Sunday, February 7, 2010

အဝေး

ဝေးလွန်းတော့လည်းတိုးတိတ်လွန်းလှရဲ့
မင်းသနပ်ခါးနံ့လေးပြန်ပေးပါ
တိမ်းမူးလို့ကောင်းတုန်း တစ်ခန်းရပ်
လာမယ့် မနက်ဖြန်တွေ ငါမုန်းတယ်



ဘယ်မလဲ အနာဂတ်တွေ
အိပ်မက်နတ်သမီးက ကျီစားခဲ့ရော့သလား
ငါ့ညတွေ ပျောက်ဆုံးကုန်ပြီ
ဟိုး အဝေးကရှိုက်သံကြားရတယ်
တစ်စက်တစ်ပေါက်ဖြစ်ဖြစ် အိပ်မက်ခွင့်ပေးပါ



ရှည်ကြာလွန်းလှရဲ့
ဘယ်သောင် ဘယ်ကမ်းကပ်ခဲ့ရဲ့
တွေးနေတဲ့ အတွေးတွေတောင် တွေးတောလို့မရတော့လောက်အောင်
မွန်းပိတ် လှောင်ကြပ် အက်ကွဲ
ဝေဒနာတွေ တစ်ခန်းရပ်ခွင့်ပြုခဲ့ပါ

မောင်ဖိုးနမ်း


0 ယောက်က စာမူခပေးတယ်း):

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။