Friday, June 25, 2010

အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)

တရုတ်စကားပုံတစ်ခုရှိတယ်မဟုတ်လား………
“ စာကောင်းပေးကောင်းလေးများ ဖတ်လို့ရှိရင်… အချစ်ဆုံးကို မိတ်ဆွေကို သတိရပါတဲ့”
“အစားကောင်းကလေးများစားရင်လည်း သတိရပါတဲ့”…..
အဲ့လိုပဲ ကျနော်ညီလေးလည်းဖြစ်တဲ့ လုလင်ပျို တို့များလည်း လုပ်ချလိုက်ပုံက……
ပန်းသီးတစ်လုံးကိုများဗျာ ကိုယ့်ဘာသာကိုယ် စားပစ်လိုက်ပေါ့ဗျာ…….အခုတော့ မဟုတ်ပေါင်ဗျာ……
“ ပန်းသီးရဲ့ အပေါ်ပိုင်းလည်းမဟုတ်……..အောက်ပိုင်းလည်းမဟုတ်၊ အလယ်ပိုင်းကိုစားပြီးမှ အကိုဖြစ်သူကို
သတိရတာနဲ့ ကျွေးတော့ ကျွေးပါရဲ့…….ဟဲဟဲ…………….
မွေးစားအကို ညအလင်္ကာကို တက်ဂ်ပိုစ့် ပေးပါတယ်ဆိုလာမှတော့…………….အင်း
ကျနော့် ခေါင်းပေါ်မှာ တပင်စ…နှစ်ပင်စ ဖြူစေတဲ့ ကြာဇံကလေးတော့ မောင်ဖိုးနမ်းကြောင့် လိုက်ပွဲ တစ်ပွဲစာ
ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ … “ ဟိုက် …..ရှာလပါး” ( အီကြာကွေး)ကြီးရဲ့စကားကို ခဏငှားသုံးလိုက်ပါတယ်………………

တစ်ဖက်ဘားတိုက်အဆောင်က ရုံးစာရေးကြီး တံခါးဖွင့်သံကြောင့် ကျနော် ၀မ်းမြောက်သွားပြီး စာရေကြီးကိုဆရာတင်ပြီး
အချစ်အကြောင်း ပန်းသီးအကြောင်းမေးရချေပြီးအထင်နဲ့ မောနင်းနှစ်ပတ်ကလေးကို ကိုင်ပြီး စာရေးကြီးဘားတိုက်
ဘက်ကို ခြေဖွဖွကလေးနင်းပြီး
“ ဟဲလို ဦးလေးစာရေးကြီး မောနင်းနှစ်ပက်လောက် သုံးဆောင်ပါဗျာ”
ကျနော် မျက်လုံးပေကလပ်ပေကလပ်နဲ့ စာရေးကြီးဆီကို ကမ်းအပေး ……………….
စာရေးကြီးကလည်း မောနင်းနှစိပက်ကို ဇက်ခနဲ့ ဆွဲယူမော့သောက်ပြီး..
ကဲဆို………………….မောင်အလင်္ကာ။။။။။။ ဘာကိစ္စလဲကွ
…ငါမနေ့က Night Duty ကျထားတယ် တစ်ရေးအိပ်ဦးမယ်။။။။။။။။။။။ပါးစပ်ကလည်းပြော
တံခါးနှစ်ချက်ကိုပိတ်မယ်လုပ်တုန်း…….

“ ဒီလိုပါ စာရေးကြီးရ ဒေါကြီးပဲ……..ဟဲဟဲ
အချစ်ဆိုတာ …….ဘာလဲ ? အဲ့ အဲ့ဒီကိစ္စ မေးချင်လို့ပါ………………..လို့ပါပြောတုန်းရှိသေး

စာရေးကြီးက မျက်ထောင့်နီးကြီးနဲ့
“ဟဲ့ကောင့် အလင်္ကာ မသေမချင်းမှတ်ထား…အချစ်ဆိုတာ ဗျစ်….ဗျစ်….ဗျစ်နဲ့ကွ”
ဂျိန်းဆိုတဲ့တံခါးပိတ်သံနဲ့အတူ
“ အော် အချစိဆိုတာ ဗျစ်…..ဗျစ်……..ဗျစ် ကြီးကို”…………….အဲ့ဒီအဓိပ္ပါယ်ကိုမသိတဲ့ ကျနော်ကတော့ စဉ်းစားနေတုန်းပဲ.......

“ ဟေ့…ဟေ့ …ဆင်ကြီးကွ ဆိုတဲ့ ကလေးတစ်သိုက်အော်ဟစ်ပြေးလွှားသံနောက်ကို မျက်လုံးဝှေ့ကြည့်လိုက်တော့……..

အားပါ ဆင်ကြီးတစ်ကောင်……………………ပါလား ကြိုက်ပြီဟေ့ ။။။။။။။။။။။ ဆန္ဒာ ဆင်မင်းဆိုတာ ဒိဆင်ကြီးပဲ ဖြစ်ရမယ်
ပညာရှိ ဆင်မင်းဆိုတော့ အာဒံ နဲ့ဧ၀ ၊ ပန်းသီးတစ်လုံး၊ အချစ်…….ဟုတ်ပြီ……….ဟားဟား
ငါဆိုတဲ့ အလင်္ကာ ဟာလည်း နှယ်နှယ်ရရ မှ မဟုတ်တာ ဆောင်းပါကလေးတစ်ပုဒ်ပါဖို့ .၀တ္တူတိုလေး တစ်ပုဒ်ပါဖို့…….
သုံးနှစိသုံးမိုး စောင့်ရတဲ့ ပညာရှီ ညအလင်္ကာပါကွာ……

တွေးနေရင်း သတိရလို့ကြည့်လိုက်တော့
ဟိုက်…………….ဆင်ကြီးက အဝေးကို ရောက်…………ဖုန်တစ်ထောင်းထောင်းနဲ့ကလေးတစ်သိုက်ကတော့ ရွာပြင်က
ဇရပ်အိုနားရှိ ရေအိုးကို အကုန်သောက် နေကြပြီပဲ……….
“ ဘာရမလဲ။။။။။။။။။။။ငါကွ…. နောက်ကျတဲ့ ဖနောင့် သစ္စာဖောက်ပဲ ပညာရှိ ညအလင်္ကာကွ လို့ အော်ဟစ်ပြီး ဖိနပ်ကို
ခါးမှာထိုး၊ ဆင်ကြီးနောက်ကို ပြေးလိုက်ရတာ ကမ္ဘာ့မီတာ 100 စံချိန်ရှင် ဟူးစိန်ဘော့………….ကို
ပျင်းတောင်ပျင်းသေးတယ်လို့…

ဟေးဟေး မှီပါပြီ ဆင်မင်းရယ် မင်းဘယ်ပြေးမလဲ ဧ၀ရယ် …အဲ ဟုတ်ပေါင်………..
ကဲ မောတာကို ဘေးချိတ်…ပန်းသီး၊ အချစ်၊ အာဒံ နဲ့ ဧ၀ …………………
ဟိုက် …….သွားပြန်ပြီကလော………………မေးမဲ့တာ မေးရတာ ဆင်ဆိုတာ ကြံစားတာပဲ

မတတ်နိုင်ဘူး မေးတော့မေးရမှာပဲ.
ဗျို့ ကိုဆင်မင်းကြီး ခဏနေပါဦင်္း………..မေးစရာလေးရှိလို့ဗျာ

ခင်ဗျား……ပန်းသီး………….အဲ့ဟုတ်ပေါင် “ ကြံတစ်ချောင်းစပြီး စုပ်တော့မယ်ဆိုရင် အရင်းက စုပ်လား၊ အဖျားကစုပ်လား?
အဲ့ လိုပဲ အချစ်ဆိုတာဘာလဲ ခငိဗျာသိနိုင်မလား? သိနိုင်ရင်တော့ ပြောပြပေးဗျ

အံမယ် ကိုရွှေဆင်ကြီးကလည်း မခေဘူး ချက်ချင်းကို မျက်မှောင်ကို ကြုတ်၊ အလွန်ကျဦးမြောင်းတဲ့ မျက်ဝန်းထဲက
မျက်ထောက်နီကြီးနဲ့ “ ဟဲငတုံးလူသား။။။။။။။။။။။။။။ငါ့ဘာသာ ကြံကို ဘယ်လိုစုပ်စုပ်၊ နင့်အေ၇းလား”
“ အေး….. နင်သိချင်ရင်တော့ နင်ရဲ့ကြီးတော်ကို သွားမေး.. အရင်းက စုပ်တာလား၊ အဖျားက စုပ်တာလားလို့”

အချစ်ဆိုတာကိုတော့ ငါကြံစုပ်သလိုပဲ ပျစ်ပျစ်ချွဲချွဲနဲ့လို့ပဲ ပြောပြလိ့မ်မယ်…………………
အဲ့လို ကျနော်ကို ပြောလည်းပြော သူ့ရဲ့ ခြေလှမ်းကြီးနဲ့ ထွက်သွားတော့ “သေပြီဆရာ” အနဂ်ဂ ရေ ကယ်ပါဦး……..
အော် .........
လူတိုင်း .......တိရစ္ဆာန် တိုင်းမှာ သူ့ အမြင်နဲ့ သူ ရှိကြတာပဲလို့ ..............

အော် ပန်းသီး…ပန်းသီး တော်တော်ကို ဒက်ခ ပေးတယ်
ကျနော်ကတော့ ဒီလိုသာ ပြောလိုက်ချင်တယ်...............
အာဒံရေ………………..
ပန်းသီးဆိုတာ အေးတဲ့ဒေသ ချင်းတောင် ကချင်ပြည်နယ်ဈ တရုတ်ပြည်နယ်ဈ ဘယ်နိုင်ငံကပဲ ထွက်ထွက် ပန်းသီးဟာ
ပန်းသီးပါပဲ ချိုမယ်……စိမ့်မယ်………ဖွတတလေးနဲ့ ဘယ်လောက်နူးညံသလဲ………………….
ဒီလိုပဲပေါ့ ချစ်သူရယ်……………….
ဟို ခြေချောင်းကလေးကနေ ဆံကေသာအထိ ပန်းသီးလိုပဲပေါ့…….
ချိုတဲ့နေရာ ချိုမယ်…….
စိမ့်တဲ့နေရာစိမ့်မယ်
ဖွတတလေးဖြစ်တဲ့နေရာမှန်သမျှဟာ ပန်းသီးပေါ့……………
ကိုက်ထားလို့ရတယ် ……………ငုံထားလို့ရတယ်………….
ဒါကြောင့် “ ဧ ၀ ” ကို ပန်းသီးတစ်လုံးလိုပဲ “ အာဒံ ” အတွက် ဖန်ဆင်းပေးခဲ့လေသလား

သို့ပေမဲ့ ……………………..
အမေးပေါင်းများစွာ ၊ အတွေးပေါင်းများစွာနဲ့ပဲ
အာဒံ သေချာမသိခဲ့ရတဲ့ပန်းသီးတစ်လုံးရှိလာခဲ့ရတာပါပဲ

ညအလင်္ကာ( Forever)


ဒီ တဂ်ပိုစ်အတွက် ကျနော်ေ၇းနိုင်သလောက်တော့ေ၇းလိုက်တာပဲ
ခေါင်းစဉ်နဲ့တော့ ကိုက်ညီချင်မှ ညီလိမ့်မယ်
ပထမဆုံးရေးရတဲ့အတွက် အမှားများပါရင် ခွင့်လွတ်ပါလို့.................

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။