Wednesday, July 14, 2010

ပွင့်လင်းမှုရှိပါစေ

“ပွင့်လင်းမှု”

ခေါင်းစဉ်ကိုတပ်မိမှတော့ “ ပွင့်လင်း " ရဲ့အဓိပ္ပါယ် ၊ “ ပွင့် “ တစ်လုံးတည်းရဲ့ အဓိပ္ပါယ်တွေကို အရင်ဆုံးဖွင့်ပြမှ ဖြစ်တော့မယ် ။ “ ပွင့်လင်း " ကို မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ “ လျို့ဝှက်မြိုသိပ်၍မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုပြုမှုသည် “ လို့ ဖော်ပြထားပါတယ်။ ဒီအတိုင်းပဲ “ ပွင့် “ ကိုပေါ်ထွန်းသည်၊ လင်းလက်သည် လမ်းကြောင်း ပေါ်သည်၊ နှစ်လိုခြင်းခံရသည်စသဖြင့်တွေ့ရပါတယ်။။။။။။
ပေါ်ထွန်းတာ၊ လင်းလက်တာထက် “လမ်းကြောင်းပေါ်တာ” နှစ်လိုမှုခံရတာတွေက ပွင့်အတွက့် အဓိပ္ပါယ်ပိုကောင်း မယ် ထင်ပါတယ်။ ပွင့်လင်းတယ်ဆိုတာ မျိုသိပ်မထားဘဲ ပြောဆိုတာလို့ဆိုထားပေမဲ့ ဘာကြောင့်မျိုသိပ်မထားဘဲ ပြောဆိုတာလို့တော့ ဒုတိယအတွေးနဲ့ထပ်ဆင့်အဓိပ္ပါယ်ရှင်းကြတာနည်းတယ် ။
လူတွေသိထားတာက ပွင့်လင်းမှုက ကောင်းတယ်၊ မပွင့်လင်းတာက မကောင်းဘူး ဒါပေမဲ့ အများဟာ မပွင့်လင်းကြဘူး။ အကျိုးအကြောင်းအမျိုးမျိုးနဲ့ ရေငုံနှုတ်ပိတ်နေတတ်ကြတာကများတယ်။ တစ်ခါတစ်လေ “ကိုယ့်အတွက်နဲ့ သူတစ်ပါး ဒုက္ခမရောက်စေနဲ့” ဆိုတဲ့ ဘာသာရေးအဆုံးအမများကလည်း မပွင့်လင်းရလေအောင် တွန်းအားပေးနေသလိုပါပဲ။
ပွင့်လင်းမှုမရှိတာဟာ ကိုယ့်ကိုယ်ကိုယ် လူမုန်းမခံရလေအောင်ကာကွယ်နေတာ၊ ကိုယ်က အသားစီးရအောင်လုပ်နေ တာ၊ မဟုတ်တဲ့နေရာမှာ သိမ်မွေ့ယဉ်ကျေးပြနေတာတွေပဲဖြစ်တယ်။ စရိုက်အရ ငယ်စဉ်ကတိုင် အငုံစိတ်၊ အမြုံစိတ် ရှိတာတွေ ရှိနိုင်သလိုမကောင်းတဲ့သတင်းတစ်ခုကိုပြောဆိုခဲ့ရင် ကိုယ်ပါမကောင်းဘဲ ဖြစ်သွားမှာကို ကြောက်တာမျိုး လည်းပါနိုင်ပါတယ်။ တစ်ချို့ကတော့ နေရာတိုင်းပွင့်လင်းတာဟာ မကောင်းဘူ။ ပြဿနာကိုလက်ရှောင်နေတာပဲ ကောင်းတယ်လို့ အတွေးရောက်တက်ကြတယ်။
တစ်ချို့ကတော့ ပွင့်လင်းမှုမရှိတာကို တစ်မျိုးမြင်တယ်၊ ပွင့်လင်းမှုမရှိတာဟာ တစ်ဖက်နဲ့တစ်ဖက် မျက်နှာမပျက်ရအောင် နေတာမျိုးပဲဖြစ်တယ်။ အရိုးစွဲနေတဲ့ယဉ်ကျေးမှုရဲ့လောင်းရိပ်ပဲဖြစ်တယ်လို့ ပြောကြပါတယ်။ တကယ်ပဲလုပ်ယူကြတဲ့ အရိုအသေပေးမှုမျိုး၊ ဘုတ်ကျီးမြှောက်ကျီးဘုတ်မြှောက်သဏ္ဍာန်မျိုးတွေဟာ မပွင့်လင်းတာ ပါပဲ။ တစ်နည်းအားဖြင့်အကြောက်တရားကို မဖယ်ရှားနိုင်တာဖြစ်တယ်… မိုးထိတိုက်ကြီးတစ်ခု ဘုန်းဘုန်းလဲ သွားအောင် မပွင့်လင်းမှုနဲ့ အမြုံစိတ်တို့က လုပ်ပစ်နိုင်တယ်ဆိုတာ အားလုံးကမေ့လျော့နေတတ်ကြတယ်။။။
နှုတ်နည်းရင် အန္တရာယ်ကင်းတယ် ဆိုတဲ့စကားမျိုး၊ မလုပ်-မရှုပ်-မပြုတ်ဆိုတဲ့ အတွေးမျိုးတွေဟာ ကောင်းတာတွေ မဟုတ်ဘူး။နေရာတကာ စွာကျယ်စွာကျယ်နဲ့ကိုပါလေရာ၊ မပါလေရာတွေလုပ်ကြရမယ်လို့မပြောလိုပေမဲ့ ပြောသင့်တာကိုပြောဖို့အတွက်ကိုတော့ သတ္တိရှိဖို့လိုလိမ့်မယ်။ ပြောရဲ ပြောတတ်ဖို့တော့လိုလိမ့်မယ်။ ကိုယ့်ဆန္ဒတွေ ကို နှုတ်ကပြောခက်လို့ မျိုသိပ်နေတာမျိုးဟာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ကိုယ့်စိတ်ဆန္ဒတွေကို စိတ်ထဲကပဲ ပြောဆိုမြည်တမ်းနေလို့လည်း တစ်ဖက်လူက နတ်သကြားတွေမဟုတ်တော့ ဘယ်မှာသိနိုင်မလဲ။။ ကိုယ်ရဲ့ဆန္ဒ တစ်နည်းအားဖြင့် အများကောင်းကျိုး၊ တွေကိုဖော်ထုတ်ဖို့ခက်ခဲနေရင် တစ်ဖက်မှာအကျိုးရှိမဲ့ တိုးတက်မဲ့အရာတွေကို မသိတော့ဘဲ အမှားတွေဆက်လုပ်နေရင် ဘယ်နှယ့်လုပ်မလဲ……………
တစ်ချို့ကပြောကြတယ်…………နှမ်းတစ်စေ့နဲ့ဆီမဖြစ်ဘူးတဲ့။။ သူတို့မေ့နေတာက အဲ့ဒီ တစ်စေ့နှစ်စေ့ဆိုတဲ့ နှမ်းတွေ ပေါင်းလိုက်ရင် ဆီဖြစ်တယ်ဆိုတာပါပဲ.။
ကိုယ်ကနှမ်းတစ်စေ့ဖြစ်နေပေမဲ့ ဆီဖြစ်ဖို့အတွက် အချက်အလက်တစ်ခုဖြစ်တယ်ဆိုတာမမေ့သင့်ဘူး
ပွင့်လင်းမှုရှိတာဟာ လုပ်ငန်းတွေတိုးတက်အောင်မြင်မှုအတွက် အထောက်အကူပြု အကျိုးရှိစေမှာဖြစ်ပြီး မပွင့်လင်းမှု ကတော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆုတ်ယုတ်ပျက်စီးတာ ဆုံးရှုံးနစ်နာတာတွေကို ကြုံစေလိမ့်မယ် ဖြစ်ပါကြောင်း………….

ခင်မင်စွာဖြင့်
ညအလင်္ကာ

7 ယောက်က စာမူခပေးတယ်း):

လသာည said...

ဒီပိုစ်လေးက တကယ့်မှတ်သားစရာပါပဲ ညအင်္လကာ။ လူအများနဲ့ ဆက်ဆံရာမှာ ကိုယ်ဆန္ဒကို ပွင့်လင်းစွာ ပြောပြီး ညှိနှိုင်းဆွေးနွေးတာ အကောင်းဆုံးလို့ လက်ခံယုံကြည်မိပါတယ်။

Anonymous said...

အင်း ကိုယ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်တယ် တချို့ က ရန်သူအဖြစ် သတ်မှတ်သွားကြတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

ဟုတ်တာပေါ့..ပွင့်လင်းမူ့ကိုတော့မြတ်နိုးတယ်။
ဒါပေမယ့်..တစ်ချို့ကတော့ပွင့်လင်းတာကို
မနှစ်သက်တတ်ကြပြန်ဘူး။
အော်..ဒါနဲ့...တက်ဂ်ပိုစ့်ရေးခိုင်းထားပြီး
ရောက်မလာပါလား...

ခင်မင်စွာဖြင့်
ခိုင်နုငယ်

သဒ္ဓါလှိုင်း said...

အပြုသဘောနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်တာကအကောင်းဆုံးပေါ့..
သတိထားရမဲ့အကြောင်းလေးပေါ့..

ခင်မင်စွာ
သဒ္ဓါ

Angel Shaper said...

ဟုတ်တယ် တကယ်ဆို လူတိုင်းပွင့်လင်းရင် ကောင်းတာပေါ့နော်။
အရမ်းပွင့်လင်းရင်လည်းးး မကောင်းပြန်ဘူးးး
အင်းးးးးး သိတော့ဝူးးးးး:P

မြတ်မွန် said...

ပွင့်လင်းတိုင်းလည်း မကောင်းပြန်ဘူး..
သူများအမြင်ကပ်တက်တယ်..
ရေးထားတဲ့ အဓိပ္ပါယ်လေးကောင်းပါတယ်..။

အဖြူရောင်နတ်သမီး said...

ပွင့်လင်းချင်ပါတယ်...
အဲဒီလိုလဲ နေခဲ့ဖူးပါတယ်...
ဒါပေမယ့် တချို့က ပွင့်လင်းမှုအပေါ်မှာ ကိုယ့်ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး အန္တရာယ်ပေးလာတာကိုလည်း ကိုယ်တွေ့ကြုံခဲ့ရတော့ ...
အမအတွက်ကတော့ “ပွင့်လင်းမှုသည် လူတိုင်းနဲ့မတန်”...ဆိုတာလေးပါပဲ...။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။