Monday, July 19, 2010

မွေးနေ့အမှတ်တရ

အရင် အရင်နှစ်များတွေကတော့ ဇူလိုင်လရောက်ရင်ပျော်လို့ရွှင်လို့ပေါ့။ လက်ဆောင်တွေရတော့မယ်၊မုန့်ဖိုးတွေရတော့မယ် ဆိုပြီးတော့ပေါ့လေ။ အခုနှစ်များဆီမယ်

အသက်ကလေးက ရလာတော့ တနှစ်ကြီးလာခြင်းကို ကြောက်ရွံ့နေသလိုဖြစ်နေတာပေါ့။
ဇရာက စတင်စိန်ခေါ်ပြီလေ။ အသက် ၂၇ တဲ့ ကျမအသက် ၂၇ ရှိသွားပါပြီ။
                   ပြန်စဉ်းစားလိုက်ရင် ကျမလျှောက်ခဲ့တဲ့လမ်းတွေက မကြမ်းခဲ့ပါဘူး ။မိဘ
ဆိုတဲ့အရိပ်အောက်မှာ သက်သက်သာသာလေး ပဲလျှောက်ခဲ့သူပေါ့။ ကျမရူးခဲ့တာ တွေလဲရှိပ။
သာမန်ဆိုတဲ့ စကားကို သူများတွေ ဘယ်လို ခံစားလဲမသိပါဘူး ကျမအတွက်ကတော့ အလွန်
စိတ်ပျက်စရာစကားလုံးအဖြစ် တချိန်ကခံစားခဲ့မိလေရဲ့။ တချိန်လုံးသာမန် မိန်းမ မဖြစ်ချင်ဘူး
လို့အော်ဟစ်ပြီး ကျမသာမန်ဆိုတဲ့ဘောင်အပြင် ကိုထွက်ဖို့ကြိုးစားခဲ့သူပေါ့။
              ကျမရူးပုံများပြောမပြောချင်ပါဘူးလေ.သာမန်မဖြစ်ချင်ဘူးဆိုပြီး မျက်နှာပြောင်နဲ့
နေလားနေရဲ့ ဘယ်လိုမှ မအပ်စပ်သော အရောင်တွေတွဲဝတ်လို့(ဆင်ခြေကတော့ ကျမသာမန်လူတွေ
လိုအလှပြင်ဖို့ အချိန်မပေးနိုင်ဘူးပေါ့) တွေ့ရာမှစား၊ကဗျာတွေဖတ် စာတွေဖတ်ပြီး ကိုယ်ကိုယ်ကို
ရွက်လွှင့်နေလိုက်ဘူးတယ်။ သာမန်မဖြစ်ချင်ဘူး ဆိုတဲ့စိတ်အစဉ်အောက်မှာ ကျမဟာ လူဆိုးစာရင်း
ကိုတဖြည်းဖြည်းဝင်လာတာကို ကျမ မသိလိုက်မိဘူး။ ကျမကတဖြည်းဖြည်းလူတွေနဲ့ကင်းကွာသွား
သလိုပါပဲ ကျမပျော်ရွှင်ရာအသိုက်ကလေးတစ်ခုလောက်မှာပဲ ကျမကလူစွမ်းကောင်းဖြစ်နေခဲ့တာပေါ့။
  သူတို့ကိုကြည့်လိုက်ပြန်တော့လဲ သူတို့ဟာသူတှိုရဲ့ပတ်ဝန်းကျင်မှာကိုယ့်လိုပဲလူဆိုးလို့သတ်မှတ်ခံ
ရသူတွေပေါ့။ လူဆိုး လို့ပြောရခြင်းက  ကိုယ်ကိုယ်ကို သာမန်ဘဝကရုန်းထွက်ချင်တယ် ဆိုတဲ့သူတွေ
က မိသားစုကို လဲ ငဲ့မကြည့်နိုင်၊ကိုယ့်ဘဝအတွက်များကျတော့လဲ သာမန်လမ်းရိုးမှာ မလျှောက်နိုင်
အဲ့ဒီလို နဲလူပို လူဆိုးကြီးတွေဖြစ်နေခြင်းပါ။
            အခုအချိန် မှာ ကျမစဉ်းစားမိလာတာက ကျမ သာမန်မဖြစ်ချင်ဘူးလို့ကြွေးကြော်ခဲ့ပေမဲ့
ကျမဖြစ်နေကြုံနေရတာကလဲသာမန် ဘဝပါပဲ။မိန်းမတစ်ယောက် မွေးဖွားခြင်းကနေ သေဆုံးချိန်အထိ
ထမ်းဆောင်ရမဲ့တာဝန်တွေကို ကျေပွန်သူတွေဟာ သာမန်မိန်းမတွေပါပဲ။တကယ်တော့ကျမ အဲ့ဒီတာဝန်
တွေကိုခေါင်းရှောင်ချင် လို့များကြွေးကြော်ခဲ့မိတယ်လို့ပဲစိတ်ထဲမှာ ထင်နေပါတယ်။တကယ်တော့ ကျမ
ဟာ ရိုးရှင်းလှတဲ့ တာဝန်တွေတောင် မကျေပွန်သေးသူပါ.ဒါနဲ့များ ကျမဘာလို့ သာမန်မဖြစ်ချင်ဘူးလို့
ကြွေးကြော်ခဲ့မိပါလိမ့်။ ကျမ မိဘနှစ်ပါးကို ကျမ မစောင့်ရှောက်နိုင်သေးသလို။ကိုယ့်ကိုယ် ကိုတောင်
ကျမ မတ်မတ်မရပ်နိုင်သေးပါဘူး။ ကျမချစ်လှစွာသော မောင်ငယ်လေးများကိုလဲ မထောင်ပံ့နိုင်သေးပါဘူး။
အခုချိန်ထိ မိဘရဲ့ အရိပ်အောက်ခိုနေတုန်းမှာ ကျမဟာသာမန်အဆင့်တောင် မရှိသေးတဲ့ မိန်းမအဖြစ်သာရှိပါ
သေးတယ်။
         တကယ်တော့ ကျမဟာရွှေသမင် အလိုက်မှားခဲ့သူပါ။အပေါ်ယံ အရာတွေကို သာမြင်ခဲ့တွေ့ခဲ့ပြီး
ရူးမိုက်ခဲ့သူပေါ့။သာမန် ဆိုတာကို အနက်ပြန်လွဲသူပေါ့လေ။ အတွေးအခေါ်တစ်ခု ကိုပြောင်းလဲရမဲ့အစား
ကျမအလွဲတွေသာ လုပ်မိခဲ့သူပေါ့။အခုခေတ်မှာ ဘယ်မိန်းမကမှ ဘဝကိုမီးဖိုဆောင်ထဲမှာ အကုန်မခံတော့ပါ
ဘူး။တချိန်က ကျမသာမန်လို့ထင်ခဲ့ဘူးတဲ့ သူတွေဟာ ဘဝကို အနက်တစ်ခုနဲ့သေသေချာချာဖြတ်သန်း
နေချိန်မယ် ကျမကတော့ရူးမိုက်ဘူးတဲ့ အပြစ်တွေအတွက် အခုမှ ဘဝကိုပြန်ပျိုးနေရတုန်းပေါ့လေ။ကျမလေ
အခုအချိန် မှာနောင်တတွေကို ပိုက်ထွေးထားပါတယ်။ အချိန် ၁၀နှစ်လောက်နောက်ကျခဲ့ပေမဲ့ ကျမကြိုးစားပါဦးမယ်
သာမန် မိန်းမတစ်ယောက်အဖြစ်တာဝန်တွေကျေပွန်ဖို့ ကျမကြိုးစားရပါဦးမယ်။ကျမစာတွေလဲကြိုးစားဖတ်ဦးမယ်
အတွေးအခေါ်တွေ အဆင့်မြင့်လာဖို့၊ စိတ်ကူးယဉ်မှုတွေပျောက်ဆုံးဖို့၊ ယုံကြည်ချက်တွေ ရှင်သန်ဖို့ ကျမစာတွေ
ဖတ်ရပါ့မယ်။ နောက် ၁၀နှစ်ကြာတဲ့အခါ ကျမဟာတာဝန်ကျေပွန်ပြီး ဘဝနေနည်းကိုသေသေချာချာသိနေတဲ့
သာမန် မိန်းမအဖြစ်ရှင်သန်နေကြောင်းကို ကျမပြောပြပါဦးမယ်။
   

                                                                   မနုငယ် (19.7.2010)

7 ယောက်က စာမူခပေးတယ်း):

Anonymous said...

မင်္ဂလာရှိသော မွေးနေ့လေးပါမမ၊ နောင်နှစ်ပေါင်းများစွာ မမ ဆန္ဒတွေနဲ့
ထပ်တူကျတဲ့ ဘ၀လေးတည်ဆောက်နိုင်ပါစေနော်၊ (မမရရ် . . . ဘ၀မှာ နောင်တ ဆိုတာမရှိပါဘူး၊ သတိပဲရှိတာပါ၊ အသိတွေပိုက်ထွေးထားတာပါ၊ သတိက အခုမှရလိုက်တာပါ၊)Golden Second လေးရလိုက်တာပေါ့နော်) ဟဲ ပြန်ဆုံးမတာနော်၊ မမရဲ့ ဒီမွေးနေ့လေးကစ နောင်နှစ်ပေါင်းများစွာတိုင် သာယာပြည့်စုံပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀လေးပိုင်ဆိုင်ပါစေနော်၊ ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကောင်းလေးဖြစ်ပါစေနော်၊ အိပ်မက်အားလုံးအမှန်တကရ် ဖြစ်လာပါစေနော်၊ စိတ်ကူးအားလုံး ဖန်တီးနိုင်ပါစေနော်၊ [ နောက် ၁၀နှစ်ကြာတဲ့အခါ မမဟာတာဝန်ကျေပွန်ပြီး ဘဝနေနည်းကိုသေသေချာချာသိနေတဲ့
သာမန် မိန်းမအဖြစ်ရှင်သန်နေကြောင်းကို ပြောပြတဲ့အခါလည်း နားထောင်ပါရစေနော် ] . . .
. . . မောင်ငယ် စစ်မင်းညို (အလင်းနှစ်)

ခိုင်နုငယ် said...

ဟက်ပီးဘက်ဒေး..မနုငယ်ရေ..
ဟိုဘက်မှာလည်း..ဆုတောင်းပေးလဲ့ပါတယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျနိုင်ပါစေ။


ခင်တဲ့
ခိုင်နုငယ်

sosegado said...

Happy Birthday with best wish

SHWE ZIN U said...

ံ့Happy Birthday

shwezinu

ခြေလှမ်းသစ် said...

ယနေ့ Happy Birthday မှသည် သာမန် ဘ၀ကို ကျော်လွန်နိုင်ပါစေလို့

poemflower said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေရှင်..

အဖြူရောင်နတ်သမီး said...

Happy Birthday ပါ ညီမလေးရေ..
“ရင့်ကျက်တည်ငြိမ်တဲ့ ဘဝကို ပိုင်ဆိုင်တဲ့ ..
အရာရာကို စွမ်းဆောင်နိုင်တဲ့
မြန်မာအမျိုးသမီးတယောက်အဖြစ် ဘဝကိုရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်...

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။