Saturday, August 7, 2010

ရူးမသွားချင်လို့

ရူးမသွားချင်လို့ 

အဖြေရှာရတာတွေ
ဝါသနာမပါတော့ဘူး
ရင်ထဲမှာ နာလွန်းလို့. . . ။

တခါတရံ
အထင်လွဲတာပါလို့
ဖြည့်တွေးမိပေမယ့်
ရှင်းပြဖို့ကျတော့
စကားလုံးတွေရှားပါး . . .။

ငါ့အတွက် ငါပဲ
ကြည့်တာ ကောင်းပါတယ်
ရှာမိတဲ့ အဖြေတွေကလည်း
ငါ့ကို နာကျင်စေလွန်းလို့. . . ။

အမှား အမှန်ကို
မခွဲခြားတော့ပါဘူး
ငါထင်တာပဲ ငါလုပ်တော့မယ်
ရူးမသွားချင်တော့လို့. . .။ 

ညအလင်္ကာ(7/8/10)

4 ယောက်က စာမူခပေးတယ်း):

blackroze said...

တခါတရံ
အထင်လွဲတာပါလို့
ဖြည့်တွေးမိပေမယ့်
ရှင်းပြဖို့ကျတော့
စကားလုံးတွေရှားပါး . . .။

အဲလိုအခါမျိုးနဲ့ဆုံတဲ့အခါကျရင်
ဥပေက္ခတရားကိုသာကျင့်သုံးလိုက်ပါ
လောကကြီးထဲမှာရူးချင်ယောင်လည်းဆောင်တတ်ရပါမယ်လေ..

ခင်မင်လျှက်...blackroze

Anonymous said...

ကိုယ်ကိုယ်ကိုယ်တိုင်က ဥပေက္ခာထားလို့မရတဲ့အတွက် ရူးချင်ယောင်ဆောင်တာလည်းမရဘူး
ထိပ်တိုက်ပဲ လာလာတိုးတာ သူငယ်ချင်း Black Roze ရေ

ခင်မင်စွာဖြင့်
ညအလင်္ကာ

Naung Taw Lay said...

အကိုရေ စာမူခပေါ့ဗျာ
ရူးခဲ့ဖူသည် ။
ထပ်မရူးချင်တော့ပါ။
အားလုံးက တိတ်ဆိတ်သွားပြီ ။
အကောင်းဆုံး ဘ၀ကို ယုံကြည်ချက်အတိုင်း ဆက်လျှေက်ကြည့်မည်။
ကြီးကျယ်တာတော့ မဟုတ်ဘူးနော်
ထပ်မရူးချင်တော့ပါ

Anonymous said...

ညီကတော့ တိတ်ဆိတ်သွားပြီဆိုမှတော့ ဘာများကျန်တော့လို့လည်း..
အကိုမှာတော့ အခုမှ မရူးချင်တော့တဲ့စိတ်ပဲရှိသေးတာ
ညီ့လို ယုံကြည်ချက်အတိုင်းမလျောက်လှမ်းရသေးပါဘူးညီရေ


ညအလင်္ကာ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။