Thursday, June 24, 2010

"WE ALL ARE MYANMAR... NOT BURMESE"

မြန်မာဆိုတာမြန်မာပါပဲကျွန်တော်မြန်မာလူမျိုးပါ.. ဘာတွေဘယ်လိုပဲပြောင်းလဲပြောင်းလဲကျွန်တော်က တော့ပကတိကျောက်သားလိုခိုင်မြဲစွာ ရပ်တည်နေအုံးမယ့်မြန်မာလူမျိုးစစ်စစ်ပါ..ဘာကြောင့် ဒီစာကိုရေး ဖြစ်သလဲဆိုတော့ကျွန်တော့်ရင်ထဲမှာဝမ်းနည်းမိတဲ့အစိုင်အခဲလေးတစ်ခုကြောင့်ဖြစ်ပါတယ်...။


ကျွန်တော်အလုပ်လုပ်နေတဲ့နေရာမှာနိုင်ငံခြားသားမိတ်ဆွေသူငယ်ချင်းတွေရှိပါတယ်....နိုင်ငံခြားသားမိတ်ဆွေတော်တော်များများကမြန်မာဆိုတာကို မသိကြပါဘူး..မြန်မာလူမျိုးဆိုတာကို မသိကြပါဘူး... သိတဲ့လူ ကျပြန်တော့လည်းတလွဲဆံပင်ကောင်းနဲ့သိကြပြန်ရော...တချို့ဆို ဘယ်နိုင်ငံကလဲ လို့ မေးရင်မြန်မာနိုင်ငံ ကဆို"ooh..very poor"အဲလိုပြောတဲ့လူတောင် တွေ့ဖူးပါတယ်....မြန်မာနိုင်ငံ မဆင်းရဲပါဘူးဆိုတာ ပြန်ပြန်ရှင်းပြနေရတာကျွန်တော်မှာအမြုပ်ထွက်မတတ်ပါပဲ....။

(စာရေးဆရာမဂျူးပြောသလိုငယ်ငယ်တုန်းကစာထဲမှာ ကျောက်သံပတ္တမြားပေါများကြောင်းသင်ရတာကိုး.)
ကျွန်တော်-တော်တော်လေးဝမ်းနည်းမိပါတယ်.....မြန်မာလူမျိုးတွေဟာ ရိုးသားတယ် ကြိုးစားတယ်ဆိုပြီး နာမည်ကောင်းရထားသူများဖြစ်ပါတယ်....ဘယ်သူတွေကြောင့် မြန်မာနိုင်ငံဟာ ဘာကြီးပဲဖြစ်နေဖြစ်နေ မိမိဟာမြန်မာလူမျိုးပါလို့ပြောဖို့မရှက်ကြပါနဲ့...။

ဆိုပါတောခုမြန်မာလူမျိုးကိုမသိကြဘူး ဒါဆို သိအောင်ကြိုးစားကြတာပေါ့..ဒီနေရာမှာ ကောင်းသောသိခြင်း ဖြစ်ဖို့အင်မတန် အရေးကြီးပါတယ်.....အိုကေ.. ဒါဆို သိပြီးသားလူတွေအတွက် မြန်မာဆိုတာ ရိုးသားတယ် ကြိုးစားတယ် ရိုင်းပင်းကူညီတတ်တယ်စိတ်ထားကောင်းတယ်...တော်တယ်. ဒီလိုမျိုး အတွေးတွေ၊ ဒီလိုမျိုး အမြင်တွေလက်ခံလာအောင်မြင်လာအောင် ၀ိုင်းဝန်း ကြိုးစားကြတာပေါ့ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ အပြစ်တင်နေမယ့်အစားအားလုံးမိမိရောက်တဲ့နေရာတိုင်း နေရာတိုင်းမှာကြိုးစားကြမယ်ဆိုရင်နောင် တစ် ချိန်ကျရင်“တို့ မြန်မာလူမျိုးဟေ“့ လို့ လက်မထောင်ရင်ကော့နိုင်မှာမလွဲမသွေပဲ ဆိုတာ....မလွဲဧကန်ပင်။။။


                                              ********@@@*********


မြန်မာဆိုတာမြန်မာဆိုတာကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ ရှမ်းစတဲ့တိုင်းရင်းသားတွေကိုပေါင်းစု ပြီးကိုယ်စားပြုမြန်မာလို့ သတ်မှတ်တာပါ။ကရင်လည်းမြန်မာ...၊ရှမ်းလည်း မြန်မာ...ဗမာလည်းမြန်မာ...ပါပဲ။ မြန်မာမဟုတ်ဖူးလို့(နိုင်ငံခြားရောက်)တိုင်းရင်းသားအချို့က ထင်ထားကြတာလည်းကိုလိုနီစနစ်သွေးခွဲအုပ် ချုပ်မှုရဲ့လောင်းရိပ်မိခဲ့တဲ့အတွက်ကြောင့်ပါ။ မြန်မာ့သမိုင်းမှာသင်ခဲ့ဖူးကြမှာပေါ့နော်။ နယ်ချဲ့လက်အောက် ကိုကျရောက်သွားတော့နယ်ချဲ့တွေဟာတောင်တန်းနဲ့ပြည်မပူးပေါင်းမှုမဖြစ် အောင်ခွဲခြား အုပ်ချုပ် ခဲ့ပါတယ်။


တိုင်းရင်းသားတွေပေါင်းစည်း မိသွားယင်သူတို့အုပ်ချုပ်ရေးကိုထိခိုက်မယ်ဆိုတာစဉ်းစားမိလို့ပါကွယ်။ ဒါပေမယ့်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတော့တောင်တန်းဒေသတွေကို ကိုယ်တိုင်ဆင်းပြီး စည်းရုံးရေးရယူခဲ့ပြီးတော့၁၉၄၇၊ဖေဖေါ်ဝါရီ(၁၂)ရက်နေ့မှာပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။တိုင်းရင်း သားတွေစည်းလုံးမှုနဲ့ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ဒါကြောင့်တိုင်းရင်းသားတွေ ပေါင်းစည်းမှုကြောင့် လွတ်လပ်ရေးရရှိခဲ့တယ်ဆိုတာမမေ့ သင့် ပါဘူး။


တိုင်းရင်းသားတွေမှာလည်းမျိုးနွယ်စုတွေထပ်ပြီးကွဲသွားပါ သေးတယ်။ ရှမ်းမျိုးနွယ်အောက်မှာကို နောက် ထပ်မျိုးနွယ်စုတွေ ထပ်ရှိနေပါသေးတယ်။ဗမာမှာတောင်ဗမာ(၇)မျိုးရှိတယ်လို့ဖတ်ဖူးပါတယ်။ဒါကြောင့် ကျွန်တော်တို့လည်းပတ်ဝန်းကျင်မှာရှိနေကြတဲ့တိုင်းရင်းသားအချင်းချင်းကိုမသိတာတွေ သိမြင်လာအောင် ပြောပြပေးယင်သူတို့လည်းမြန်မာဆိုတာလက်ခံလာကြမှာပါ။


မြန်မာလူမျိုး၊ဗုဒ္ဓဘာသာမြန်မာလို့သတ်မှတ်ထားတဲ့ နယ်နမိတ် ဧရိယာမှာနေထိုင်တဲ့ လူမျိုးအားလုံးဟာ
မြန်မာလူမျိုးပါတောင်တန်းဒေသမှာရောက်နေတဲ့ တိုင်းရင်းသားတွေက တခြားဘာသာတွေများတယ်
ကူးသန်းသွားလာရေးအခက်အခဲကြောင့် အရင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေမရောက်နိုင်ခဲ့လို့ သူတို့နဲ့ နီးစပ်တဲ့ဘာသာတွေကိုကူးပြောင်းသွားကြတယ်လို့ယူဆပါတယ်(ကျနော် ယူဆတာနော် မှားချင်လဲမှားမယ် ဒါပေမယ့်မြန်မာနယ်နမိတ် ဧရိယာထဲမှာနေထိုင်တဲ့သူအားလုံးဟာမြန်မာလူမျိုးပါ၊အကြောင်းအမျိုးမျိုး ကြောင့်လက်ခံတဲ့ဘာသာအယူဝါဒတော့ကွဲသွားချင်ကွဲသွားမှာပါ (မြန်မာလူမျိုး၊ဗုဒ္ဓဘာသာ)မြန်မာဘုန်း တော်ကြီးတွေအလုပ်မလုပ်တာလဲ မဟုတ်ပါဖူးတချို့ဆိုတောင်တန်းဒေသတွေမှာ သွားပြီး သာသနာ ပြုနေတဲ့ဘုန်းတော်ကြီးတွေရှိပါတယ်။


တချို့ကတော့ တောင်တန်းဒေသတွေ မသွားနိုင်ဖူး ၊ ဒါပေမယ့် သူတို့သွားနိုင်တဲ့နေရာဒေသတွေမှာ နယ်လှည့်တရားဟောနေတဲ့ဆရာတော်တွေအများကြီးရှိပါတယ်အများကြီးနော်ပြီးတော့ မိမိက ဘယ်လို ခံယူချက်မျိုးလဲငွေကြေးအကူညီတွေမြောက်များစွာထောက်ပံ့နိုင်တဲ့ ဘာသာအယူဝါဒကို အားကျနေတာ လားမြန်မာဘုန်းတော်ကြီးတွေဟာ ပိုက်ဆံကို လက်ဝယ်ကိုင်တွယ် အသုံးပြုလို့ကို မရတာပါ .. ( ကပ္ပိယ
သော်လည်းကောင်း၊အကျိုးဆောင်သော်လည်းကောင်း အဲဒီလိုလူတွေကဘုန်းတော်ကြီးရဲ့ အစေအမိန့်နဲ့ အလှူခံရရှိတဲ့ အလှူငွေတွေကို လက်ခံခြင်း လိုအပ်တဲ့ နေရာတွေမှာ ပြန်လည်လှူဒါန်းခြင်း တို့ကို ဗုဒ္ဓသာသနာအဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ အတွက်တဆင့်ခံ ဆောင်ရွက်ပေးရပါတယ်) မိမိအတွက်
အကျိုးလဲမရ၊နောက်ခံထောက်ပံမယ့်သူလဲမရှိ ၊ နယ်လှည့်တရားဟော၊ရရှိတဲ့အလှူငွေ အလှူပစ္စည်းတွေကို ဒီလောက်အပင်ပန်းဆင်းရဲခံပြီးကိုယ်ကျိုးအတွက် အသုံးမပြု မရှိဆင်းရဲ ၊ ဒုက္ခရောက်နေတဲ့ သူတွေ ၊နေရာတွေကိုလှူဒါန်းနေတဲ့ကြည်ညိုဖွယ်ရာ၊ဂုဏ်ယူဖွယ်ရာမြန်မာဘုန်းတော်ကြီးများပါ။


မြန်မာတွေဘုန်းကြီးကျောင်းကို တပတ်တခါမသွားနိုင်ကြတာတော့လက်ခံပါတယ်နေ့တိုင်း ဘုန်းတော် ကြီး ကျောင်းမသွားနိုင်ပေမယ့်လည်း မြန်မာလူမျိုးတွေဟာမိမိတို့ကိုးကွယ်နေတဲ့ ဘုရှားရှင် ၊ ဘာသာအယူဝါဒနဲ့ ကင်းကွာနေသူတွေမဟုတ်ကြပါဖူး၊အဲဒီလိုယူဆလိုက်ရင်လဲ အမှားကြီးမှားပါတယ်မြန်မာတွေရဲ့ အိမ်တိုင်းမှာ ဘုရားခန်း၊ဘုရားကျောင်းဆောင်ရှိပါတယ် ..( ဘာလို့ ဘုရားစင်လို့ မသုံးနှုန်းရတာလဲ ရှိပါတယ် .. ဥပမာ - စာအုပ်တင်တဲ့စင်ကိုစာအုပ်စင် ၊ ဖိနပ်တင်တဲ့ နေရာကို ဖိနပ်စင် အမျိုးမျိုးရှိကြပါတယ် .. အဲဒီတော့ မိမိတို့
ကိုးကွယ်တဲ့ဘုရားဆင်းတုတော်လေး တင်ထားတဲ့နေရာကို ဘုရားစင်လို့သုံးနှုန်းလိုက်ရင် အမွန်အမြတ် ၊ အလေးနက်မထားရာကျပါတယ်) နေ့တိုင်းဆွမ်းတော်ကပ် ၊ သောက်တော်ရေလဲ ၊ ဆီမီး အမွှေးတိုင် ပူဇော် နေ့တိုင်းဝတ်ပြုတတ်ကြပါတယ်။


ဘုန်းတော်ကြီးကိုရင်လေးသီလရှင်လေးကအစဆွမ်းဆန်စိမ်း၊အလှူငွေ၊ဆွမ်းဟင်း စသည်ဖြင့်မိမိတတ်နိုင် သလောက်လှူတမ်းပေးကမ်းတတ်ကြပါတယ်ဥပုသ်နေ့ အခါကြီးရက်ကြီးနေ့တွေမှာတော့ဘုန်းကြီး ကျောင်း သွားကြမသွားနိုင်သော်တောင်မှတရားနာပြီး ဥပုသ်ဆောက်တည်တတ်ကြပါတယ် ၊ အခါကြီးရက်ကြီး နေ့တွေမှာမြန်မာဘုန်းတော်ကြီးတွေ ဟောပြောတဲ့တရားပွဲများစွာဟာလဲ ဘုန်းကြီးကျောင်းမှာကော ရပ်ကွက်တွေထဲမှာကောရှိပါတယ် (တခြား ဘာသာတွေလိုတော့ တပတ်တခါ လူအများ စုစည်းမှု တော့မရှိဖူးပေါ့ဗျာ)ဗုဒ္ဓဘာသာ ကနေ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် တခြားဘာသာပြောင်းသွား တဲ့သူတွေဆိုရင်လုံးဝကိုအထင်မကြီး၊မလေးစားဖူးဗျာမိမိအဘိုး ၊မိမိ မိဘတွေကဗုဒ္ဓဘာသာ ဖြစ်ခဲ့ရင် မိမိ နှင့်မိမိသားသမီး၊မြေး ၊ မြစ်တွေဟာလဲဗုဒ္ဓဘာသာပဲဖြစ်သင့်ပါတယ်။


ဘိုးဘွားစဉ်ဆက်မိရိုးဖလာကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာမို့လို့ ဆက်လက်ကိုးကွယ်သင့်တယ် ဆိုတဲ့သဘော မျိုးနဲ့ပြောတာမဟုတ်ပါဖူး၊ကျနော်တို့ ဘုရားရှင်ဟောပြောတဲ့တရားတော်တွေဟာအင်မတန်မှမွန်မြတ်၊ ကောင်း မွန်လွန်းလို့ကို ကိုးကွယ်သင့်တယ်လို့ ဆိုလိုခြင်းပါ)မိမိက ဘုရားမှတပါး ကိုးကွယ်ရာမရှိဆိုတဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုရင်နတ်၊ဗေဒင်၊ လက္ခဏာကအစဆင်ခြင်သင့်ပါတယ်. ဟုတ်တယ်လေ ဘုရားမှတပါးကိုးကွယ်ရာမရှိဆိုတဲ့ သူတယောက်က နတ်ကတော်တွေ၊ဗေဒင်လက္ခဏာဆရာတွေ တောင်စဉ်ရေမရလျောက်ပြောတဲ့အရာတွေကို ယုံကြည်လို့ပဲဖြစ်ဖြစ်၊မယုံကြည်သော်ငြားပဲ ဖြစ်ဖြစ် လိုက်လံ လုပ်ဆောင်နေစရာမလိုအပ်ပါဖူး ..လိုက်လံလုပ်ဆောင် နေစရာမလိုသလို သွားရောက်မေးမြန်း စရာကို မလိုအပ်တာပါ။


မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသား၊အမျိုးသမီးကောင်းများ အထူးသတိထားစရာပါမြန်မာနယ်နမိတ်ဧရိယာ အတွင်းမှာနေထိုင်သူအားလုံးဟာမြန်မာလူမျိုးပါ၊မြန်မာလူမျိုးလို့မိမိကိုယ်ကို ပြောရတာသိမ်ငယ်စရာ မဟုတ်ပါဖူးအဲဒီလိုပဲ မိမိကဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဆိုရင် မလှူတမ်း ၊ မပေးကမ်းနိုင်လို့ လည်းပဲ
သိမ်ငယ်စရာမဟုတ်ပါဖူး၊သူများဘာသာတွေပေးကမ်း လှူတမ်းနေနိုင်တာကိုသာဓုခေါ်ပြီး ၀မ်းမြောက် ၀မ်းသာဖြစ်နေသင့်တာပါသူများဘုန်းတော်ကြီးတွေလှူတမ်းထောက်ပံနေနိုင် တာတွေကို အားကျနေတဲ့ သူတွေကကောမြန်မာဘုန်းတော်ကြီးတွေ နယ်လှည့်တရားဟော ၊ လှူတမ်း ပေးကမ်းနေတာတွေကို
မမြင်မိကြလို့လား၊မြင်အောင်ကြည့်ကြပါဗျာမြန်မာလူမျိုး၊ဗုဒ္ဓဘာသာ ပါလို့ပြောနေရခြင်းကိုက ဂုဏ်ယူ ဖွယ် ရာပါ။


                                                      ****@@@@****


တစ်ယောက်နဲ့တစ်ယောက်ကေ၇ာက်နေတဲ့နိုင်ငံကမတူကြတော့ ကိုယ်တိုင်ခံစားနေကြတဲ့အကြောင်း လေး ကိုပြောပြပေးစေချင်ပါတယ်။


      ===============================================================



Reply by K on June 16, 2010 at 8:12pm
ကျွန်မကတော့ ရောက်တဲ့နေရာတိုင်းမြန်မာလူမျိုးပါ။ ကျွန်မက Comnodia နိုင်ငံက International ကျောင်းမှာ အလုပ်လုပ်နေသူပါ။ ကျွန်မဒီကိုရောက်လာတာ အရမ်းတော်လို့မဟုတ်ပါဘူး။ ကျွန်မတို့သူဌေးက မြန်မာလူမျိုးက အရမ်းရိုးသားကြတယ်ဆိုပြီး ကျွန်မတို့ကို မြန်မာနိုင်ငံထိ လာခေါ်တာပါ။ ကျောင်းရဲ့ အဓိက officer နေရာတိုင်းမှာ ကျွန်မတို့လူမျိုးတွေချည်းပါဘဲ။ သူ့လူမျိုးကိုတောင် ငွေမကိုင်ရပါဘူး။ အဓိက ကတော့ ရိုးသားမှု့နဲ့ သတင်းပေါက်ကြားမှု့မရှိခြင်းကြောင့်ပါ။ ကျွန်မတို့ကျောင်းမှာ လုမျိုးပေါင်းစုံရှိပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုပ်၊ ဖိလစ်ပင်း၊ India၊ မြန်မာလူမျိုးနဲ့ သူတို့လူမျိုးပါ။ သူဌေးက ကျွန်မတို့လူမျိုးကို စိတ်အချဆုံးပါ။ သူမ အမြဲပြောတာက မြန်မာလူမျိုးက အရမ်းရိုးသားကြတယ်တဲ့။
Reply by ပန်းနှင်းဆီ 16 minutes ago
ထောက်ခံတယ်ငညရေ....
နှင်းဆီဆိုရင်လည်း ဘယ်တော့မှ ဘယ်နေရာကိုရောက်ရောက် ကိုယ်ဟာ မြန်မာလူမျိုးပါလို့ ပြောဖို့ကို ဝန်မလေးဘူးကွ....
ကိုယ့်လူမျိုးကိုချစ်မှ ကိုယ့်အမျိုးလည်း မြင့်မှာလေ....
ကိုယ်ကိုယ်တိုင်ကိုက နှိမ့်ချနေရင် တစ်ပါးသူတွေလည်း နှိမ့်ချမှာပဲ....
ကိုယ်ကိုယ်တိုင်ကလည်း မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကျန်တဲ့ ကိုယ့်မြန်မာလူမျိုးတွေအပေါ်မှာပါ ယုံကြည်အောင် အထင်ကြီးအောင် စံပြမဖြစ်ရင်တောင် အထင်မသေးအောင်နေတယ်....
ဘယ်တော့မဆိုလည်း မြန်မာမှန်းသိအောင် နေပြတယ်...ပြောပြတယ်....
ဘယ်နိုင်ငံမှာပဲရောက်ရောက် ...
ဘယ်လောက်ပဲ သူများနိုင်ငံရဲ့ နိုင်ငံသားအဖြစ်ပဲပြောင်းလဲပြောင်းလဲ ကိုယ်ထဲမှာစီးဆင်းနေတဲ့ မြန်မာလူမျိုးရဲ့သွေးကိုတော့ ဘယ်တော့မှမပြောင်းလဲနိုင်ပါဘူး.....မြန်မာဟာ မြန်မာပါပဲ....
အဲ့တော့ ပန်းနှင်းဆီဟာ မြန်မာလူမျိုးတစ်ယောက်ပါ....
မြန်မာလူမျိုးဖြစ်၇တာကိုလည်း အမြဲဂုဏ်ယူနေမှာပါရှင်....
ကျေးဇူးပါပဲ....
Bottom of Form
        =============================================================


ခင်မင်စွာဖြင့်
ညအလင်္ကာ

5 ယောက်က စာမူခပေးတယ်း):

blackroze said...

ဘယ်နေရာဘဲရောက်ရောက်ပါ...
မြန်မာဆိုတာ...မြန်မာပြည်ကလာတယ်ဆိုတာ
ပြောရဲရမှာပါ...

sosegado said...

ဟုတ်တယ်ဝေ့၊ တို့လည်း မြန်မာဝေ့၊
ဗုဒ္ဓဘာသာ ဆိုပေမဲ့လည်း တခြားဘာသာတွေ ကိုးကွယ်တာကိုလေးစားပါတယ်
လေးစားသင့်ပါတယ် ခုလည်းအတူနေခင်မင်လျှက်ပါပဲ ငယ်ပေါင်းတွေကိုး၊
သူတို့ဆီကတဆင့် ဘုရားကျောင်းတွေမှာ မြန်မာဆိုတာကို စမှားနေတာတွေ့ရပါတယ်၊
အပြင်ရောက်လာတော့ ပိုဆိုးတာပေါ့၊ နားလည်မူ့ လိုပါလိမ့်မယ်။
ဗမာဖြစ်ပြီး မြန်မာလို့ပြောရမှာ ကြောက်တဲ့သူတွေက ပိုဆိုးသဗျ။

SHWE ZIN U said...

တချိန် မှာတော့ မြန်မာ ပါဆိုပြီး ဂုဏ်ယူဝံကြွားစွာ ပြောနိုင်မှာပါ
ကိုယ့်မိဘ ဘယ်သူဆိုတာ မပြောရဲတာ မပြောနိုင်တာ ရှက်စရာကောင်းပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ကိုယ့်မိဘ ဘယ်သူ ဆိုတာ မပြောရတာ မပြောနိုင်တာ ရှက်စရာကောင်းပါတယ် ကိုယ့်တိုင်းပြည် က ကိုယ့် မိဘ တွေဘဲမဟုတ်လား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

မင်းရေးထားတာ အရေးအသားကောင်းပါတယ်... မင်းက မြန်မာနိုင်ငံမှ မြန်မာလူမျိုးများ နိုင်ငံခြားရောက်ရင် မြန်မာပါလို့... ရဲရဲဝံ့ဝံ့ ပြောစေချင်...ပြောနိုင်အောင် လုပ်စေချင် တယ်ထင်ပါတယ်... အဲဒိလိုပြောရင်... မြန်မာနိုင်ငံဟာ ဗုဒွဘာသာအများစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်... ဒါပေမယ့် မင်းဂုဏ်ယူစေချင်တဲ့အထဲမှာ...အကြောင်းပြချက်က ဗုဒွဘာသာ အကို အားပြုထားတယ်.. ဖြစ်နိုင်ရင် ဘာသာရေးကို အားပြုမရေသင့်ဘူး...လို့ ကျွှန်တော်ထင်တယ်... ကျွန်တော် တို့နိုင်ငံမှာ တခြားဘာသာဝင် မြန်မာလူမျိုး တော်နေတာတွေ အများကြီးပါ.. ဗုဒွဘာသာဝင်မှာ ကောင်းတာမဟုတ်ပါဘူး.... တခြား ဘာသာဝင်များလည်း ကောင်းပါတယ်... ဒါ့ကြောင့် ဗုဒွဘာသာကို အားပြုပြိးမရေးစေချင်ဘူး...အထူးသဖြင့် အခု လို့ လူမျိုးရေး မြှင့်တင်တဲ့ ကိစမှာ ပိုပြီး ဂရုစိုက်သင့်ပါတယ်.... မှတ်ချက် ကျွန်တော် ထေရ၀ါဒ ဗုဒွဘာသာဝင် ပါ... ကျေးဇူးတင်ပါတယ်.

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။