Saturday, March 6, 2010

အနာဂတ်သားကောင်ရတနာများသို့


အနာဂတ်သားကောင်ရတနာများသို့
(နောက်ဆက်တွဲ) အချစ်ရင်ခုန်သံတွေ ခေတ်ကိုလိုက်ပြီး ပြောင်းလဲနေပြီလား?

လူငယ်တွေသာမဟုတ်ဘူး ကလေးတွေပါ
မြန်မာအစဉ်အလာ ဘာသာရေးကျင့်ဝတ်တွေ တန်ဖိုးတွေကို နားလည်မှုလျော့လာကြပြီဗျာ
ဖျာပုံမှာ အဖြစ်ပျက်တစ်ခု ကိုယ်တိုင်ကြားနာခဲ့ရပုံလေး ကို ပြောပြမယ်ဗျာ
(ကျနော် ကျောင်းနာမည်နဲ့ ကလေးတွေရဲ့ နာမည်ကိုတော့ မရေးတော့ပါဘူး၊ သူတို့လေးတွေရဲ့ အနာဂတ်ဆိုတာရှိဥိးမှာဆိုတော့)
အတိုချုံးပဲ ပြောပြမယ်ဗျာ
မူလတန်းကျောင်းတစ်ကျောင်းမှာ  (၄)တန်းကျောင်းသားတစ်ယောက်က  (၂)တန်း ကျောင်းသူတစ်ယောက်ကို ကျောင်းအိမ်သာထဲမှာ  မတော်တရားပြုမူခဲ့ပါတယ်
ကျောင်းခေါ်ချိန်ရောက်တော့ (၂)ကျောင်းသူလေးရဲ့နာမည်ခေါ်တော့ ကလေးမလေးက မရှိဘူ။
အဲ့ဒါနဲ့လိုက်ရှာတော့ အိမ်သာမှာ သွေးတွေနဲ့မေ့လဲနေတာကို ဆရာမတွေတွေ့လို့ ချက်ချင်းပဲ ဖျာပုံဆေးရုံကို
အရေးပေါ်တင်လိုက်ကြတယ်
အဲ့ဒီအဖြစ်ပျက်ဖြစ်တော့ ကျောင်းသူလေးရဲ့ မိဘတွေမှာ (၄)တန်းကျောင်းသားကို  တိုင်လို့လည်းမရ
တိုင်ပြန်ရင်လည်း အရှက်တကွဲ အကျိုးနည်းပေတော့မယ်….(ကလေးရဲ့ ရှေ့ရေးက ရှိတာကို)

ဒီတော့ ကျနော်ပြောချင်တာက
ကလေးတွေက ဘယ်က တတ်လာတာလဲ?
(1)Video တွေကြည့်ကြရင်း အတုမြင် အတတ်သင်လာတာလား?
(2) မိဘတွေရဲ့ ဆင်ခြင်တုံတ၇ားနည်းပါးမှုကြောင့်ဖြစ်ရတာလား
(3) ပတ်ဝန်းကျင်ကြောင့် ကလေးတွေ စာရိတ္တတွေ ပြောင်းလဲကုန်တာလား?
ဘာပဲဖြစ်ဖြစ်
မိဘတွေကလည်းသွန်သင်ဆုံးမ လွှမ်းမိုးမှုလျော့ ပါးလာခြင်းပါပဲ။  ဘာသာရေး ရှုထောင့်မှကြည့်ပါက ရင်လေးဖွယ်ရာ ကောင်းသော အနာဂတ်၏ ကလေးငယ်များ အတွက် ၀မ်းနည်း ကြေကွဲ နေမိပါသည်။
ဒီအချက်တွေကြောင့်ပြောင်းလဲနိုင်တယ်ဆိုရင်လေးလေးနက်နက်သတိထားပြီးဆင်ခြင်ဖို့ အထူးလိုအပ်ကြောင်း ကျနော်ရဲ့ ရှုထောင့်ဘက်မှ တင်ပြရင်း ……………………..
စာဖတ်သူတွေကို
လေးစားစွာဖြင့်
ညအလင်္ကာ(Forever)
××××××××××××××××××××××××××××××××××××××

6 ယောက်က စာမူခပေးတယ်း):

Khyl said...

စိတ်ညစ်စရာကြီးပဲ... သူငယ်ချင်းရေ.... ဘလို လုပ်ကြမလဲ....

Anonymous said...

အဲ...ဘာပြောရမှန်းတောင်မသိတော့ဘူး။ အကြောင်းအရာတစ်ခုထဲနဲ့ ကောက်ချက်ဆွဲလို့တော့ မရနိုင်ဘူး။ စဉ်းစားပြီး တစ်ခုခုတော့ လုပ်ကြဖို့လိုနေပြီ။

Anonymous said...

ကိုမိုးပြောသလိုပဲ
အကြောင်းအရာတစ်ခုထဲနဲ့ ကောက်ချက်ဆွဲတာတော့မဟုတ်ပါဘူး
ကလေးမလေးက အခုထိ ဆေးရုံမှာ(ဖျာပုံ)မှ ရှိပါသေးတယ်
ကိုယ်ချင်းစာမိလို့ပါဗျာ

Unknown said...

ခေတ် ကာလက ကြောက်စရာဖြစ်လာပြီး။

အင်ကြင်းသန့် said...

ကိုညအင်္လကာရေ...အဲဒီလို အဖြစ်အပျက်မျိုးတွေကို လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်တုန်းကလည်း ကျနော်ကြားဖူးခဲ့တယ်...ကျနော်တို့ ပြည်မြို့မှာ ဖြစ်တာပါ...အဲဒီကလေးမလေးဆိုရင် တစ်ရပ်ကွက်လုံးက ဒီကိစ္စကို သိနေတော့ တဖြည်းဖြည်းအရွယ်လေးရလာခဲ့ရင် ပတ်ဝန်းကျင်ဆိုတာ သိတဲ့အတိုင်းလေ...ကိုယ်ချင်းစာမိတယ်...ဘာကို ဘယ်လိုကောက်ချက်ဆွဲရမှန်းတောင် မသိတော့ဘူး...ခေတ်ကြောင့်ပဲလား ??????

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

ပန်းနှင်းဆီ(ကြယ်ကလေး) said...

အင်း...ဘာပြောရမှန်းတောင်မသိတော့ပါဘူး ငညရေ....
ခေတ်ကိုက ခလေးတွေအတွက် အတုမြင်အတတ်သင်ဖို့အတွက် အခြအနေ၊ အချိန်အခါ ဆိုတာတွေက သိပ်ကို လွယ်ကူလွန်းနေတယ်။ နောက်ပြီး မိဘတွေက သားသမီးတွေကို လိမ်မာယဉ်ကျေးအောင် သင်ပေးနေဖို့ထက် ထမင်းနပ်မှန်အောင်စားဖို့၊ နေစရာ၊၊ ဝတ်စရာရဖို့အတွက် နေ့ရှိသ၍ ရုန်းကန်နေရတော့ ဘယ်မှာလည်း ဆုံးမဖို့အချိန်ဆိုတာ။ နောက်ပြီး ခလေးတွေရဲ့ လက်ဦးဆရာဖြစ်တဲ့ ဆရာဆိုတာတွေကလည်း ခုက စေတနာထက် အသပြာက ပိုအရေးပါနေကုန်ပြီလေ...။ အားလုံးကိုတော့မဆိုလိုပါဘူး။ တော်တော်များများကတော့ အဲ့လိုဖြစ်ကုန်ကျပြီဟ။ ကိုယ့်တွေ့ပဲ။တစ်ဦးတစ်ယောက်ထည်းမစွမ်းဆောင်နိုင်ပေမဲ့ အဲ့လို တစ်ဦးတစ်ယောက်တွေများလာပါစေလို့ပဲဆုတောင်းရမှာပဲ သူငယ်ချင်းရေ.....

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။