Monday, March 1, 2010

ဒွိဟ

မင်းကို ငါချစ်တာ
ရိုးရိုးသားသားပါကောင်မလေးရယ်
မင်းမသိပဲ ငါ့စိတ်ကူးတွေဘယ်လောက်ခမ်းနားခဲ့သလဲ
ငါခြေစုံရပ် အတောင်ပံကိုဖြန့်ပြီး
ပျံသန်းဖို့အားယူပြီးကာမှ
င့ါအိပ်မက်တွေ မီးထတောက် အရည်ပျော်ကျသွား

အပြစ်တင်ဖို့တောင် ငါ့မှာ
လက်ဆုပ်လက်ကိုင်ပြစရာမရှိ
ခွန်အားမဲ့ အသိစိတ်မဲ့ ကမ်းနဲ့ဝေးဆဲ
မီးတောင်တစ်လုံးထက်ပိုတဲ့ပြင်းအားတွေနဲ့
ငါပါးပြင်ထက်မှာ အက်ဆစ်မိုးရေတွေလား ……….

ငါ လွမ်းဖို့တောင်အသင့်မဖြစ်သေးပါဘူးကွယ်
ရင်ဘတ်ကိုစောင့်တဲ့နတ်ကဘယ်ချောင်မှာခွေအိပ်နေခဲ့သလဲ
အဆုံးထိမရောက်သေးခင် ဇာတ်သိမ်းသွား
တစ်ခြားတစ်ယောက်ရဲ့ ပယောဂနဲ့
ငါ့ကို တစ္ဆေတစ်ကောင်လို့ ဂုတ်သွေးစုပ်သွား
ဖြစ်နိုင်ရင် အရာအားလုံးပြန်စချင်တယ်

ကမ္ဘာဦးဂီတနဲ့ မင်းကိုချစ်တယ်
ဘယ်မှာလဲကွယ် ငါ့အနာဂတ်တွေ
တိုက်စားသွား ချော်ရည်တွေလိုပျော်ကျသွား
ခု ငါဘာလုပ်ရမှန်းမသိတော့လို့
မင်းကို ချစ်တယ် ချစ်တယ်လို့ ထပ်ခါထပ်ခါပြောချင်နေတော့တယ်။


မောင်ဖိုးနမ်း

1 ယောက်က စာမူခပေးတယ်း):

Anonymous said...

မင်းကို ငါချစ်တာ
ရိုးရိုးသားသားပါကောင်မလေးရယ်
မင်းမသိပဲ ငါ့စိတ်ကူးတွေဘယ်လောက်ခမ်းနားခဲ့သလဲ
ငါခြေစုံရပ် အတောင်ပံကိုဖြန့်ပြီး
ပျံသန်းဖို့အားယူပြီးကာမှ
င့ါအိပ်မက်တွေ မီးထတောက် အရည်ပျော်ကျသွား

ချစ်နိုင်ပါစေ ကောင်မလေးကို

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။