Sunday, June 20, 2010

နာမည်ကိစ္စ

****************@***************@****************@***************

အ လုပ်တွေအရမ်းများနေလို့ ဘလော့ကိုလှည့်မကြည့်ဖြစ်တာလည်းကြာပြီ ခုလောလော ဆယ်တော့ စိတ်ပန်းလူပန်းပဲ။ အိပ်ရေးပျက်လွန်းလို့ မျက်ကွင်းတွေက အီမိုလိုင်းထဲရောက်မှန်း မသိရောက်လို့ ။တစ်ခါတစ်ခါ အလုပ်လုပ်ရင်းအိပ်ငိုက်နေလို့ ကော်ဖီတွေခါးတူးနေအောင်ဖျော် ပြီး အိပ်ငိုက်ဖြေရသေးတယ် လုံးဝမထိန်းနိုင်တော့လို့ အိပ်ချင်လာပြီဆိုရင်တော့ မပြေးရုံတမယ်လမ်းဆက်တိုက်လျှောက်နေလိုက်တယ် ပြီးရော။

ပြီးခဲ့တဲ့ 28 ရက်နေ့က ဆိုင်ဖွင့်လိုက်တယ် အင်တာနက်ဆိုင်ပါ ဆိုင်မဖွင့်ခင်လေးရက်လောက်အလိုက တည်းက လူကအိပ်ရေးပျက်လိုက်တာ ခုဆိုင်ဖွင့်ပြီး (၂၀) တောင်ရှိနေပြီအိပ်ရေး၀၀ မအိပ်ရသေးဘူး။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်အော် ငါတစ်ဖြည်းဖြည်းကြွက်စုတ်ကလေးနဲ့ တူလာပါလားလို့ ပညတ်သွားရာ ဓါတ်သက်ပါသွားတာနဲ့တူပါတယ် ဘာလို့ဆိုတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို မစ်ကီမောက်စ် လို့ခေါ် တာကိုး ။

ဟိုတလောကမေးလ်ထဲကို ၀င်လာတယ် နတ်သမီး သင်တန်းများတဲ့ သင်တန်းတွေကတော့အများကြီးပဲ သရုပ်ဆောင်သင်တန်း၊ဒါရိုက်တာသင်တန်း၊ ပန်ချီသင်တန်း၊ ၀တ္ထုရေးနည်းသင်တန်းတဲ့ ကိုယ်က“စာ” နဲ့ ပတ်သက်ရင် စိတ်ဝင်စားတဲ့ကောင်ဆိုတော့ ၀တ္ထုရေးနည်းသင်တန်းတဲ့ စာနယ်ဇင်းသင်တန်းတဲ့ အဲ့ဒါနဲ့ စိတ်ဝင်စားသွားပါတယ်။ ဖောင်တင်ရမယ်ဆိုလို့ လိုအပ်တာတွေဖြည့်ပြီး ဖောင်တင်လိုက်ပါတယ် သူကလူ ဦးရေလည်းကန့်သတ်ထားသေးတယ် သင်တန်း Course တစ်ခုကို သင်တန်းသား ငါးဆယ်ပဲလက်ခံတယ်။ ပြီးတော့ လူတစ်ယောက်ကို သင်တန်းတစ်ခုပဲတက်ခွင့်ရှိတယ်။

သင်တန်းတွေအများကြီးပေမယ့် ကိုယ်ကစာပဲစိတ်ဝင်စားတဲ့ကောင်ဆိုတော့ စာနဲ့ပတ်သက်တဲ့ ၀တ္ထုရေး နည်းသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်တယ် ။ အဲ့ဒါနဲ့သင်တန်းတက်ခွင့် ဖောင်တင်ပြီးစောင့်နေလိုက်တာ ၂၈ ရက်နေ့ကမှ သင်တန်းဖွင့်ပြီဆိုတဲ့ စာကိုတွေ့လိုက်ရတယ်။ သင်ခန်းစာပါတစ်ခါတည်းတွဲပေးတယ် ကိုယ်က သင်ခန်းစာလုပ်ဖို့ကြည့်တော့ ၀ါကျတိုဝါကျရှည် ပြဿနာတဲ့ အဲ့ဒီပြဿနာအပေါ် ကိုယ့်အမြင် လေး ဝေဖန်ရေးလို့ပဲပြောကြပါစို့ရေးခိုင်းတာ ဝေဖန်ဖို့ကိစ္စဆို ကိုယ့်ကိုကိုယ်တောင် မဝေဖန်ချင်တာမို့ အဲ့ဒီ သင်ခန်းစာကိုမလုပ်ပဲ ပေနေလိုက်ပါတယ်။

ဒုတိယမြောက် သင်ခန်းစာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ် သူသင်ခန်းစာလုပ်ဖို့ပေးထားတာက ဒီလိုပါ..
လေ့ကျင့်ခန်း
ဒီတစ်ပတ်လုပ်ရမယ့်လေ့ကျင့်ခန်းကတော့ ....
- သင်အိပ်ရာက နိုးတဲ့အခါ သင်လုံးဝမရောက်ဘူးတဲ့၊ သင်သိတောင်မသိတဲ့
ဂြိုဟ်တစ်လုံးပေါ်မှာ သင်ရောက်နေတယ်။
အဲဒီဂြိုဟ်ကရော ဘယ်လိုမျိုးလဲ? ပြီးတော့ သင် ဘာတွေ ဖြစ်သလဲ?
စိတ်ကူးပြီး ရေးပေးစမ်းပါ။
တိုတိုလေးမရေးနဲ့နော်။ လျှောက်လွှာ စာရွက် ၈မျက်နှာလောက်ရအောင် ကြိုးစားပြီးရေး။
အထက်က ပို့ချချက်မှာ ပြောထားသလိုပဲ။ သင်ဟာ စာရေးရတာကို မြတ်နိုးပြီး တရေးထဲ ရေးရတော့မှာ
ရှေ့တစ်ပတ်က လေ့ကျင့်ခန်းအတွက် ရမှတ်တွေကို နောက်နေ့မှာ ကြော်ငြာပေးပါ့မယ်။
အခုလေ့ကျင့်ခန်းကိုတော့ အချင်းချင်းအမှတ်ပေးကြမယ်။
ဇွန် ၁၆ နောက်ဆုံးထားပြီး ဒီလေ့ကျင့်ခန်းကို ပြန်ပို့ပါ။ ၀တ္ထုသင်တန်းသားအားလုံးဆီ လေ့ကျင့်ခန်းတွေ ပြန်ဖြန့်ပြီး အမှတ်ပေးခိုင်းမယ်။
ဒါမှ အကြောင်းအရာတူတူကို ကိုယ်ဘယ်လိုတွေးသလဲ သူများဘယ်လိုတွေးသလဲ ယှဉ်ကြည့်နိုင်မယ်။
ပြီးတော့ သူများလက်ရာတွေရဲ့ အကောင်းအဆိုးကိုလည်း အကဲဖြတ်နိုင်သွားမယ်လေ။

အဲ့ဒါနဲ့ သူပြောတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားပြီး ဒီသင်ခန်းစာကိုတော့ ကောင်းကောင်းလုပ်ဖြစ်ပါ တယ်။ သင်ခန်းစာတော့ ပို့ပြီးပါပြီ ခုထိတော့အကြောင်းအရာက မထူးခြားသေးဘူးလေ

~~~~~~~~~~~~@~~~~~~~~~~~~@~~~~~~~~~~~~~@~~~~~~~~~~~

ကျွန်တော်ပြောချင်တာက အဲ့ဒါမဟုတ်ပါ ကျွန်တော်မှာအကျင့်တစ်ခုရှိပါတယ် ဆိုးဝါးတဲ့အကျင့်လား ကောင်းတဲ့အကျင့်လား တော့မသိပါဘူး။ နာမည်တွေ အမျိုးမျိုးပြောင်းတဲ့ ကိစ္စပါ ကျွန်တော်ကြိုက်လို့ရွေး ထားတဲ့နာမည်တွေက နောင်ပြန်ကြည့်တဲ့အခါ မကောင်းဘူးလို့ထင်နေတတ်ပါတယ်။ အဲ့ဒါနဲ့နောက်နာမည် တစ်မျိုးပြောင်းပြန်ရော ဒီလိုဒီလိုနဲ့ နာမည်တွေများလာပါတယ်။ ခုတော့ဆိုင်ရာဆိုင်ရာတွေရဲ့ဆုံးမပဲ့ပြင်မှု့ အရ နာမည်တစ်မျိုးပဲသုံးပါလို့ပြောပြီး နာမည်တစ်မျိုးရွေးပေးပါတယ်။

သေချာပါတယ် ဒီနာမည်ကပြောင်းလို့မရတော့ပါဘူး အဟီး ဘာလို့ဆိုတော့ ရာဇသံနဲ့ကိုပြောင်းပေးထား တာပါ ကိုယ်က ကြောက်ရတော့ ဒီနာမည်ကိုပဲ သုံးပါ့မယ်လို့ ကတိပေးလိုက်ရပါတယ်။ ပြီးတော့ဒီနာမည်ကို ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုက်နေတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့နော် နောက်နောင် ဘယ်နေရာပဲဖြစ်ဖြစ် ဒီ “လုလင်ပျို” ဆိုတဲ့နာမည်ကိုမြင်လိုက်တာနဲ့ ကျွန်တော်လို့ပဲမှတ်ကြပါ အဟီး မူပိုင် ပါဗျာ။ နောင်ဘယ်သောဘယ်သော အခါမှလည်းဒီနာမည်ကိုပြောင်းလိမ့်မည်မဟုတ်တော့ပါ ဘာလို့ဆို တော့ဒါက ဘ၀တစ်ခုအမှတ်တရဖြစ်နေလို့ပါ။ နာမည်ပြောင်းတဲ့ကိစ္စကို ရှည်ရှည်ဝေးဝေးတွေလျှောက် ရေးနေလို့ သောက်မြင်ကပ်မယ်ဆိုရင်လည်း တွေ့ပုချိ ပါ နားလည်တဲ့လူတွေဘာသာပြန်ဖတ်ကြပါ ။ ကျွန်တော် တော့ သိပ်နားမလည်ပါဘူး လူအထင်ကြီးအောင် ပြောရတာပါ (တရုတ်လိုပဲ တတ်သလိုလိုနဲ့)

!~~~~~~~~~~~@~~~~~~~~~~~@~~~~~~~~~~~@~~~~~~~~~~~@~~~


2 ယောက်က စာမူခပေးတယ်း):

khin oo may said...

အသက်ကြီးလာတော့ဘယ်နဲ့လုပ်မလဲ ငါးဆယ်ရောက်ရင် လုလင်ပျိုဆိုတော့ အို..အို...အို........တွေးမရဘူး.

သိင်္ဂါကျော် said...

နတ်သမီး အနုပညာ လုပ်ငန်းက သင်တန်းတွေ ကြော်ငြာတာတော့ တွေ့ဖူးတယ်.. စိတ်ဝင်စားပေမယ့် မတက်ဖြစ်ခဲ့ဘူး.. စာရေးတဲ့ ကိစ္စဟာ သင်ရုံနဲ့ ရမယ်မထင်ဘူးနော်.. နဂို talent ရှိမှ ပိုကောင်းကောင်း ရေးနိုင်မှာပဲ..

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။