မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ဖြစ်ပျက်လာပုံအကြောင်း
မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် 1227 ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ တစ်မူး၊ငါးမတ်၊ တစ်မတ်၊တစ်ပဲ၊ စသည်ဖြင့် စုစုပေါင်းငွေ(၅)မျိုးအားသွန်းလုပ်ခဲ့ပါသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ မြန်မာငွေကြေးစနစ်တွင် ကျပ်။ ပဲ၊ ပိုင်၊ စနစ်မှ ၊ ကျပ်၊ပြား စနစ်သို့ ပြောင်းလဲ ခဲ့ခြင်းဖြစ်သည်ဟူ မှတ်တမ်းများအရ သိရသည်.
၁၉၅၃ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ နှစ်ဆယ့်ငါးပြား၊ ငါးဆယ်ပြားနှင့် တစ်ကျပ်စေ့များကို ထူတ်ဝေခဲ့ကြောင်းနှင့် ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစား များကို ထူတ်ဝေအသုံးပြုခဲ့ကြကြောင်း သိရှိရပါသည်။
၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်၊တန် ငွေအမျိုးအစားငွေစက္ကူ၊ ၁၉၈၆ ခုနှစ်၊ သြဂုတ်လတွင် ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန် ငွေစက္ကူများထုတ်ဝေခဲ့ကြောင်းသိရသည်။ယင်းနောက် ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်အမျိုးအစားငွေစက္ကူများထုတ်ဝေခဲ့သည်ဟု သိရသည်။
နောက်ဆုံး ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူထုတ်ဝေခဲ့ပါသည်…
၁၉၉၄ ခုနှစ်နောက်ပိုင်း ထုတ်ဝေသည့် ငွေစက္ကူအမျိုးအစားများ
အမျိုးအစားများ စတင်ထုတ်ဝေသည့်နေ့ မှတ်ချက်
၅၀ ပြား 27-3-94 စောင်းရုပ်ပုံ
၁ ကျပ် 1-3-90 ဗိုလ်ချုပ်အောင်ဆန်းပုံ
၁ ကျပ် 31-10-96 ခြင်္သေ့ရုပ်ပုံ
၅ ကျပ် 1-5-95 ခြင်္သေ့ရုပ်ပုံ
၁၀ ကျပ် 1-5-95 ခြင်္သေ့ရုပ်ပုံ
၂၀ ကျပ် 27-3-94 ခြင်္သေ့ရုပ်ပုံ
၅၀ ကျပ် 27-3-94 ခြင်္သေ့ရုပ်ပုံ
၁၀၀ ကျပ် 27-3-94 ခြင်္သေ့ရုပ်ပုံ(Normal Security Thread)
၁၀၀ ကျပ် 17-9-96 ခြင်္သေ့ရုပ်ပုံ(Window Type)
၂၀၀ ကျပ် 27-3-90 ခြင်္သေ့ရုပ်ပုံ(Normal Security Thread)
၂၀၀ ကျပ် 16-8-95 ခြင်္သေ့ရုပ်ပုံ(Window Type)
၅၀၀ ကျပ် 27-3-94 ခြင်္သေ့ရုပ်ပုံ(Normal Security Thread)
၅၀၀ ကျပ် 19-10-95 ခြင်္သေ့ရုပ်ပုံ(Window Type)
၁၀၀၀ ကျပ် 25-11-98 ခြင်္သေ့ရုပ်ပုံ(Window Type)
၂၀၀ ကျပ် 11-10-2004 ခြင်္သေ့ရုပ်ပုံ(Window Type) အရွယ်အစားသစ်
၅၀၀ ကျပ် 11-10-2004 ခြင်္သေ့ရုပ်ပုံ(Window Type) အရွယ်အစားသစ်
၁၀၀၀ ကျပ် 11-10-2004 ခြင်္သေ့ရုပ်ပုံ(Window Type) အရွယ်အစားသစ်
၅၀၀၀ ကျပ် 2-10-2009 ဆင်ဖြူတော်ရုပ်ပုံ

ခင်မင်လေးစားစွာဖြင့်
2 ယောက်က စာမူခပေးတယ်း):
ကျုပ်တို့ ပိုက်ဆံတွေ စက္ကူဖြစ်သွားတာ ရင်နာတယ် ၁၅ကျပ် ၃၅ကျပ် ၄၅ကျပ် ၇၅ကျပ် ၉၀ကျပ်။ စာမေးပွဲထဲ ငွေတွေ စက္ကူဖြစ်ကုန်လို့ ထမင်းငတ်တဲ့အဆောင်က ကျောင်းသား.သူတွေ စားစရာမရှိတဲ့ နေ့ စား အလုပ်သမားနဲ့  ဈေးသည်တွေ ..နောက် ၈၈ အဖြစ် ပြောင်းပီး ဒုက်ခ ရောက်ရတာဘဲ
ရင်နာတယ်
ဒင်းတို့  အ၀ီစိမှာ ဂျိုးကပ်ပြီး နာနာဘာဝနဲ့ သံသရာလည်ပါစေတော်
တကယ် ဗဟုသုတရတာပဲ။
တို့ငွေစက္ကူတွေအကြောင်းခုမှ ဖတ်ရတယ်။
ကျေးကျေးစ် ဘော်ဒါရေ...
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။