Friday, March 5, 2010

အဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ


အဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ
မိမိကိုယ်ကို လေးစားယုံကြည်စိတ်များ ဖြည့်တင်းမြှင့်တင်ပေးခြင်း
          ဘ၀အောင်မြင်ရေးသည် တန်ဖိုးရှိလှသည်။ မိမိကိုယ်ကို လေးစားယုံကြည်စိတ်များ လူတစ်ယောက်၌ ပြည့်ဝလာစေနိုင်သည့် အလွယ်တကူအထိရောက်ဆုံးနည်းက တစ်နည်းက သူတစ်ပါးမှ လာသော လက်ဆောင်အဖြစ်ရရှိခြင်းဖြစ်သည်။ ရုပ်ဝတ္တုပစ္စည်းများ လက်ဆောင်ပေးသလို မိမိကိုယ်ကိုလေးစားယုံကြည်သော စိတ်ကိုလည်း ချစ်ခင်သူများအားပေးအပ်နိုင်ကြပါစေ။

လောကကို ဟာသဥာဏ်ဖြင့်ရှုမြင်ခံယူတတ်ခြင်း
          အကယ်၍သာ ကျွန်တော်တို့ကြုံကြိုက်ရသည့် အဆင်မပြေမှု မျှော်လင့်သလောက်ဖြစ်မလာမှုတွေကို ရယ်မောပျော်ရွှင်စွာ ခံယူနိုင်မည်ဆိုလျှင် အဘယ်မျှ တန်ဖိုးရှိပါမည်နည်း။ ကျွန်တော်တို့ကိုယ်ကိုရော ၊ ကျနော်တို့ ချစ်ခင်သူ များကိုဟာသဥာဏ်လေးနှင့် ကာကွယ်ပေးထားနိုင်မည်ဆိုလျှင်  အဘယ်မျှ စိတ်ချမ်းသာစရာ ကောင်းပါမည်နည်း။ စစ်စစ် ဟာသဓါတ်ခံဟူသည် ကျနော်တို့အားလောကဓံကို ခံနိုင်ရန် အကာကွယ်ပေးသည့် ချပ်ဝတ်တန်ဆာတစ်ခုပင်ဖြစ်သောကြောင့် ချစ်ခင်သူများကို ဟာသဥာဏ်များဖြင့်အကာကွယ်ပေးနိုင်ကြပါစေ။

 မိမိမှာရှိသည့် မကောင်းသော အကျင့်များကို ပယ်ဖျောက်ခြင်း
          မိမိမှာရှိနေသည့် ကျန်းမာရေးထိခိုက်စေသော ရေရှည်၌ စိတ်မချမ်းမြေ့ဖွယ်သာ ဖြစ်စေသော အကျင့်ဆိုးတစ်ခုကို ပယ်ဖျက်ခြင်းသည်  မိမိကိုယ်တိုင်ရော ချစ်ခင်သူများကိုပါ အဖိုးမဖြတ်နိုင်သည့် လက်ဆောင်တစ်ခုပေးအပ်ခြင်းဖြစ်သည်။ ပေးအပ်နိုင်ကြပါစေဗျာ….

ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးဆက်ဆံခြင်း
          အတူဆက်ဆံနေရသူကို တစ်စုံတစ်ရာ ဖုံးကွယ်ထားမိသည်နှင့်တစ်ပြိုင်နက်ဆက်ဆံရေးမှာ နည်းနည်းလေးတော့ လျော့သွားစမြဲဖြစ်သည်. စစ်စစ်ကိုယ်တွင်းစိတ်အနေအထားကို ဖွင့်ဟဖို့ဆိုသည်မှာလည်း အခါခပ်သိမ်းလွယ်ကူသည့်တော့မဟုတ်။ သို့သော် သူတစ်ပါးအပေါ် ရိုးရှင်းပွင့်လင်းနိုင်ခြင်းမရှိဘူးဆိုက မိမိစိတ်တွင်းမှာလည်း တကယ်ရှင်းလင်းနီုင်မည်မဟုတ်ပါ။ ဟန်ဆောင်မှု အဖုံးအကာတွေမပါသည့် တကယ့်အစစ်အမှန်အနေအထားအားဖြင့်သာ ကျွန်တော်တို့နီးစပ်ကျွမ်းဝင်သူများအတွက် နှစ်သက်စရာ လက်ဆောင်မွန်တွေ ပေးအပ်နိုင်ကြပါစေ။
စာဖတ်သူတွေလည်း ကိုယ့်ရဲ့ ချစ်ခင်သူများကို အဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ ပေးအပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊

ခင်မင်စွာဖြင့်
ညအလင်္ကာ(Forever)

0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။