အချစ်ရင်ခုန်သံတွေ ခေတ်ကိုလိုက်ပြီး ပြောင်းလဲနေပြီလား?
ယနေ့ ၂၁ ရာစု လူငယ်များသည် အရှိန်အဟုန်ဖြင့် ၀င်ဆောင့်သော ယဉ်ကျေးမှုလှိုင်း၏ ရိုက်ခက်ခြင်းဒဏ်ကို အတော်လေးခံစားရသည်။ ထိုကဲ့သို့ လှိုင်းတစ်လှိုင်း ရိုက်ခတ်ရာတွင် ပါဝင်လာသော အကောင်းအဆိုးအချက်များကို ၄င်းတို့အနေဖြင့် လွယ်လင့်တကူရယူတတ်ကြသည်။ ယဉ်ကျေးမှုအတားအဆီးတွေကို လူငယ်တွေ အလျားလိုက်ဖြတ်နေကြသည်။အမျိုးမျိုးပြောင်းလဲလာသော အကြောင်းတရားများကြောင့် ယနေ့ခေတ်တွင် လူငယ်များသည် ရေစီးကြောင်းနှင့်အညီ အချစ်ကို ၄င်းတို့ အလိုကျ ပုံသဏ္ဍာန်ပြောင်းလဲ ဖန်တီးလာကြသည်။ ထို့ကြောင့် ရှေးယခင်က အချစ်အပေါ်လာရှိသော စံနှုန်းများနှင့် မျက်မှောက်ခေတ်ကာလတွင် အချစ်ကို ခံယူပုံမှာ တော်တော်လေး ပုံသဏ္ဍာန် အမျိုးမျိုးပြောင်းလဲလာပါသည်။
“ အပြန်အလှန်နားလည်ခြင်းသည်သာ အချစ်”
အချစ်ဆိုသော အဓိပ္ပါယ်ကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးဖြင့် ဖွင့်ဆိုကြသည်။ အချို့က ပေးဆပ်ခြင်း၊ အချို့က ရယူခြင်း၊ အချို့က မြတ်နိုးခြင်း….စသည်ဖြင့်….
သို့သော် အများစုက လက်ခံထားသည်မှာ နှစ်ဦးနှစ်ဖက်သစ္စာရှိစွာ အပြန်အလှန် နားလည်မှုဖြင့် အချစ်တစ်ခုကို ပုံဖော်ရယူခြင်း ဟူ၍ဖြစ်သည်။
အချစ်သည် ကမ္ဘာဦး စကတည်းကရှိခဲ့သလို၊ ကမ္ဘာကြီးပျက်သုဉ်းသွားသည့် အချိန်ထိလည်းရှိနေဦးမည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အရှေ့လေသည် အနောက်ကိုတိုက်သလို အနောက်လေသည် အရှေ့သို့တိုက် မည်တာဖြစ်သည်။ ထိုအချိန်တွင် အခြားသော ယဉ်ကျေးမှုများကို အလွန်အကျွံမယူသင့်ပါ။ အတော်ပြောင်းလဲလာတဲ့ အနာဂတ်သွေးလန့်မှုကြီးလို့ ထင်လာပါတယ်။
ရှေးအစဉ်အလာက တန်ဖိုးထားလာကြတဲ့ လူကျင့်ဝတ်တွေ၊ ဓလေ့ထုံးစံတွေလည်း ကျိုးပျက်ကုန်မယ်။ ဒါဟာ စိုးရိမ်စရာပါ။
ယနေ့ခေတ်မှာ တစ်နည်းအားဖြင့် လူတွေအပေါ်မှာ အစဉ်အလာ ဘာသာရေးကျင့်ဝတ်တွေ တန်ဖိုးတွေရဲ့ လွှမ်းမိုးမှုလျော့ ခြင်းပါပဲ။ အခုခေတ်မှာ ရည်းစားများတာ ထည်လဲတွဲနိုင်တာ ဂုဏ်ယူစရာလို့ ထင်နေတတက်ကြ၊ သာယာနေတတ်ကြတာ။ အပျော်သဘောထားနေကြတယ်၊ စိတ်၏ အခြေအနေ ၊ စိတ်၏ ခံစားလွယ်မှုစေစားရာ ရောက်ဖို့ ကောက်ကောက်ပါအောင် ပြုမူတတ်ပုံနှင့် အချစ်ဆိုသော အရာကို “ ပေါ်ပင်” တစ်ခုလို လုပ်ဆောင်ပြုမူလာကြပါတယ်။ အတုခိုးမြန်တယ် ၊ ပြန်လည် ချင့်ချိန်မှုနည်းတယ်။ ပြန်လည်ဆန်းစစ်ဖို့ ၀န်လေးတတ်ကြတယ်၊ ရုတ်တရက်ဖြစ်လိုက်ရင် ပြီးတာဘဲဆိုပြီး ရှိတတ်ကြတယ်၊ လုပ်ချင်တာကို လျောက်လုပ်ပြီး ဂုဏ်ယူနေတတ်ကြတယ်၊ အမှားလို့လည်းမမြင်ဘူး။ မှားခဲ့တဲ့အမှားရှိခဲ့ရင် ဘယ်တော့မှ ပြင်လို့ မရတော့ဘူး ။ နိုင်ငံခြားလွှမ်းမိုးမှုကို အတုယူမိကြတာပါ။ ဒါကြောင့် မိမိရဲ့ စိတ်ကို တည်ငြိမ်အောင်ထားပြီး တည်တံတဲ့ အချစ်မျိုးကို အဓိက ထားသင့်ပါတယ်။ ရည်းစားများတာ ခဏခဏအပြောင်းအလဲလုပ်တာတွေ မလုပ်ဖို့ ရည်းစားတစ်ဦးထဲဘဲထားပြီး မိမိနဲ့ တကယ်လက်တွဲမယ်သူကို သေသေချာချာရှာဖို့ အရေးကြီးပါတယ်။
အရွယ်ရောက်ရင် ကြင်ရာရှာခြင်းမှာ လောက၏ ဓမ္မတာဖြစ်စဉ်ပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အချင်းချင်း နှစ်သက်လေ့ရှိသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပါ။ မိမိနှစ်သက်သော မိမိ တို့ချစ်မြတ်နိုးသော၊ မိမိ၏ စရိုက်နှင့် လိုက်ဖက်ညီသော သူကို ရှာနိုင်မှသာ ဘ၀တွင် စိတ်ချမ်းသာမည်ဖြစ်သည်။ ရခဲ့တဲ့ချစ်သူအပေါ်မှာလည်း ကိုယ်နဲ့ ဘ၀တစ်ခုလုံး လက်တွဲရမယ့်သူအဖြစ် သတ်မှတ်ပြီး သူရဲ့ အကျင့် စရိုက်လေးတွေ လေ့လာသုံးသပ်ရမှာပါ။
ယခုခေတ် လူငယ်များသည် အချစ်ကို တန်ဖိုးမထားဘဲ မိမိတို့၏ စိတ်စေစားရာနောက်ကိုလိုက်ခြင်း၊ ယဉ်ကျေးမှု အတားအဆီးများ၏ အစည်းအတားတို့ကို ဂရုမစိုက်ခြင်း၊ နီုင်ငံတကာမှ ရိုက်ခတ်လာသော ဂလိုဘယ်လိုက် များပေါ်တွင် ပြောင်းပြန်စီးမျောနေသော အချက်များကို ယနေ့ခေတ်တွင် တွေ့မြင်နေရသည်။ ထိုကြောင့် ယခုလူငယ် နောင်အနာဂတ်လူကြီးဖြစ်လာမည့် သူများအနေဖြင့် မိမိတို့၏ အချစ်ရေးများကို ဘ၀တွင်ပေါ့ပေါ့တန်တန်မထားဘဲ၊ လေးလေးနက်နက် ၊ ထိထိရောက်ရောက် ဆုံးဖြတ်ဆောင်ရွက်နိုင်ကြပါစေ။
ညအလင်္ကာ (Forever)
××××××××××××××××××××××××××××××××
0 ယောက်က စာမူခပေးတယ်း):
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။