Monday, August 2, 2010

အပြေးအလွှား "မော်ကျွန်းသား" (ဇာတ်သိမ်းပိုင်း)


အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက် ခဲ့လေတော့သည်။။။။
ဆိုက္ကားဆရာ ဘယ်ပြေးဖို့စိတ်ကူးသည်တော့မသိ………ကိုယ်လည်းကြောက်ကြောက်လန့်လန့်နဲ့ သူ့နောက်ကိုလိုက်ခဲ့တာ (၁၂)လမ်း ဗလီဘေးကိုရောက်တဲ့အထိ တရကြမ်းပြေးလာခဲ့ရာ ချွေးဒီးဒီးကျပြီး မောဟိုက်နေတာပြောမနေနဲ့……………
“ဦးလေး..ရေ၊ ဦးလေးရေ” ……ထပါဦးဗျ.. အမြန်ထပါဦး
ဆိုက္ကားဆရာရဲ့ ဦးလေးတော်စပ်သူထင်ပါရဲ့ဗျာ
တခါးလာဖွင့်ပြီး….. “ဟေ့ကောင်……..ဘာတွေဖြစ်လာတာလဲ ..တစ်ကိုယ်လုံးလည်းချွေးသံတရွဲရွဲနဲ့”
ကျနော်တို့ကို သရဲခြောက်လို့ …ကျနော်ဆိုက္ကားပေါ် ပါလာတာ…
“ဟာ…ဟုတ်ရဲ့လားကွာ….မင်းဘာသာ မူးရူးပြီးမြင်ချင်တာမြင်တာဖြစ်မှာပေါ့…………….”
“မဟုတ်ဘူး…….ဦးလေးရ” ဂတ်တဲ့ရှေ့ရောက်တော့ ဂတ်က မီးလှမ်းထိုးလို့ လှမ်းကြည့်တော့ ခေါင်းမပါမှန်းသိရတာ ဦးလေး…. ဒီကောင်လေးပါ ပါတယ် သူ့ကိုမယုံရင်မေးကြည့်
(ကျနော်ကိုမေးငေါ့ပြတော့ ကျနော်လည်း ဟုတ်မှန်ကြောင်းပေါ့ ခေါင်းညိတ်ပြတယ်..ကြောက်စိတ်ကတော့မပြေသေးဘူးလေ)
အေးအေးထားတော့ …အခုတော့ အချိန်လည်းမရှိတော့ဘူး ဆိုက္ကားကို မနက်ကျမှသွားယူတော့….
“ကောင်ကလေးလည်းဒီမှာပဲအိပ်လိုက်တော့………မနက်ကျမှလိုက်ပို့မယ်..ဟုတ်လား”
အဲ့ဒီညကဆို ကြောက်လန့်စိတ်ကြောင့် တော်တော်လည်းအိပ်မပျော်ဘူး။။။ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ…အိပ်ရာထတော့ နေတောင်အတော်မြင့်နေပြီ….ကျနော်အိမ်ရှေ့ထွက်လာတော့ ညက ဆိုက္ကားဆရာကိုတွေ့ရတယ် သူ့ဦးလေးနဲ့အတူ ရှိနေတာကို………..မျက်နှာကလည်းပြုံးနေတာ….
ကျနော်ထွက်လာတာကိုတွေ့တော့ ကျနော်ကို…
“ကဲ ကလေးရေ အခြေအနေတော့ပြီးသွားပြီ … ဘာမှမဖြစ်တော့ဘူး..”
ညက မင်းတို့တွေ့တာ သရဲမဟုတ်ပါဘူး လူပါပဲ…..
ညက ဦးရဲ့တူလေး ဆိုက္ကားပေါ်မှာပါတဲ့ ကောင်မလေးက ခိုးရာလိုက်ဖို့ထွက်လာတာ..သူ့ရည်းစားက ဘုရားကြီးလမ်းက စောင့်နေတာ ……...လမ်းမှာ ဂတ်က ဓါတ်မီးနဲ့ထိုးတော့ ကလေးမလေးက သူ့မျက်နှာလူမြင်မှာစိုးလို့ ပ၀ါနဲ့ အုပ်လိုက်တယ်.။ ဒီတော့ ပ၀ါလေးက လေထဲမှာတလူလူလွင့်နေတာပေါ့……
ဒီမနက်ကျမှ ညက ဖြစ်တဲ့နေရာမှာ ဆိုက္ကားသွားယူတော့ ဂတ်က ရဲဆီမှာမေးပြီးထုတ်လာတာ
“…အဲ.. ဒါဆို……….ဟို… မမက ဘယ်ရောက်သွားလဲ”
ဂတ်တွေကပဲ အသိသက်သေလုပ်ပြီး လက်မှတ်ထိုးပေးလိုက်ကြတယ်… ကောင်မလေးကလည်း ဆိုက္ကားသမားကို ကျေးဇူးတင် တဲ့အနေနဲ့လည်း ပုဆိုးနဲ့ အင်္ကျီဝယ်ပေးလိုက်တယ်………..
“ဟားဟား…..မင်းတို့တွေတော့ဖြစ်ရမယ်………….”
လူကြားလို့မကောင်း…..
ကဲကလေးကို လိုက်ပို့လိုက်ဦး….ဟေ့ကောင်..ကြားလား
“ဟုတ်ကဲ့ ဦးလေး” ဆိုပြီးတော့ ကျနော်ကို ပြန်လိုက်လေသည်။

ကျနော်လည်း ငယ်ငယ်တုန်းကအမှတ်တရလေးပါ ….
ညအမှောင်က လူကိုလှည်းစားတတ်ပါလားနော်………….

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ခုနှစ်၊သြဂုတ်လ(၂)ရက်

6 ယောက်က စာမူခပေးတယ်း):

Anonymous said...

ပထမပိုင်းဖတ်ပြီးတော့ သရဲထင်နေတာ
ခစ်ခစ်........နောက်ဆုံးကျတော့ ခိုးရာလိုက်ပြေးတာကို
တွေးရင်း ဘယ်လိုပြောရမလဲမသိဘူး


လ၀န်း

blackroze said...

အမလေးနော်...ပထမပိုင်းဖတ်လိုက်ရတုန်းကဆို
ရင်ကိုတုန်သွားတာဘဲ..

ညအလင်္ကာ said...

ကျေးဇူးတင်တယ်ဗျို့ သူငယ်ချင်းတို့ရေ
အားပေးတဲ့အတွက်

Anonymous said...

ဟားဟား တကယ်များခြောက်တာလားလို့ အတော်များကြောက်သွားရဲ့လားဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညအလင်္ကာ said...

ကြောက်တာပေါ့
အဲ့တုန်းက ကလေးပဲရှိသေးတာကို...
တစ်ခုတော့သိခဲ့တယ်လေ..အခုဆိုရင်
ညဘက်ဆို ရိပ်ခနဲမြင်ရင် သေချာအောင်ကြည့်ဖြစ်တော့တယ်
မသဲကွဲမှာစိုးလို့........ဟီးဟီး

Naung Taw Lay said...

ရောက်တယ်အကိုရေ ။ အသိပေးဖို့ နေရာရှာတော့ သိပ်ဆင်မပြေဘူး ။ ဖတ်သွားပါတယ် အကိုရေ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။