Wednesday, August 4, 2010

ဤသို့သောသူ

ယခုစာစုလေးကိုရေးရန်တော်တော်ကြီးစဉ်းစာရပါသေးတယ်။ ကျမ ဖြစ်မှ ဖြစ်ပမလား ဆိုတာကိုရော
ပေါလေ။ ကျမသည် စာရေးသားခြင်းတွင် အတော်အားနည်းသေးကြောင်း သူတပါးစာများအား ဖတ်ရှုရာတွင်
ပိုသိသာပါသည်. သို့သော် ရေးမှသာတိုးတက်မည် ဖြစ်သောကြောင့် တိုးလို့သာရေးဖို့ စဉ်းစားခဲ့ရတော့ပါတယ်။
ကျမမှာ ကျမ မကြိုက်သော အကျင့် နှင့် ကြိုက်နှစ်သက်မိသော အကျင့်တွေ များစွာရှိပါသည်။လူတိုင်းလူတိုင်း
မှာတော့ အကျင့်ကောင်းရော အကျင့်မကောင်းခြင်းရော စုံလင်စွာရှိမည် သာပင် အကျင့်ကောင်းများ အလေးသာ
သွားသောအချိန် တွင် ထိုသူသည် အကျင့်ကောင်းသူ ဖြစ်လာပြီး၊ အကျင့်မကောင်းများ အလေးသာသွားချိန် တွင်
အကျင့်မကောင်းသောသူဖြစ်လာမည်သာ ပင်ဖြစ်ပေသည်။
ယခုစာတွင် ကျမသည် တခြားသူများ၏ အကျင့်ကောင်းများ အကျင့်ဆိုးများကို တရံတဆစ်မျှ ပြောဆိုရန်
မဟုတ်ပဲ ကျမ၏ ကြိုက်ခြင်း မခြင်းသော အကျင့်များကို တင်ပြရန်သက်သက်သာ ဖြစ်ပါသည်။ကျမ တွင် ကျမ
ကြိုက်သော ကျမနှင့် ကျမမကြိုက်သော ကျမ အဖြစ် နှစ်မျိုးကွဲနေပေသေးသည်။တခါတရံ စိတ်ထဲမှ မနှစ်မြို့ပဲ
ကျမ လုပ်မိနေသေးသော အကျင့်များစွာရှိပေသည်။ ဦးစာ ကျမမကြိုက်သော ကျမ အကြောင်းကိုပြောပြပါဦးမည်။
ကျမသည် ငယ်စဉ်မှ စပြီး မိဘ နှင့် အနေဝေးခဲ့သောသူ ဖြစ်သလို အဘိုးအဘွားလက်ပေါ်မှ အချစ်ဆုံးမြေး ပါဖြစ်
ခဲ့လေသောကြောင့် ပြောရကျပ်သော မိန်းခလေးတစ်ယောက် ဖြစ်လာခဲ့သည်။ တခါတရံမှ လာနိုင်သော မိဘနှစ်ပါး
ကလဲ အလွန်အလိုလိုက်သော အကြောင့် ကျမသည်နာခံမလွယ်သော မိန်းခလေးဖြစ်လာခဲ့ပေသည်။(ကြီးပြင်း
လာချိန်တွင် ကြိုးစာဖျောက်ပါသော်လည်း လက်ကျန်လေးများက ကျန်နေပါသေးတယ်လေ)
မိဘနှင့်အတူ နေလာရစဉ်တွင် မိခင်အားအနိုင်ကျင့်ချင်သော ဖခင်ဆွေမျိုးကြားထဲတွင် အဖိနှပ်ခံ အဖြစ်
နေထိုင်လာရသဖြင့် ကျမတွင်ဆိုးဝါးသော အရွဲ့တိုက်စိတ် ကြီးပါလာပါတော့သည်။ ကျမမိခင်ကြီး ဘယ်လိုပင်
ဆိုဆုံးမသော်လည်း ကျမတွင် လုံးဝမပျောက်သေးသော ဆိုးဝါးသည့် အကျင့်ဆိုးတစ်ခုပင်ဖြစ်ပါသည်။ တခါတရံ
ဘာမှ မဟုတ်သည့် သေးသေးမွှားမွှား ကိစ္စငယ်လေးများတွင်ကျမ ဂျစ်တတ်သည်များလဲရှိသေးသည်။ ထီးဆောင်း
၍လမ်းလျှောက် လာချိန်တွင် တဖက်လူ နှင့်တည့်တည့်တိုးပါက ကျမဖယ်ပေးသလိုထိုသူမဖယ်ပေးပါက အလွန်
စိတ်ဆိုးတတ်ခြင်း သို့သော် ကျမ ထွင်းဖောက်၍ ပြောရပါမူ ခြေထောက်တက်နင်းသော သူအားကျမ လုံးလုံးလျား
လျား ကိုစိတ်ဆိုးခြင်းမရှိပါပေ။ ထိုမျှမကသေး မတော်တဆမှန်းသိရက်ဖြင့် ချွေးစေးများဖြင့် သူတပါးက ကျမအား
ထိမိခြင်း ကိုအလွန်စိတ်ဆိုးတတ်ခြင်းလည်း ရှိပါသေးတယ်။ ဒါအပြင့် လူတဖက်သားအားစိတ်ပျက်စိတ်ကွက်မိလျှင် ဟန်ဆောင်သော်မှ ပြုံး၍မရသဖြင့် ကျမတွင် လူမှုရေးလမ်းကြောင်း မကောင်းပါချေ။ ပျင်းသောစိတ်များ ဝင်ရောက်
လာချိန်တွင် ဘယ်သူဘာပြောပြော ဘာမှမလုပ်ပဲပေထိုင်နေတတ် သူလဲဖြစ်ပါသေးသည်။ထို့အတွက်ကြောင့်
ကျမမိဘနှစ်ပါးမှာ အလွန်စိတ်ညစ်ရလေ့ရှိပါသည်။
တခြားတစ်ဖက်တွင် ကျမသည် သူတပါးအားတတ်နိုင်သော ဘက်မှ လွန်စွာ ကူညီချင်သူဖြစ်ပါသည်။
မိမိရှိသမျှ ပစ္စည်းများအား အကောင်းမှန်သမျှပေး ပစ်သဖြင့် မိခင်၏ကြိမ်းမောင်းမှု ကိုလဲ မကြာခဏခံရသူပဲ
ဖြစ်ပါသည်။ ကျမတို့ မိသားစုသည် သာမာန် မိသားစုဖြစ်သဖြင့်မကြာခဏ အသစ်များဝယ်မပေးနိုင် သောကြောင့်
မိခင်ကြီးက ကျမ ကိုစိတ်တို စိတ်ပျက်ခြင်းဖြစ်ပေသည်။ သို့သော် ကျမသည်ထိုအကျင့် ကိုဘယ်တော့တွင်မျှ
ဖျောက်ဖျက်ပစ်မည် မဟုတ်ပေ။ ကျမအလွန်နှစ်သက်သောအကျင့်တစ်ခုလဲ့ဖြစ်ပေသည်။ ကျမသည်မိတ်ဆွေ
သူငယ်ချင်းများအပေါ်တွင် စိတ်တိုခဲစိတ်ပျက်ခဲသည်။ ထိုသူအားလဲ ပစ်ပစ်ခါခါ မပြောတတ်ပေ။အဘယ်ကြောင့်
ဆိုသော် သူငယ်ချင်းအဖြစ် ခင်မင်ရချင်းအပေါ်အလွန် မြတ်နိုးသောကြောင့်သာမက ထိုသူရှက်ကြောက်သွားမည်
ဆိုးသောကြောင့် ဘယ်သောအခါမှ စကားပျက်စကားဆိုးများ ကို ကျမပြောဆိုခြင်း မပြုပေ။
နောက်တစ်ခုကားရှိပေသေးသည် ။ကျမသည်လွန်စွာသနားတတ်ခြင်းဖြစ်ပေသည်။ ကြင်နာသနားတတ်
သောစိတ်အခြေခံကိုလဲ ကျမဆုပ်ကိုင်ထားပေဦးမည်။သို့သော် ကျမတွင်ချွင်းချက် ရှိပေသည်။ကျမ မုန်းသော၊
စိတ်ပျက်ခဲ့သော လူအများအပေါ်ကျမတရံတဆစ်မျှ မသနားတတ်ခြင်းပင် ဖြစ်သည်.ထိုသူ ဘယ်လိုပင်ဖြစ်ပစေ
ထိုအချက်သည် ကျမ၏နှလုံးသားအာ ရိုက်ခတ်ခြင်း မပြုနိုင်တော့ပေ။ကျမသည် ကျမ၏မိခင်ကြီးအား အလွန်ပင်
ချစ်မြတ်နိုးသူရိုသေလေးစားသူ ပင်ဖြစ်သည်။မိခင်အားချစ်လွန်း ဂုဏ်တင်လွန်းသဖြင့် ဖခင်မှာ ကျမဇာတ်
ကြောင်းတွင် မှိန်လျှော့နေတတ်သည်။သို့သော် ဖခင်ကြီး အားလဲ ကျမသိပ်ချစ်သိပ်သနားမိပါသေးသည်။
မောင်ငယ်များ အပေါ်တွင် ကျမသည် အမကောင်းတစ်ယောက် အဖြစ်ကြိုးစားသော်လည်း မအောင်မြင်
ခဲ့ပါ။ ကျမမောင်ကလေးများ၏ပြုမူပြောဆို ပုံ ကိုကြည့်၍ ကျမသိခဲ့ပါသည် ။သို့သော် ကျမသည် ထိုသူငယ်
လေးနှစ်ယောက် ၏စိတ်ဆင်းရဲမှုများ ဖွင့်ထုတ်ရာ တိုင်ကြီးတစ်တိုင်တော့ဖြစ်ခဲ့ပါသေးသည်။
ကျမ၏ကောင်းခြင်းဆိုးခြင်းများသည် တခါတရံတွင်ဆိုးခြင်းက သာတတ်သလို တခါတရံတွင်
ကောင်းခြင်းက သာတတ်ပေသည်။တရားတော်များနှင့်ထိစပ်နေချိန်တွင်ကျမ၏မကောင်းသောစိတ်နှလုံးတို့သည်
ငြိမ်ဝတ်ချိန် များသလို။တရားတော်များနှင်ဝေးချိန်တွင် အဆိုပါစိတ်ပုတ်စိတ်ဆိုးများ လွှမ်းမိုးနေတတ်ပါသည်။
ကျမတို့သည် ကိုယ်တွင်ကိန်းနေသော အမိုက်ခဲတို့လျှော့နည်းအောင် တတ်သမျှတော့လျှော့ချသင့်ပေသည်။



မနုငယ်

7 ယောက်က စာမူခပေးတယ်း):

အဖြူရောင်နတ်သမီး said...

ငယ်ရေ...
ငယ့်ရဲ့ စိတ်နေသဘောထားလေးကို ဖတ်သွားတယ်နော်...
အမြဲအားပေးနေတယ်....

ညိမ်းနိုင် said...

မနုငယ်ရေ...စိတ်ဆိုတာကတော့ ဒီလိုပါပဲ မကြာခဏ ဆိုသလို အရောင်ပြောင်းနေတာကလား....။

mabaydar88 said...

ညီမငေးရေ..

မှန်တယ်.. သိပ်မှန်တယ်.. ဘုရားရိပ် တရားရိပ်နဲ့ အနီးစပ်ဆုံးနေ.. ဘွားဘွားမြေးလေးရေ..။

ကုလားမလေးက ဒီလိုတော့လည်း အကျင့်ဆိုးလေးတွေကို ပြောရှာသား..။ နောက်ဆိုရင် ကောင်းတာတွေပဲပြော .. အဟီး.. ဒါမှ အကောင်းတွေပဲ ဖတ်ရမှာ (နောက်တာပါ ညီမငေး)..။

မ ဗေဒါ (၈၈)

mabaydar88 said...

ညီမ နုငယ်ရေ..

အမက ဟို ခိုင်နုငယ် နဲ့ မှားပြီး နောက်မိတာပါ..။ ခွင့်လွတ်ပါ..။

သူက ဖေ့စ်ဘုတ်မှာ ကုလားလိုဝတ်ထားတာမို့ ကုလားမလေးလို့ နောက်လိုက်တာပါ..။

ညီမရေးထားတဲ့ အကျင့် ကြောင်း လေး ကို ဖတ်ရတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိအောင် သတိပေးသလိုပဲလို့ ယူဆပါတယ်..။

ခွင့်လွတ်ပါနော်..။ မှားသွားတာ..။

မဗေဒါ (၈၈)

ပေါ့ဆိမ့် said...

သူများအကြောင်း လာ၍ စပ်စု သွားပါသည်။
အရေးသားလေး က ဖတ်ကောင်း ပါတယ်။

SHWE ZIN U said...

မနုငယ် ရေ

စာလာဖတ်သွားပါတယ် ပျော်ရွှင်ပါစေနော် စာရေးလည်း ကောင်းပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

blackroze said...

မနုငယ်ရေ...
စာလာဖတ်သွားပါတယ်...
တခါတလေ..စိတ်ဆိုတာကလဲထိန်းချုပ်ရခက်သားနော်..

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။