ဗလာနတ္တိ
နေ့ကညကို လောင်ကျွမ်းတယ်
ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..
ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်
ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်
အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….
ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက
ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်
အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………
ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့
လိမ်ညာမှုတွေကို ငါမြင်တယ်
ဖုံးကွယ်ထားတဲ့မျက်လုံး
ဟန်ဆောင်အပြုံးတွေ
အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ
အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့
နောက်ဆုံးတော့….?
နေ့ကညကို လောင်ကျွမ်းတယ်
ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..
ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်
ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်
အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….
ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက
ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်
အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………
ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့
လိမ်ညာမှုတွေကို ငါမြင်တယ်
ဖုံးကွယ်ထားတဲ့မျက်လုံး
ဟန်ဆောင်အပြုံးတွေ
အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ
အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့
နောက်ဆုံးတော့….?

ညအလင်္ကာ
15/8/2010
15/8/2010
6 ယောက်က စာမူခပေးတယ်း):
နောက်ဆုံးတော့ အားလုံးဟာ ဘာမှလည်း မဟုတ်ပါ့လား လို့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
*ပာန်ဆောင်ခြင်း အသစ်တွေကြား
ဖြူစင်မှု့ပာာ သိပ်ကိုပါးတယ်။
ပောာင်းနေတဲ့အသစ်တွေကြား
ဆုံးရှုံးမှုပာာ ကြောက်စရာကောင်းတယ်။
မရေရာမှု့တွေကြားထဲမှာ
ငါမသိတာ သိပ်ကိုများလွန်းတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ကောင်းလွန်လို့လမင်းကြီးတောင်ငိုနေတယ်——–ဟင်းဟင်းဟင့်
ဇော်မျိုးထွန်း
လောင်မြိုက်ခြင်း..ဆိုတဲ့
ဘဝတွေထဲက
မထွက်နိုင်သေးသမျှတော့
အားလုံးဟာ ဗလာနတ္ထိဖြစ်နေအုံးမှာပါပဲ...
ဗလာနတ္ထိ ဆိုတော့ ကျနော်လည်း ဘာမှ မရေးတော့ဘူးနော် ...
နောက်ဆုံးမှာနားခိုရာတနေရာစာလေးဘဲရတာပါ
အဲဒီနေရာလေးမရောက်ခင်စပ်ကြားလေးမှာသာ..
လောဘ..မောဟ..ဒေါသတွေနဲ့လောင်မြိုက်နေကြတာပါ..
Post a Comment
ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။