Friday, July 2, 2010

နေနိုင်သူများ


လူဆိုတာ ကိုယ့်ကိစ္စကိုပဲ ကိုယ်စိတ်ဝင်စားရမယ်၊
ဒီစကားက မှန်ပါတယ်၊
ဒါပေမဲ့ ကျွန်တော် ဟိုတစ်လောက ရန်ကုန်ရောက်သွားတုန်းက ရုံးကိုလိုင်းကားစီးရင်းနဲ့အသွား မိန်းမတစ်ယောက် ကားဘီးပေါက်ပြီး ကားဘီးကိုတစ်ယောက်တည်း ဖြုတ်နေတာကိုတွေ့ခဲ့ရတယ်၊ ဒီလိုဖြစ်နေတာကို အငှားယာဉ်မောင်း တစ်ယောက်ကဆင်းပြီးဝင်ရောက်ကူညီခဲ့တာကိုတွေ့ခဲ့ရ့ပါတယ်၊

အကူညီပေးနေတဲ့သူအတွက် ဂုဏ်ယူပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်ဘ၀မှာ အမြင် မတော်ရင်ဝင်လုပ်ပေးတဲ့လူတော်တော်များများတွေ့ခဲ့ဖူးပါတယ်၊

သာမန်အားဖြင့် လူတော်တော်များများဟာ ကိုယ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အခုလိုဝင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အသိစိတ်ရှိပြီးဝင်လုပ်ပေးတဲ့သူတွေအများကြီးရှိပါတယ်…..

အဲ့ဒီလိုနဲ့ ကျနော်အလုပ် လုပ်နေတဲ့ ဒေါ်ညိမ်းပြန်ရောက်ခဲ့ပါတယ်…….
တစ်နေ့ ကျွန်တော် ဈေးထဲမနက်လမ်းလျောက်သွားရင်း ဗန်းရွက်ထားတဲ့ မိန်းမတစ်ယောက် တင်ထားတဲ့ အသီးတွေ ပြုတ်ကျသွားတာတွေ့ရတယ်…ကျွန်တော်လည်းမနေနိုင်တာနဲ့ဝင်ကောက်ပေးတယ်၊ မမြင်ယောင်ဆောင်သွားသူများ လည်းတွေ့ရတယ်၊တစ်ခြားလူတွေလည်းကောက်ပေးတယ်၊

ကိုယ်က ညရေးညတာမှာ ကြောက်လို့ရပ်ပြီး အကူအညီ မပေးနိုင်တောင်ကို နားလည်ပါတယ် နေ့ခင်းကြောင်တောင်မှာ သူများကိုအမြင်မတော်ရင်တော့ဝင်ရောက်ကူညီသင့်ပါတယ်၊

တကယ်မှာ ဒီလိုအဖြစ်မျိုးကိုယ်ကြုံလာရင် ကူညီမဲ့သူကိုမျှော်လေ့ရှိကြတယ်၊ ဒါပေမဲ့ကိုယ့်အလှည့်ကျရင်သူများကို
ကိုယ်အချိန်တွေပေးပြီးကူညီဖို့ဝင်လေးတတ်ကြတာဟာသဘာဝလို့ပြောရမလားတော့မသိပါ၊ကိုယ်ဟာအလှည့်တိုင်း
အဆင်ပြေမှာမဟုတ်ပါ၊ကိုယ်အခက်ခဲရှိတဲ့အခါတွေအများကြီးရှိနိုင်ပါတယ်

ကိုယ်အခက်အခဲရှိပြီဆိုရင် ကူညီမဲ့သူ စောင့်ရှောက်မဲ့သူ ကို အမြဲတမ်းတကြတယ်။ အဆက်သွယ်တွေ လိုက်ရှာကြတယ်၊ အဆင်ပြေတာတွေရှိသလို အဆင်မပြေတာတွေလည်းရှိမယ်၊ သူများအခက်ခဲရှိနေတဲ့အခါမှာ ကိုယ်ဘက်က သိမ်အပန်းမကြီးရင် တတ်နိုင်သ၍တော့ လူတစ်ဖက်သားကို ကူညီစောင့်ရှောက်သင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်

ခင်မင်စွာဖြင့်

9 ယောက်က စာမူခပေးတယ်း):

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုခေတ်မှာ ကိုယ်ချင်းစာစိတ် ကူညီချင်စိတ်တွေ နည်းပါးကုန်ပြီ
နေရာတိုင်းမှာ ကိုယ်နဲ့မဆိုင်သလိုနေတတ်သူတွေ များလာတယ်..
နောင်ဆိုရင် ပိုပြီးခက်တော့မှာ သေချာတယ်

ခြေလှမ်းသစ် said...

လက်ရှိခေတ်မှာတော့ လူတွေဟာ သူများအရေးထက် ကိုယ့်အရေးတွေကို ပိုပြီး စိတ်ဝင်စား လာရင်း သူတပါးကို ကူညီတဲ့ စိတ်တွေ ပျောက်ကုန် နေတယ် ဒါကို နောက်မျိုးဆက် သစ်တွေမှာ ပညာပေးဖို့ ပိုလိုအပ်လာနေပါပြီ

နေ၀သန် said...

အမြင်မတော်ရင် ကူညီသင့်ပါတယ်..... ခက်တာက ဒီနောက်ပိုင်းမှာလည်း မသမာမှုတွေက ဥာဏ်အမျိုးမျိုးဆင်တတ်တာဆိုတော့ ဒိလိုအကူအညီပေးပြီး ခံလိုက်ရသူတွေလည်း ဒုနဲ့ဒေးပေါ့နော်..... ဒါကို တချို့လူတွေက ကြောက်ကြတယ်ထင်ပါတယ်..... ဘာပဲပြောပြော ကူညီသင့်ပါတယ်ဗျာ... (ဒေါ်ညိမ်းဆိုတာ ဘာလဲဗျ... ဘယ်နေရာလဲ...း)) ပိန်းလို့ မသိတာ ဟီးဟီး)


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

နေနိုင်းသူတွေကတော့..နေလိုက်ကြတာပါပဲ။
ဘာပဲဖြစ်ဖြစ်လေ..ကိုယ်တတ်နိုင်သလောက်၊
မြင်သလောက်ကူညီမယ်ဆို..သဲတစ်ပွင့်..အုပ်တစ်ချပ်နဲ့
ဘုရားတည်ဆိုတာလိုပဲ..ကုသိုလ်ဆိုတာယူတတ်ရင်ရ၏။

SHWE ZIN U said...

ကူညီတာ ကောင်းပါတယ်ဗျာ ကိုယ့် မှာ အပန်းမကြီးပေမဲ့ တဘက်လူမှာ တော်တော် အဆင်ပြေသွားတဲ့ အတွက်ပါ

နန်းလေပြေနု said...

နေတတ်တာ ကောင်းပေမယ့် နေနိုင်တာတော့ မကောင်းဘူးဆိုတာထက် မသင့်ဘူးလို့ နန်းကတော့ ယူဆပါတယ်။

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

ရေသန့်  said...

လူဆိုတာကိုယ့် ကိစ္စကိုပဲကိုယ်စိတ်ဝင်စား တာမှန်ပါတယ်။
ကူညီတတ်တဲ့ သူက ကူညီတာသူ့ ကိစ္စ
မကူညီတတ်တဲ့ သူက မကူညီတာ.............

blackroze said...

ဘယ်နေရာမှာမဆို..ကိုယ်ချင်းစာစိတ်လေးထားနိုင်မယ်ဆိုရင်
လောကကြီးကတော်တော်လှပသွားမှာပါ...

ချိုကျ said...

ဒါပါပဲဗျာ...လူတွေပေါ့ အကုန်လုံးမဟုတ်ဘူးပေါ့ ခလုပ်ထိမှ အမိတ ဆိုသလိုပေါ့ တပါးသူထိလို့ကတော့ မသိချင်ယောင်ဆောင်နေကြတာလေ အချို့လူတော်တော်များများပေါ့...။

ခင်တဲ့(ချိုကျ)

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။