Saturday, March 6, 2010

ဗလာကောင်ရဲ့ ဒေါသ

“ဗလာကောင်ရဲ့ဒေါသ”

ငါ့ဘ၀ထဲ
လူယောင်ဆောင်ဝင်လာတဲ့ မိန်းမ
နင် ဘယ်လိုပြုံးပြုံး ငါရှုံးတယ်
အဲ့ဒီ ကကြိုးတွေနဲ့
ငါ့ကို မမြူဆွယ်စမ်းနဲ့
ကာလီဒါသ လောက် ငါကြံ့ခိုင်မှု့အားမကောင်းဘူး

ဘာလဲ
မင်းက မကျေနပ်သေးလို့လား
ငါ့ သွေးကြောတွေပြောင်းပြန်စီးဆင်းကုန်ပြီ
ငါ့ ဦးနှောက်တွေ ချေးပိတ်အောင် မင်းပြုစားခဲ့တာ
လုပ်လိုက်စမ်းပါ ခုမှတော့
မင်း စိတ်ရှိလက်ရှိ ပေါ့
မလိုပါဘူး အဲ့ဒီအရေခြုံတွေ ချွတ်ချပစ်စမ်း

အမှန်တရားကို ရင်ဆိုင်ဖို့
မင်းကြောက်နေသေးလား
ရှက်တတ်ရင် လဲသေလိုက်
မင်းအတွက် ၀မ်းနည်းပက်လက် ငိုကြွေးဖို့
သိုးရေခြုံထားတဲ့လူတစ်ချို့ရှိသေးတယ်

အိုမာခယမ် လို
ဝိုင်တစ်ခွက် ပေါင်မုန့်တစ်ခု စာအုပ်တစ်အုပ် နဲ့
ငါမတင်းတိမ်နိုင်ဘူး
ငါက သူ့လောက်လည်း မကြီးကျယ်မခမ်းနားဘူး
ခါလီဂျီဗရမ် လိုလဲ ငါကဗျာရေးမတော်ဘူး
ငါက သုညကို အနားကွပ်နေတဲ့ကောင်.

မင်းတို့မက်တဲ့
ရွှေ၊ငွေ၊ဂုဏ်ဒြပ်တွေ တစ်ခုမှမရှိဘူး
အဲ့ဒီတော့ မင်းအသိုင်းအ၀ိုင်းကပြောမယ်
ငါဟာ အရိုင်းအစိုင်းကောင်
အေး ငါ့ယဉ်ကျေးမှု့လည်း
သကာရည်ဖုံးထားတဲ့
ပိုးထိုး ခြစားဦးနှောက်တွေနဲ့အံမ၀င်ဘူး..။


                                              ပီယ





3 ယောက်က စာမူခပေးတယ်း):

Anonymous said...

ငါကသုညကို အနားကွပ်နေတဲ့ကောင် တဲ့...ကြည့်စမ်း လှလိုက်တဲ့ တင်စားမှုဗျာ။

ဂျေဂျူဝိုင် said...

အောက်ဆုံး အပိုဒ်လေးကို ကြိုက်တယ်ဗျာ

Khyl said...

ဗလာကောင်းကိုတောင် လာစော်ကားတဲ့နောက်တော့ ချဲပလိုက် သငယ်ချင်း... မှန်ဒယ်... ငါနင့်နောက်မှာ ချိနေမယ်... ပြေးဘို့.... ဟားဟား....


စတာနော်.... အဲလိုပဲ စိတ်တွေညစ်လာရင်လူတွေကို လိုက်စချင်နေတာဟ...

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။