Junction Point (JP) Blogger (ဘလော့ဂါ)
မိတ်ဆက်ပိုစ်
ဘလော့တစ်ခုရဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ခင်တဲ့သူငယ်ချင်းတွေ၊
ကျွန်တော်တို့ရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့
ကျွန်တော်တို့ရဲ့စာပေမိတ်ဆွေတွေ၊
ကျနော်တို့တင်ထားတဲ့ ဓါတ်ပုံလေးတွေ၊
ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ဘဝအတွေ့အကြုံလေးတွေကို
မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။
စာဖတ်သူတွေရဲ့ ဘလော့ဂါအများစုရဲ့
ဘလော့ဂ်ကို ဘာကြောင့်ရေးရတယ်ဆိုတာ ခံစားချက်အမျိုးမျိုးနဲ့ ဖော်ပြထားကြပါတယ်။
အဲ့ဒီအတွက် ကျနော်တို့သူငယ်ချင်းတစ်စုလည်း ခံစားချက်တွေစုပြီး ရေးမယ်ဆိုတဲ့အတိုင်း ဒီ JP ဘလော့ကို ချက်ချင်းထလုပ်လိုက်ရပါတယ်
JP Blogspot မှာတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးဥိး စုပြီးရေးကြပါတယ်
တစ်ယောက်က ကျနော်ပါ (ညအလင်္ကာ) နဲ့ရေးပါတယ်
နောက်တစ်ယောက်က ကျနော်ညီဖြစ်တဲ့ မောင်ဖိုးနမ်းက ရေးပါမယ်
နောက်ဆုံးတစ်ယောက်က အွန်လိုင်းကနေ မကြာသေးမှီကမှခင်လာတဲ့ သူငယ်ချင်း မနုငယ် ဖြစ်ပါတယ်
ကျွန်တော်တွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ စာတွေအတွက် ကိုယ့်မှာ
တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ပဲရေးပါမယ်
လာလည်သော သူငယ်ချင်းများကိုလည်း ဆီပုံးလို့ ချစ်စနိုးခေါ်တဲ့ Cbox မှာ အမှတ်တရလေးရေးပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ
ဒီ့အပြင် ကျနော်တို့ သူငယ်ချင်းတွေ တင်လိုက်တဲ့ ပို့စ် (post) တိုင်းရဲ့အောက်မှာလည်း
စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ဝင်ရေးပေးခဲ့ရင် ပိုလို့တောင် ကျေးဇူးတင်မိမှာပါ
စာဖတ်သူတွေရဲ့ Comment က ကျနော်တို့ရဲ့ အားဆေးတစ်ခွက်လိုပါပဲဗျာ
အားလုံးကို ခင်မင်ရင်းနှီးစွာဖြင့်
ညအလင်္ကာ
မောင်ဖိုးနမ်း
မနုငယ်
Friday, March 5, 2010
မိတ်ဆက်ပိုစ်
Subscribe to:
Post Comments (Atom)
3 ယောက်က စာမူခပေးတယ်း):
ဘလော့ဂါ ပေါက်စ အခြင်းခြင်း အားပေးပါတယ်... တငယ်ချင်းတို့ရေ...:D
သုံးယောက်ရေးတော့ သုံးယောက်စကားပေါ့
ဒါမှမဟုတ် သုံးယောက်ပေါင်းလောင်းကျော်ပေါ့
နော်...အဟီး ဟုတ်တယ်နော်
မဟုတ်လည်း ခီးသံ ( အဲ ) သီးခံနော်
ဒီ၃ယောက်ကတော့ ဟုတ်ပါပြီ...ကိုပီယ ဆိုတာကကော...
ဘာပဲပြောပြောပါ...အားပေးပါတယ်...ကျနော်တို့လည်း ဘလော့လုပ်ဖြစ်တာ သိပ်မကြာသေးပါဘူး ဒီလိုပဲ မဆုတ်မနစ်သောဇွဲနဲ့ ချီတက်ကြတာပေါ့...ပျော်ရွှင်အောင်မြင်ကြပါစေ...
ခင်မင်လေးစားစွာဖြင့်
အင်ကြင်း
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။