါ ဒွေးလေး ”


ဆည်းဆာအလှရဲ့ သဘာဝအောက်မှာ လှပနေသော ရတနာ၏ ×××××××××××××

ဆက်ရန်မျှော်(မအားသေးလို့ပါ အတွေးကရှိနေပြီး ရေးရန် အချိန်ပေးနေရလို့ပါ)
ခင်မင်စွာဖြင့်
ညအလင်္ကာ

1 ယောက်က စာမူခပေးတယ်း):

SHWE ZIN U said...

ငါးခြောက်လေးတော့ စားချင်သား

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။