Wednesday, August 18, 2010

Ngar nin ko chit tal


အလင်းမရတော့တဲ့
ကောင်းကင်ရထားကြီးကို တွဲလဲခိုစီးရင်း
ငါဘယ်အထိ ခရီးဆက်ရမလဲ..။

အိမ်ခြေရာမဲ့ မိုးတိမ်တွေကလည်း
ငါ့ ရင်ဘတ်ထဲမှာ တလွင့်လွင့်မျောလို့
ငါ့ကိုယ်ငါ စိတ်ပျက်လှပြီ..။

အတိတ်ကိုလွမ်းဆွတ်သတိရနေပေမယ့်
ပစ္စုပ္ပန်မှာတော့ အသေကောင်လို
ဆိုတော့ကာ အနာဂတ်ကလည်း မရှင်သန်နိုင်ဘူး..။


မြိုချရလွန်းလို့ ရင်ဘတ်တစ်ခုလုံး
ပွင့်လျှံပြိုကျ လောင်းကျွမ်းနေပြီ
ငါက တိကျစွာဖယ်ထုတ်ခံခဲ့ရတဲ့ နတ်ဆိုးတစ်ကောင်..။

ဘယ်အကြောင်းကြောင့်ပါလိမ့်
ကံကြမ္မာကို ဖက်တွယ်ထားရင်
ငါ…. တဖြည်းဖြည်းအသည်းငယ်တတ်လာတယ်…။

ကိုယ့်ဘ၀ ကိုယ်ထမ်းပြီးလျှောက်လာခဲ့တာပဲ
ဒါပေမယ့် လမ်းခုလတ်တင် လမ်းကပျောက်သွားတယ်
ငါ့ပိုင်ဆိုင်ရာ တစ်ချို့မရှိတော့ဘူး
တစ်ချို့တစ်ဝက်ရဲ့ အလုံးစုံကို
နတ်ဘုရားမ ကသိမ်းသွင်းယူငင်သွားတယ်
သတိ…သေဆုံးတော့မည်…။


                                လုလင်ပျို




1 ယောက်က စာမူခပေးတယ်း):

Anonymous said...

ကိုယ့်ဘ၀ ကိုယ်ထမ်းပြီးလျှောက်လာခဲ့တာပဲ ညီရေ
လမ်းမပျောက်အောင်တော့
ကိုယ့်ရဲ့အတွေးအခေါ်စိတ်နဲ့အတွေ့အကြုံက ဆုံးဖြတ်ပါညီ

ညအလင်္ကာ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။