Wednesday, August 11, 2010

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့


 လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့

ဘ၀ဖြစ်စဉ်…….အသွင်သွင်ပြောင်းလဲ

တွေ့ဆုံခဏ………..ခင်မင်ကြသည်

လုပ်ဖော်ကိုင်ဖက်………ညီရင်းအစ်ကို

တို့တစ်တွေသည်……… ငယ်ကပေါင်းဖက်

ညီရင်းတွေပမာ……..စိတ်မှာထား၍

တိုင်ပင်နှီးနှော…အတွေးဖလှယ်ယူ

မှားရင်သင်ပြ……မသိတာကူညီ

ဖေးမကူ၍……လက်တွဲကာခေါ်

အသွယ်သွယ်လမ်းမှာ……….လျောက်လှမ်းကြသည်

တို့တစ်တွေရင်ထဲ……..ထင်ကျန်ဆဲမို့

ရောက်ရာနေရာ အသီးသီးမှ

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံးကို

ပြန်လည်တွေ့ဆုံ……..ရပါစေလို့


ဆုတောင်းရင်းးးးး


ညအလင်္ကာ

၂၀၁၀ခုနှစ်၊ သြဂုတ်လ(၁၁)ရက်


3 ယောက်က စာမူခပေးတယ်း):

မဗေဒါ (၈၈) said...

ကိုညရေ..

ဘယ်သွားမလို့ နုတ်ဆက်နေတာလဲ..။ နောက် ညီရင်းကို တွေပဲလား.. မ တွေရော ပါဘူးလား..။

မဗေဒါ (၈၈)

Junction Point said...

မမ ဗေဒါရေ
အားလုံးပါပဲ ရေးတတ်သလိုတော့ရေးလိုက်တာ
အပေါင်းအသင်းတွေထဲမှာ မိန်းကလေးတွေလည်းပါပါတယ်
ဒါပေမဲ့ ဘယ်လိုသုံးနှုန်းရမလဲမသိတော့..........ဟီး
မရေးထည့်လိုက်တော့တာပါ

တောင်းပန်ပါ၏

ခင်မင်စွာဖြင့်
ညအလင်္ကာ

mabaydar88 said...

အမယ်လေး ကိုည ..

မဗေဒါတို့က တောင်းပန်တယ်ဆိုတာနဲ့ အင်မတန်မှ အားနာ ခါးနာ ဖြစ်ပြီး လာပြန် မန့်ပါတယ်တော်.. အလကား စတာများ .. ပြောစရာ ဟုတ်ပါဘူး..။ အေးဆေးပါ.. ညီ အစ်ကို မ များ ရယ်..။

မဗေဒါ (၈၈)

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။