Thursday, July 15, 2010

ဝန်ခံရဲ့တဲ့ စိတ်ထားပါ

ယနေ့ခေတ်တွင် Internet ဆိုတာကြီးက ကမ္ဘာတစ်ဝှမ်းလုံးမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ပဲ အများအတွက်ပါရည်ရွယ်ပြီး Sharing System ကို အသုံးပြုလာ ကျခြင်းကြောင့် အစစအရာရာမှာ လွယ်ကူလျှင်မြန်စွာ အကြောင်းအရာတစ်ခုကို ရှာဖွေသိရှိနိုင်လာကြပါသည်။ ကျွန်တော်တို့ ကိုယ်တိုင်ပင်လျှင် ကျောင်းသင်ခန်းစာများအတွက် Internet မှ လေ့လာဆည်းပူး၍ လုပ်ဆောင်ရခြင်း ကြောင့် အလွန်တရာမှ အဆင်ပြောချောမွေ့လှပါသည်။ သို့သော်လည်း ပြသနာတစ်ချို့မှာ ကျွန်တော်ကျောင်းတက်စဉ်က ကျောင်းသင်ခန်း စာများ သည် Internet မှ စာသားများကို တိုက်ရိုက်ကူးယူခြင်း ပြုလုပ်ခွင့်မပေးပါ။ နားလည်အောင် ဖတ်မှတ်လေ့လာပြီး မိမိနားလည်သလို ပြန်လည်ရေးသားရခြင်းဖြစ်ပါသည်။ ထိုသို့ မရေးသားပဲ တိုက်ရိုက် ကူးချပါက Plagiarism ငြိကာ စာမေးပွဲကျပါသည်။ ကျွန်တော်တို့ကတော့ လူငယ်ပီပီ ထိုကဲ့သို့ ပြုလုပ်ခိုင်းသည်ကို ရစ်သည်ဟုမြင်ပါသည်။ ဆင်ခြေအနေဖြင့် မိမိရေးသားသော ရေးသားချက်များသည် Internet တွင်ရှိနေသော စာသားများဖြင့် တူနေခဲ့လျှင်သော်လည်းကောင်းဟု ဆင်ခြေပေးတတ်ပါသည်။
ကျွန်တော်တို့ ဆရာပြောကြားဖူးသော စကားလေးကို နားထဲက မထွက်နိုင်ခဲ့ပါ။
ဆရာပြောကြားပုံက "တူနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်။ မင်းတို့တွေက Internet ကအကြောင်းအရာကို ဖတ်ပြီးပြန်ရေးတာဆိုတော့ ဒီ Site ကနေရေးတာဆိုရင် ဒီ site address ကိုသေချာစွာ REFERENCE ဆိုပြီး ဖော်ပြပေးထားရမယ်။ မင်းတို့ ကူးတယ်ဆိုတာကို ၀န်ခံထားရမယ်။ ၀န်ခံရဲတဲ့ သတ္တိလေးရှိကို ရှိရမယ်။ Site တစ်ခုက ပုံလေးဖြစ်ဖြစ် ဘာလေးဖြစ်ဖြစ်ကူးခဲ့ရင်တောင် မင်းတို့ ထို site ကို ဖော်ပြပေးရမယ်။ ဒီလိုလုပ်ဆောင်ပေးတာက မင်းတို့တွေ လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေ ရှိလာရင် Internet ကနေ အလွယ်တကူ ကူးချတာတွေ မလုပ်ဝံ့တော့အောင်။ ကျောင်းသားဘ၀မှာက ပြသနာမရှိပေမယ့် လုပ်ငန်းခွင်ရောက်တဲ့အခါ စီးပွားရေးလောကမှာ ပြသနာရှိနိုင်တယ်။ ဒါ့ကြောင့် ၀န်ခံရဲတဲ့ စိတ်တွေထားပါ။ ကူးချတဲ့စိတ်ကို တတ်နိုင်သမျှ ရှောင်ရှားပါ။ ကိုယ်ပိုင်ဥာဏ်ကို ထုတ်ပါ။"

ထို့ကြောင့် ကျွန်တော်က စကားလက်ဆောင်ပါးချင်တာကတော့ မိမိရေးသားဖော်ပြချက်များတွင် မှီငြမ်းကိုးကားမှုများ ရှိခဲ့လျှင်တောင် ထိုမှီငြမ်းကိုးကားသည့်အရာကို ဖော်ပြပေးခြင်းဖြင့် ၀န်ခံရဲတဲ့သတ္တိမွေးခြင်းဖြင့် မူရင်းရေးသား (သို့မဟုတ်) တင်ပြသူများကို လေးစားသမှုပြုစေချင်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

10 ယောက်က စာမူခပေးတယ်း):

ဇော်သိင်္ခ said...

ဘယ်အရာမဆို ကိုယ်တိုင် ရေးသားမှု မဟုတ်ရင်တော့.. ကိုယ် မှီညမ်းထားတဲ့ ကျမ်းကိုးဆိုတာလေးတော့ ထည့်ပေးသင့်တယ်လို့..ထင်ပါတယ်..

SHWE ZIN U said...

ကိုဇော်သိင်္ခ နဲ့ ညအလင်္ကာ ပြောတာမှန်ပါတယ် တချို့က references လုံးဝထဲ့ မထားဘူး အဲဒီတော့ တမျိုးကြီးဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ချို့သူတွေက ကိုယ့်အမှားကို ၀န်ခံဖို့တော်တော်ကြောက်ကြတယ်..
ကိုယ့်အမှားကို ဖုံးကွယ်ချင်တော့ သူများတွေကို အပြစ်ပုံချရင်း
မှားသထက်မှားနေတတ်ကြရော...
အမှားကိုဝန်မခံချင်တဲ့ အတ္တဟာ ပြဿနာကို လက်ယပ်ခေါ်သလိုလဲ ဖြစ်တတ်ပါသေးတယ်
ဒီပိုစ့်လေးက မှတ်သားစရာပါဘဲ..
ကိုယ်တိုင်လည်း ၀န်ခံတတ်အောင်ကြိုးစားပါဦးမယ်..

အဖြူရောင်နတ်သမီး said...

ထပ်တူ..ထောက်ခံသွားပါတယ်...

ခိုင်နုငယ် said...

အင်းဟုတ်ပ..ခိုးကူး..ခိုးကူးဆိုတာ
ဒီလိုချပြထားတာလေးတွေကိုဆိုလိုတာပေါ့။
ကိုယ်ဖော်ပြချင်တယ်ဆိုရင်တောင်..မူရင်းကို
ထည့်ပေးသင့်တယ်..ဒါမှလည်းလူ့ယဉ်ကျေးမူ့
ကိုဖော်ပြရာရောက်မှာ။
ခုလိုရေးထားတာကောင်း၏

ခင်မင်စွါဖြင့်
ခိုင်နုငယ်

ရေသန့်  said...

စာမူခ ထိုက်ထိုက်တန်တန် ပေးသွားပါတယ်

မိုးယံ said...

အစ်ကို ညအင်္လာရေ ။ မှတ်သားသွားပါတယ်။ ကျွန်တော်လဲ ၀န်ခံ တစ်ခါ ၀န်မခံ ဆယ်ခါလောက်ဖြစ်နေတတ်တယ်။ သတိပေးပဲခေါ်ခေါ် ပညာပေးပဲ ပြောပြော ဒီပို့စ် လေးကို ကျေးဇူးတင်မိပါသည်။

sosegado said...

ခံယူသွားပါတယ်၊
I remember one of my thesis I have to pay for copyrights fee to school for reference articles.

သဒ္ဓါလှိုင်း said...

မချောပြောတာနဲ့ထပ်တူပါပဲရှင်..
ကိုယ်တိုင်လည်းဝန်ခံရဲအောင်ကြိုးစားရမှာပါ..။
ခင်မင်စွာ
မသဒ္ဓါ

မြတ်မွန် said...

ဟုတ်ကဲ့ မှန်ပါတယ်..။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။