ကျွန်တော်နှင့်အလွဲများ
ဘတ်စ်ကားကတစ်ဆိတ်ကြပ်လွန်းလှသည် လွတ်ထားသောလွယ်အိတ်ကြိုးကိုကိုင်ကာရှေ့ကိုပို့လိုက်သည်။ အထူးကားကိုတက်စီးသော်လည်း မနက်ပိုင်း ရုံးတက်ချိန်ဖြစ်သောကြောင့်လူတွေက ပြည့်ကြပ်ညပ်သပ်လျှက် လူတွေကြပ်လို့တိုးရင်းတိုးရင် ကျွန်တော်လည်းတဖြည်းဖြည်း ကားအတွင်းပိုင်းကိုရောက်လာသည် အ၀ပိုင်းတွင် ဆင်းရလွယ်အောင်လူတွေ ကပ်သပ်နေသောကြောင့် လူများပြီးကြပ်နေသော်လည်းနောက်ပိုင်းတွင်တော့ နည်း နည်းချောင်သလိုရှိသည်။
လူတွေကြပ်နေသောကြောင့်အနံ့မျိုးစုံ ရနေသော်လည်း ကျွန်တော်ရပ်နေသည့်နားတွင်တော့ သင်းပျံ့ပျံ့ ရနံ့ တစ်မျိုးရ၍နေသည်။ ဒီရနံ့ကို ထွေထွေထူးထူးသိပ်တော့မရှာလိုက်ရပါ ကျွန်တော့်ရှေ့တွင်ရပ်နေသော လှတပတ ကောင်မလေးဆီကရနေခြင်းဖြစ်သည်။ (လှတနှင့်ပတညီအစ်မများမဟုတ်ပါတွဲ၍ဖတ်ပါ ဤကားစ ကားချပ်) ကားကခုန်လိုက်တိုင်းကောင်မလေးဆီကျွန်တော့် ခန္ဓာကိုယ်က ပြေးပြေးကပ်သွားသည် တတ်နိုင် သလောက်ထိန်းထားသော်လည်း ဘတ်စ်ကားကို လေယာဉ်ပျံထင်ကာမောင်းနေသောကားသမားနှင့် မြန်မာ ပြည်ကားလမ်း ကကျွန်တော့်ကိုမျက်နှာသာမပေးပါ။
ထို့ကြောင့် လွယ်ထားသောလွယ်အိတ်ကိုရှေ့ကိုတင်းတင်းဆွဲကပ်ထားလိုက်သည် သို့မှပင်စိတ်ချလက်ချနေ နိုင်တော့သည်။ ကားကခုန်နေသော်လည်း လွယ်အိတ်နှင့်ဆိုတော့ စိတ်ချလက်ချဖြစ်သွားသည် ရနံ့လေးတ သင်းသင်းနှင့်ကိုယ့်ဟာကိုယ်သဘောကျနေတုန်း ကောင်မလေးကလှည့်ကြည့်လာသည်။ မျက်ဝန်းတွေက လည်းအတော်လှပါသည်။ ကျွန်တော်ဖျတ်ကနဲတောင် ရင်ခုန်သွားသည် ဒါပေမယ့်ကောင်မလေးမျက်ဝန်းတွေ ကကောင်းသော လက္ခဏာမဟုတ် ဒေါသရောင်သန်းနေသည်။ ဘာကြောင့်လဲဆိုတောတော့ကျွန်တော်မသိ ဒါကြောင့် ကျွန်တော်လည်းမသိလိုက်မသိဘာသာနေလိုက်သည်။
ဒါပေမယ့်ကောင်မလေးက မကြာခဏလှည့်ကြည့်လာသည် ကျွန်တော့်ကသူ့နောက်ကဆိုတော့ သူလှည့်ကြည့် တိုင်းမြင်နေရသည် ပိုဆိုးတာတာကကောင်မလေးက တစ်ခါလှည့်ကြည့်တိုင်းမျက်ဝန်းထဲကဒေါသရောင်တွေ ပိုပို တောက်လာခြင်းဖြစ်သည်။
ဗလာချည်ကြီးထအော်လိုက်ခြင်းကြောင့် ကျွန်တော်လည်းကြောင်သွားသည်။
ကျွန်တော်လည်းရှက်တာကလည်းတစ်ကြောင်းကိုယ်မလုပ်ပဲစွပ်စွဲခံရတာလည်းတစ်ကြောင်းမို့ ဒေါသကအ တော်ထွက်နေသည် အသံကတုန်နေပြီ ကားတစ်ကားလုံးကလည်းဝိုင်းကြည့်နေသည်။ တစ်ချို့ကကျွန်တော့် ကိုရွံရှာသည့်မျက်လုံးတွေနှင့်ကြည့်နေသည်မို့ ဒီကိစ္စကိုရှင်းအောင်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။
ကောင်မလေးကတွေကနဲတစ်ချက်ဖြစ်သွားသည် မျက်နှာကလဲပိုရဲတွတ်လာသည်နောက်တော့ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်..
ကျွန်တော်လန့်သွားသည် ကမန်းကတန်းကိုယ့်အောက်ပိုင်းကိုယ်ငုံကြည့်ရသည်ဘာမှမဖြစ်ဘယ်နှာကြီးတုန်း ကား တစ်ကားလုံးလည်းဟင်တွေဟာတွေဖြစ်ကုန်သည်။ ကောင်မလေးကလည်းရှက်လို့ထင် ကားပေါ်ကဆင်း ဖို့လုပ်သည်။ အဲ့လိုမဖြစ်သေး ကျွန်တော်မလုပ်မိတာသေချာသည်။
နောက်မှသတိရတော့သည် သေလိုက်ပါတော့ ဟုသာကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။
ကျွန်တော်ပြောပြောဆိုဆိုလွယ်အိတ်ထဲက ပြောင်းဖူးကြီးကိုဆွဲထုတ်လိုက်သည် အပူငွေ့မပြယ်သေးသော ပြောင်းဖူးကြီးက ကျွန်တော်လက်ထဲမှာအောင်နိုင်သူကြီးလို ကောင်မလေးကတော့ရှက်လွန်းလို့ထင်မျက်နှာကြီး ရဲရဲတွတ်နေသည်။
ထိုစကားကိုပြောပြီးကောင်မလေးသည်ဆင်းပြေးတော့သည် ကျွန်တော့်မှာတော့ ပြောင်းဖူးကြိးကိုကိုင်ကာ ကားတစ်ကားလုံးကိုတဟီးဟီးနှင့်ရယ်ပြလိုက်သည်။ ထိုပြောင်းဖူး ကျွန်တော့်လွယ်အိတ်ထဲရောက်နေသည် အကြောင်းအရင်းက အစ်မကြောင့်ဖြစ်သည် နယ်မှဖြစ်သောအစ်မက ရန်ကုန်မြို့တက်လာတုန်း မောင်လေးကို တွေ့ချင်တယ်ဟုဆို၍သွားတွေ့ပြီးအပြန် ကျွန်တော်စားဖို့ဟုဆိုတာ ပြောင်းဖူးကြီးကျွန်တော့်လွယ်အိတ်ထဲထည့် ပေးလိုက်ခြင်းဖြစ်သည်။
အော် …ဒီနေ့ကံမကောင်းပါလား အရပ်ကတို့ရယ်….
မောင်ဖိုးနမ်း
5 ယောက်က စာမူခပေးတယ်း):
ကိုယ့်ဟာကိုယ်တော့ကောင်းသား ကိုမိုးကမရဘူးဆိုလို့ ပြန်ပြင်လိုက်တာ အစမ်းပေးကြည့်တာ
ညီရေ ဖြစ်လိုက်ရင်တော့ တစ်လွဲကြီးပဲ
ဟဲဟဲ ...ပြောင်းဖူး ကယ်သွားလို့ပေါ့
နောက်မို..........စဉ်းတောင်မစဉ်းစားရဲဘူး
ဟာသလက်ရာက မြောက်တယ်
ဒီနေ့ကိုတွတ်ပီကံမကောင်းပါလားလို့ မပြောပဲ
မောင်ဖိုးနမ်း ကံမကောင်းပါလို့ပဲ ပြောလိုက်တော့မယ်
Greate
ပြောင်းဖူးက အေးနေမယ်ဆိုရင်ရော? :)
မောင်ဖိုးနမ်းရေ...
ဖစ်မှ ဖစ်ရလေဒယ်ကွယ်....ခိခိ...း)
(စာရေးကောင်းတယ်...။ အားပေးနေတယ်ဗျာ...း))
ခင်မင်တဲ့
ဏီလင်းညို
ကောင်မလေးက ရှင့်နာမည်ပြောဆို ဒုက္ခော ကျမထင်တာမှားသလားဆိုရင်..လဲ..မောင်ဖိုးနမ်းတော့ မလွယ် ပြောင်းဖူးကယ်ပေလို့သာ..
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။