Sunday, March 14, 2010

မင်းကိုချစ်တာ

မင်းကိုချစ်တာ

မင်းရဲ့အလှ
သက်တန့်လိုဘဲ
အရောင်စုံတယ်

သီဆိုဟစ်ကြွေး
တေးသီနေတာ
ကဗျာဆန်ဆန်
နားဝင်ချိုတယ်

လှုပ်ရှားသက်ဝင်
မြူးရယ်ကြွရွ
ပူပင်မဲ့လို့
စိတ်တို့လန်းတယ်
ပန်းတိုင်းမော့လို့
မာန်တက်ဝင့်ကြွ
မင်းရဲ့အလှ
ဖြူစင်နိုင်စေ
ခန္ဓာဝန်ချ
သက်ဆုံးထိလည်း
မင်းကိုချစ်တာ
သိစေအပ်လေ

1 ယောက်က စာမူခပေးတယ်း):

Angel Shaper said...

နုလိုက်တဲ့ကဗျာ။
မထိရက် မတို့ရက်စရာ.... ထိလို့တို့လို့မရလို့ ပြုံးပြုံးလေးဖတ်သွားတယ်နော်။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။