Friday, March 12, 2010

ဝိညာဉ်တစ်ကောင်ရဲ့ ဒိုင်ယာရီ (၂)

“မက်မက်စက်စက်”

မနက်ခင်းပါးပါးတွေမှာ
အပြာရင့်ရင့်ငှက်များပျံသန်းကြ

အဲ့ဒီလိုနဲ့ညတွေမှာဆို
ငါဟာအိပ်မက်ကျွန်

အဖြစ်အပျက်ကအပြတ်အပြတ်နဲ့
နှလုံးသွေးလျှံကျလာမယ့်ကိန်း

နတ်သမီးအိပ်မက်စိုးသူ
ငါ့ရဲ့ညတစ္ဆေလေးရေ

အိပ်မက်တွေကိုရှင်သန်ခွင့်ပြုပါ
ငါ လင်းလင်းချင်းချင်းပျံသန်းချင်လို့။

“ဒီကဗျာကခံစားချက်ရှိလို့ရေးတာလား ”
“ခံစားချက်ရှိလို့တော့ မဟုတ်ပါဘူး စာရေးရတာဝါသနာပေါတော့ ဒီလိုပဲ ခံစားပြီးရေးထား တာ”
“အင်း ဒီက ကဗျာ ဆိုသိပ်ကြိုက်တာ ”
“ဟုတ်လား ကျွန်တော်လည်းစာ ဆိုရင်အရမ်းကြိုက်တယ် ဘာပဲဖြစ်ဖြစ်”

သူနဲ့ ကျွန်တော်စကားတွေပြောနေကြပေမယ့် မမြင်ဖူးပါဘူး သူကတော့ ကျွန်တော့်ကိုမြင်ဖူး တယ်ပြောတယ် ဘာပဲဖြစ်ဖြစ်လေ ကျွန်တော့်ရဲ့ အားလပ်နေတဲ့အချိန်ကိုသူ့အတွက်ပေးကြည့် မလားလို့စိတ်ကူးကြည့်မိတာတော့အမှန်ပဲ။

“ဟိတ် ဘာလို့ကြာနေတာလဲ ဒီမှာစောင့်နေရတာ ရင်မောတယ်”
“မဟုတ်ပါဘူးဗျာ ကျွန်တော်က ကောင်တာထိုင်နေတာဆိုတော့ ပိုက်ဆံရှင်းရတယ်လေ ပိုက်ဆံ ရှင်းတုန်းတော့ မအားဘူးဖြစ်သွားတာပေါ့ ပြီးရင်တော့အားသွားတာပဲလေ အဲ့ကျတော့ပြန်ပြော မှာပေါ့ ”
“ရပါတယ် ဒီကစခင်တယ်ပြောလို့ အထင်သေးပြီးမပြောတာမလား”
“မဟုတ်ရပါဘူးဗျာ တကယ်ပါ နည်းနည်းလေးစိတ်ရှည်ပေးပါလားဟင်..နော် တောင်းပန်တယ် တကယ် ”

ဘာဖြစ်လို့မှန်းမသိ ကျွန်တော့်သူ့ကိုအလျှော့ပေးမိတယ် ကျွန်တော်တခြားမိန်းကလေးအပေါ်မှာ အဲ့လိုစိတ်ရှည်လက်ရှည်အလျှော့ပေးခဲ့ရိုးမရှိခဲ့ဘူး ဒါကိုထူးခြားတယ်ဆိုရင်တော့ နမိတ်ဖတ် တယ်ဆိုမလားပဲ

“ပျင်းတယ် ဗျ မပျင်းဘူးလား ”
“အော် ကိုပီယ ကလည်းပျင်းရင် သီဟလိုပဲ ကောင်မလေးတွေနဲ့ချိန်းသွားတွေ့ပေါ့”
“အာ အထင်ကြီးရန်ကော အဲ့လိုချိန်းတွေ့စရာကောင်မလေးမရှိလို့ပေါ့ မဟုတ်ရင်ပြေးတွေ့ပြီးတာ ကြာလှပြီ”
“ဟာ ဟုတ်လို့လား မယုံပါဘူး”
“အာ တကယ်ပါ တကယ် ဒါကြောင့် ကျွန်တော်အားလပ်နေတာလေ ဒါနဲ့အခုတစ်ယောက်တည်း လား”
“အင်း သူများက အမြဲတမ်းတစ်ယောက်တည်းလေ”
“အော် ပျင်းရင်ကောင်လေးခေါ်လာပေါ့ ”
“အာကောင်လေးမှ မရှိတာ ကိုပီယကလည်း ဟဲဟဲ ဒါပေမယ့် မမြင်ရတဲ့ကောင်လေးတော့ရှိ တယ်”
“အမ် ဘယ်လို ဘယ်လို”
“အော် ဒီလိုလေ သူက ခုစင်ကာပူမှာ နောက်နှစ်သုံးနှစ်ကြာမှပြန်လာမှာလေ အခုတော့ အားနေ တာပေါ့ ”

သူ့မှာကောင်လေး ရှိတယ်ဆိုတော့ ထင့်ကနဲတော့ဖြစ်သွားပါတယ် ဒါပေမယ့် ကျွန်တော့်စိတ် ထဲမှာဒါကို ထွေထွေ ထူးထူးခံစားမနေခဲ့ပါဘူး ကျွန်တော်ပြောရမယ့် စကားကိုပဲဆက်ပြော လိုက်ပါတယ် ဒါကတကယ်တော့ သာမန်ပါ အပျော်ပါ အီစီကလီလုပ်တယ်လို့ဆိုရင်လည်း ရပါတယ် အဲ့ဒါနဲ့….


“အော် ဒီလိုလား ဒါဆိုအတော်ပဲ ကျွန်တော်လည်းအားနေတာဒီတော့ ဒီလိုလုပ်ရင်မကောင်းဘူး လား”
“ဘယ်လိုလဲ”
“ကျွန်တော်တို့ရဲ့ အားလပ်နေတဲ့အချိန်တွေကိုပေါင်းစည်းကြတာပေါ့ ဘယ်လိုလဲ”
“အင်း…ဟုတ်တယ်နော် ကောင်းတယ် ဒါဆို စကြမယ်လေ စိတ်ရှည်မှတော့ဖြစ်မှာနော် ”
“ဘာဖြစ်ရမလဲ ဒီက စိတ်ကခပ်တိုတိုရယ်လေ ချော့တတ်မှဖြစ်မှာ”
“ရပါတယ်လေ ခါးတောင်းကိုမြောင်နေအောင်ကျိုက်ပြီးချော့တတ်အောင်သင်ထားမယ်”
“အင်း အခုကစပြီးအခေါ်အဝေါ်တွေပြောင်းမှဖြစ်မယ်နော် ဘယ်လိုခေါ်ရမလဲ ”
“အာ လူတိုင်းကပီယလို့ခေါ်နေကျဆိုတော့ မစဉ်းစားတတ်ဘူးကြိုက်သလိုခေါ်လေ”
“အာ… မရဘူး ကိုယ့်ဘာသာစဉ်းစားဒါပဲ”
“နေပါဦး မင်းနာမည်နဲ့ အသက်ပြောပြလေ ဒါမှစဉ်းစားလို့ရမှာ”
“အင်း ဟုတ်ပြီ နာမည်က နှင်းစက်မိုး အသက်က ၂၀ နေတာက လှိုင်မြို့နယ် ကဲဘာသိချင် သေးလဲ ”
“အင်းရပြီ ဒီလိုလုပ်လေ ကျွန်တော်က ၂၁ ဆိုတော့ နှင်းစက်မိုးက ကျွန်တော့်ထက် ၁ နှစ်ငယ် တယ် ဒီတော့ ကျွန်တော့်ကို ကိုကို လို့ခေါ်ပါလား”
“ကိုကို ဟုတ်လား အင်းကောင်းတယ် ကိုကိုလို့ခေါ်မယ် ”
“ကိုကို ”
“ဗျာ ဟား မိုက်တယ်”
“နှင်းစက်မိုး ကိုတော့ ကျွန်တော်က မိုးလို့ခေါ်မယ်ရတယ်မလား”
“အင်းရတာပေါ့ မလာသေးတဲ့ချစ်သူကိုစောင့်ရတာ စိတ်ညစ်ပါတယ် သူ့ကိုလည်း ကိုကို လို့ပဲ ခေါ်တာ သူကအရမ်းသ၀န်တိုတတ်တယ်သိလား ”
“ ဟုတ်လား ဒါဆိုရင်တော့ ကိုကိုချင်းတူနေပါပြီဘယ်လိုလုပ်မလဲ”
“မတူပါဘူး ဟိုက ကိုကိုက မိဘတွေသဘောတူလို့ သင့်တော်တယ်ထင်လို့ရွေးထားတာ ဒီက ကိုကိုကတော့ မသိသေးဘူး ဒါပေမယ့် အလိုလိုက်မယ်ထင်တယ်”

ကျွန်တော့် စိတ်ထဲနည်းနည်းပျော်နေတာထူးဆန်းမနေဘူးလား ကျွန်တော်ပတ်သက်ဖူးတဲ့ မြင်ဖူး နေတဲ့ကောင်မလေးတွေဆီက ဒီလိုအပျော်မျိုးမရခဲ့ဘူး ခု ကျွန်တော်မမြင်ဖူးတဲ့ ကောင်မလေး တစ်ယောက်ဆီကနေ ဘာမှန်းမသိပဲ အပျော်တစ်ခု ရနေတယ် ကျွန်တော့်ရင်တွေ ခုန်နေတယ် ဗျာ ထူးထူးခြားခြားကြီးတော့မဟုတ်သေးပါဘူး ဒါကသာမန်ရင်ခုန်မှု့မျိုးပါပဲ အဲ့ဒီလိုနဲ့ပဲ

“ကိုကို မိုး ကိုချစ်လားဟင်”
“မိုး အဲ့ဒီကိစ္စတွေ ကိုကို တို့ပြောဖို့စောသေးတယ်ထင်ပါတယ် မိန်းမတစ်ယောက်ကို ချစ်တယ်လို့ အလွယ်တကူပြောလို့ရပါတယ် ဒါပေမယ့် ကိုကိုမပြောချင်ဘူး ရင်ထဲကလာမှပဲပြောချင်တယ် အဲ့တော့ အဲ့ဒီကိစ္စတွေ ခဏ ထားလိုက်ကြရအောင် ကိုကို နဲ့မိုးတို့ လူချင်းမတွေ့ဖူးကြသေးဘူး လေ”
“ဟင် မိုးကတော့ ကိုကို့ ကိုတွေ့ဖူးတယ်”
“ဟင် တကယ်လား ”
“အင်းပေါ့ ဓါတ်ပုံထဲမှာရော အပြင်မှာရော”
“အား ဒါဆိုရင်တော့ ကိုကို တစ်ပန်းရှုံးနေပါပြီ မိုးက ကိုကို့ ကိုမြင်ဖူးနေပြီး ကိုကို က မိုးကို မမြင် ဖူးဘူးဆိုတော့ ”
“ကိုကို မိုး ကိုမြင်ဖူးအောင် ဓါတ်ပုံပို့ပေးမယ်လေ ”
“အား သိပ်ကောင်းတဲ့ အစီအစဉ်ပဲ”

ခဏလေးနေတော့ ကျွန်တော့် မေးလ်ထဲကို သူ့ဓါတ်ပုံရောက်လာပါတယ် ရင်ထဲမှာဖျတ်ခနဲလှုပ်ခပ် သွား ပါတယ်။ အဲ့ဒီအချိန်မှာ ခိုင်မှာတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်းချလိုက်မိပါတယ် ကျွန်တော်ရဲ့အားလပ်နေတဲ့ အချိန်တွေ ကိုသူ့အတွက်ခွဲပေးဖို့ကိုလေ။ သူကအရမ်းလှနေလို့လား လို့ခင်ဗျားတို့ထင်ချင်ထင်မယ် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး အလှတရားအတော်များများကို ခင်ဗျားတို့ ကျွန်တော်တို့ ခံစားမိပါ လိမ့် မယ် ဒါပေမယ့်တန်ဖိုးထားပုံချင်းတော့ကွာလိမ့်မယ်။ ခု ကျွန်တော်က အလှတရားတစ်ခုကိုရှာဖွေတွေ့ရှိ ခဲ့တာမဟုတ်ပါဘူး ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ အိန်ဂျယ် တစ်ယောက်နဲ့ ဆုံစည်းခွင့်ရခဲ့တာပါ။


အပိုင်း (၃) ဆက်ရန် ပီယ

5 ယောက်က စာမူခပေးတယ်း):

SHWE ZIN U said...

အင်း မျှော်နေပါတယ်ဗျာ

မြစ်ကျိုးအင်း said...

တကယ့်အဖြစ်အပျက်နဲ့တူတယ် ရေးထားတာ အစီအစဉ်ကျနေတယ်လေ ။ အခြေအနေတိုးတက်တာ မြန်ဆန် တာတော့ ကိုယ့်လူ အစွမ်းအစ နဲ့တူတယ်း)

ဆက်ပါအုံးဗျာ စောင့်ဖတ်ပါ့မယ်

Angel Shaper said...

အဟမ်းးးးးးးး အဟမ်းးးးးးးးးးး
ပိုပီပြင်လာပြီ။ ဟိဟိ။။။။ ဆုံးမှ သေချာမန့်မယ်။ ဒါအဖြစ်မှန်ကြီး မလားဆိုပီးလေ။ ခစ်ခစ်
မြန်မြန်ဆက်ပါ။ မဟုတ်ရင် နဖူးတောက်မယ်။ ငှဲငှဲ

ကောင်မလေး said...

ကိုကို

အရမ်းတော်တယ်း))

မိုး said...

အားလုံး အပြင်မှာတကယ်ဖြစ်နေသလိုခံစားရတယ်..။
ဖြစ်နိုင်ရင်အဲ့ လိုနေ့ တွေပြန်ကြုံချင်သေးတယ်..။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။