Sunday, July 4, 2010

" စိတ် " ရဲ့ အကွာအဝေး

" စိတ် " ရဲ့ အကွာအဝေး
( ဘယ်လောက်ထိ နီးနိုင် / ဝေးနိုင်ကြသလဲ ??? )


တစ်အိမ်တည်းမှာနေတဲ့ လင်မယားဟာ ဘယ်လောက်အထိ နီးနိုင်သလဲ …….?
ဘယ်လောက်ထိ ဝေးနိုင်သလဲ……..?
စာဖတ်သူတို့ သိကြမလား…………?
မတူညီတဲ့ ဖြေဆိုမှုတွေကတော့ ထွက်လာကြမှာပါ
တကယ်ချစ်တဲ့ လင်မယားကတော့ နီးကျပြီဆိုရင် တစ်သားတည်းဖြစ်သွားကြတာရှိမယ်
တကယ်ချစ်ရင်တော့ “ ဝေးစမ်းပါစေ…..မိုင်ပေါင်း ကုဋေ၊ အချစ်က မပျောက်ပျက်ဘူး ဆိုတာတွေ
တစ်ခုတင်တည်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် ယုဇနာတစ်သောင်းလောက် ဝေးနေကြတာတွေ ရှိကြမှာပါ

“ ဘာကြောင့်လဲ “
လောကကြီးမှာ လူတိုင်းဟာ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း သဘောထားကွဲလွဲနေတာချည်းပဲ…………
ကျွန်တော်ပြောတဲ့အထိမှာ -စဉ်းစားစရာတွေ ပါ ပါတယ်။။။။။။။။
“ လူတွေ ဒေါသထွက်တဲ့အချိန်မှာ စကားကို ဘာကြောင့် အော်ပြီးပြောကြတာလဲ? “
စဉ်းစားကြည့်ကြပါ………….
“ တစ်ဖက်လူက ကိုယ့်ဘေးနားမှာ ရှိနေတာပဲ…အေးအေးဆေးဆေးပြောရင်းရလျက်သားနဲ့ အော်ပြောကြတာတွေဟာ
………….ဘာကြောင့်လဲ? ”
အမှန်တော့ …………
“ .လူနှစ်ယောက် စိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေပါတယ်……….”
အဲ့ဒီ ဝေးနေတဲ့ အကွာအဝေးကို အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ပြောကြတယ်၊
“ အော်လေလေ……..ဒေါသထွက်လေလေ…. “
“ ဒေါသထွက်လေလေ…………. စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ……..”
“ ဟော……..စိတ်ချင်းကွာဝေးလေလေ……….အော်ကြလေပဲ…….”
ဥပမာ……..
သမီးရည်းစား ချစ်သူတွေကိုကြည့်ကြပါ………..
“ လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်တတ်ကြသလဲ………”
ဒေါသနဲ့ ပြောကြတဲ့ လူနှစ်ယောက်ရဲ့ ဆန့်ကျင်ဖက်ပဲ ………..
ဘာကြောင့်လဲဆိုတော့……..
“ ရည်းစားဖြစ်နေတဲ့ လူနှစ်ယောက်ရဲ့ စိတ်တွေဟာ အရမ်းနီးနေတယ်………….
စိတ်သဘောခြင်း ထပ်တူနီးပါးကျနေကြတယ်……….
ဒါကြောင့် ..တီတိုး..တီတိုး ပဲ ပြောကြတယ်”
(……………….)
“ စိတ်အကွာအဝေးနီးလေလေ……….ပိုချစ်ကြလေပဲ…”
“နောက်ဆုံးမှာ စကားပြောစရာတောင်မလိုဘဲ အမူအရာချင်း၊ မျက်လုံးခြင်း၊ အချစ်တွေ ဖလှယ်ကြတယ်။။။။။။။”
အဲ့ဒီအချိန်မျိုးမှာ……………..
“ စိတ်အကွာအဝေးဆိုတာ လုံးလုံးမရှိတော့ဘူး…တစ်ထပ်တည်းကျသွားပြီ….
လူနှစ်ယောက် ငြင်းခုန်ရန်ဖြစ်နေတဲ့ အချိန်မှာ စိတ်တွေမကွာဝေးစေပါနဲ့
စိတ်ကွာဝေးတဲ့ စကားမျိုး မပြောသင့်ဘူး…………”
စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည်ဆွေးနွေးလို့ရလာမှာပါ…
နောက်ဆုံးပြောပြရရင်…
ကျနော်တို့ရဲ့ လူဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာပေါင်းစုံက တွေ့ကြုံနေရတာပါ…
မနာလိုဝန်တိုမှု… စေတနာနည်းမှုတွေကို…
ခွင့်လွှတ်ခြင်း…….၊
တစ်ကိုယ်ကောင်းမဆန်ခြင်း အဖြစ်
ပြောင်းလဲ ပေးနိုင်တယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဗျာ

စာဖတ်သူများကို ချစ်ခင်စွာဖြင့်
ညအလင်္ကာ

10 ယောက်က စာမူခပေးတယ်း):

Anonymous said...

ဲကြိုက်တယ်..

နေ၀သန် said...

တင်ပြချက်လေး သဘောကျတယ်... မစဥ်းစားမိတဲ့ အချက်လေးပါပဲ...


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်..
လူချင်းဝေးတာထက် စိတ်ချင်းဝေးကွာသွားတာ အဆိုးဆုံးပါဘဲ...
ပြန်နီးစပ်ဖို့ ခက်သွားပြီ..

ချိုကျ said...

အကွာအဝေးတွေထဲမှာပေါ့ စိတ် စိတ်ချင်းကွာဝေးတဲ့ အကွာအဝေးကိုတော့ ဘယ်သူမှ တိတိကျကျ မတိုင်းနိုင်ကြသေးဘူးလို့ထင်ပါတယ် ဒါကြောင့်ထင်ပါရဲ့ စာရေးထားတဲ့အတိုင်း ကျင့်ကြံနိုင်ရင်တော့ကောင်းတာပေါ့....

ခင်တဲ့(ချိုကျ)

Anonymous said...

အင်းဟုတ်တယ် စကားကျယ်ကျယ် ပြောလေ စိတ်ခြင်းဝေးလေ မှန်လိုက်ပါဘိ

ရွှေစင်ဦး

blackroze said...

လူတိုင်းစိတ်ချင်းနီးဖို့ဆိုတာကလဲ...
ခက်လှပါတယ်လေ..

ခိုင်နုငယ် said...

ဟုတ်ပ..လူတိုင်းစိတ်ချင်းနီးနိုင်ဖို့ဆိုတာကလည်း
ခက်သားနှော်။
တင်ပြထားတဲ့အတိုင်းလေး..တစ်ကိုယ်ကောင်းမဆန်ပဲ
ကြိုးစားကြည့်မယ်ဆိုရင်..လူချင်းအနေဝေးနေမယ်ဆိုရင်တောင်
စိတ်ချင်းနီးစပ်နေကြမယ်ထင်တယ်နှော်။

sosegado said...

စိတ်တူကိုယ်တူ နှစ်ကိုယ်တစ်စိတ် စိတ်သဘောချင်းမတိုက်ဆိုင်တော့ပါသဖြင့် စိတ်…စိတ်..

သဒ္ဓါလှိုင်း said...

လူချင်းဘယ်လောက်ဝေးဝေးစိတ်ချင်းမဝေးဖို့အရေးကြီးဆုံးပေါ့နော်..။
လင်္ကာပြောသလိုပေါ့...မနာလိုဝန်တိုဖြစ်လာရင်လည်း တကိုယ်ကောင်းမဆန်ပဲခွင့်လွှတ်တတ်ဖို့ပါ.

ခင်မင်စွာ
မသဒ္ဓါ

may16 said...

မှန်လိုက်တာ :)

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။