Thursday, July 29, 2010

ပျောက်ဆုံးနေသောကိုယ်တခြမ်း


●●●လူဆိုတာတစ်ယောက်စီမနေနိုင်တဲ့သတ္တဝါလို့ပဲ ပြောဆိုစမှတ်ရှိခဲ့တယ်။
●●●အခြံအရံတွေနဲ့အိမ်ထောင်တွေနဲ့တင့်တယ်မြဲ
●●●ကိုယ်မှာတော့လေ တစ်ကောင်ထဲ…..မျက်စိလည်။

လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်လျှောက်မိတော့ အဆိုပါစိုင်းထီးဆိုင်ရဲ့တေးသံလေးကလွင့်နေတယ်။
ကျမစဉ်းစားရင်းပြုံးမိသေးတယ်။
ငါ့များစောင်းဆိုနေတာလားပေါ့။
ကျမကိုသူငယ်ချင်းတွေက အပျိုကြီးဆိုပြီးနောက်လေ့ရှိကြတာကို………
သူတို့ကတော့ သူတို့အားကိုးရာချစ်ခင်ရာ အိမ်ထောင်ဖက်တွေ ။ တချို့ကသားတွေသမီးတွေ .တချို့ကလာလတ္တံ့သော ရင်သွေးတွေ ရင်ဝယ်ပိုက်နေကြလို့ပေါ့။ အဲ့သည်လို လူစုံတွဲတွေကြားထဲမှာ ကျမကတော့တစ်ကောင်ထဲပေါ့လေ။ ကျန်ခဲ့တဲ့ ရက်အနည်းငယ်ကလဲ ကျမသူငယ်ချင်း ညအင်္လကာ က သူ့မဟေသီနဲ့ထိပ်ထားပေါက်စလေကိုကြွားပါတယ်။ ချစ်စရာ မိသားစုလေးကိုကြည့်ရတာ အလွန်အေးချမ်းလှပါတယ်။ မေတ္တာတွေ ချစ်ခြင်းတွေပွားစည်ရာ ဂေဟာလေးပေါ့လေ။ သူတို့ သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးကြ၊ သံယောဇဉ်တွေဖြစ်ကြနဲ့.နောက်ဆုံးအိမ်ထောင်ပြုကြခြင်း တွေကို ကြည့်ပြီး …………………
အော်……..အချစ်ဆိုခြင်းရဲ့တုပ်နှောင်စွမ်းကို အံ့သြမိပါသေးတယ်.။ အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအထွေထွေ ပြောကြ ပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်း အမျိုးမျိုးပေါ့လေ။ ကျမက တော့ အချစ်ဆိုသည်မှာ “ပျောက်ဆုံးနေသောကိုယ်တခြမ်း” ရယ်လို့ သာထင်မြင်မိပါတယ်လေ……..။.။
ပုံပြင်လေးက……….ဒီလို……..
ဟိုးရှေးရှေးခေတ်များစွာတုန်းက လူသားတွေက အလွန်အားကြီးကြသတဲ့ နတ်ဘုရားများကိုတောင် ရန်မူနိုင်ကြတဲ့အထိပေါ့၊ အဲ့ဒီလိုရန်မူနိုင်ကြတော့လဲသူတို့တွေကမာန်မာနတွေလဲထောင်လွှားကြသတဲ့ပေါ့။ (မာန်မာနရယ်၊ အောင်မြင်ခြင်းရယ်ဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ထင်ပါတယ်) အဲ့ဒီလိုပေါ့သူတို့တွေ ဘာကြောင့်အားကြီးကြတယ်၊ခွန်အားဗလကောင်းကြသလဲ ဆိုတော့ သူတို့မှာ ကျား၊ မ အင်္ဂါ နှစ်စုံ လုံးပါသတဲ့ကွယ်။ အဲ့သလိုမျိုးပြည့်စုံနေတော့ သူတို့ကနတ်ဘုရားတွေတောင် ဂရုမစိုက်သလိုတွေဖြစ်လာကြတာမဆန်းဘူးထင်ပါတယ်။ အဲ့ဒီတော့ နတ်ဘုရားများကစိတ်ဆိုးကြတာပေါ့။ သူတို့အုပ်ချုပ်တဲ့ နေရာမှာနေရင်း သူတို့ထက် မာနတွေကြီးနေတော့ မကြိုက်တော့ဘူးပေါ့လေ။ မရိုသေမလေးစားရင် ဘယ်လူကြီးမိဘကမှ ချစ်မြတ်နိုးမှာ မဟုတ်တာ သိပ်သေချာတာပေါ့။အဲ့ဒီတော့ ကဲဒီလောက်တောင် မာန်မာနကြီး၊ ရိုသေလေးစားမှုမရှိတဲ့ လူတွေ ဒီခန္ဓာကိုယ်တွေနှစ်ပိုင်းကွဲစေလို့ ကျိန်စာတိုက်လိုက်တော့တာပေါ့ ။(တပိုင်းသည် ကျား ။တပိုင်းသည် မ အဖြစ် ကွဲကွာ သွားကြတော့တာပေါ့လေ) အဲ့ဒီအချိန်ထဲက လူတွေဟာ ခွန်အားအရာ ကျဆုံးပြီး မာန်တွေကျသွားလေတော့ နတ်ဘုရားတွေ ကောင်းမွန်စွာအုပ်ချုပ်နိုင်ကြတော့တာပေါ့။ ဒါအပြင် တစ်ကိုယ်ထဲကနေ နှစ်ပိုင်းခွဲခံလိုက်ရတဲ့ အဲ့ဒီကျားနဲ့မတို့ဟာ ပျောက်ဆုံး သွားတဲ့သူတို့ကိုယ်တစ်ပိုင်းကိုရှာဖွေကြရတော့တာပေါ့။
ဒါကြောင့်လဲ ကျမတို့တွေ ခုချိန်ထိကျမတို့ရဲ့ ပျောက်ဆုံးနေသော ကိုယ်တခြမ်း ကိုရှာနေကြရတာပေါ့လေ။တချို့တွေကလဲ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ်တခြမ်းကိုတွေ့လို့ တချို့ကလဲ ရှာကြဖွေကြဆဲပေါ့။
အိမ်ထောင်ကျလို့ ပျော်ရွှင်နေတဲ့ ကျမသူငယ်ချင်း မိတ်ဆွေများကတော့ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကိုယ်တခြမ်းကို ရှာဖွေ တွေ့ရှိသူတွေပေါ့လေ။
သူတို့ရဲ့ပျော်ရွှင်သောအိမ်ထောင်ရေးလေးများ ထာဝရသာယာပါစေလို့ ဆုတောင်းရင်း ကျမလဲ ကျမရဲ့ကိုယ်တခြမ်းလေးကို
စောင့်မျှော်လိုက်ပါဦးမယ်ရှင်။

မနုငယ်

7 ယောက်က စာမူခပေးတယ်း):

ဒေါင်းမင်း said...

ဟီးကျွန်တော်ကတော့ပျောက်နေတဲ့ကိုယ်တစ်ခြမ်းပြန်တွေ့တာအတော်ကြာပေါ့။
နောက်ထပ်များကိုယ်တစ်ခြမ်းရှိသေးလားလိုက်ရှာအုံးမလားစဉ်းစားနေတာ..ဟီး
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ရေသန့် said...

ကိုယ်တစ်ခြမ်းတွေတော့တွေ့တယ်.. ဘယ်ဟာကိုယ်ဟာလည်းမသိလို့ အကြံပေးပါဦး...ဟီးဟီး

Junction Point said...

သူငယ်ချင်း မနုငယ်ရေ
အသက်တွေက တစ်နှစ်ပြီးတစ်နှစ်တဖြည်းဖြည်းနဲ့ကြီးလာပြီ
မြန်မြန်ရှာထား နောက်မကျစေနဲ့:P
ပြီးတော့ နင်လည်း ငါ့လိုပဲ
နင့်ရဲ့ ပျောက်ဆုံးနေတဲ့ကိုယ်တစ်ခြမ်း
အမြန်တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ခိုင်နုငယ် said...

အင်း..ပျောက်ဆုံးနေသော“
ကိုတစ်ခြမ်း အမြန်ဆုံးတွေ့ပါစေ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

ပျောက်ဆုံးနေတဲ့ကိုယ်တစ်ခြမ်းကိုရှာဖွေဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့လိုလိမ့်မယ်ထင်တယ်။
အချိန်လွန်မှ ကိုယ်ရဲ့ကိုယ်တစ်ခြမ်းကိုရှာမယ်ဆိုရင် အရာအားလုံးဟာ ထပ်တူညီမှု မရှိတော့ဘူးပေါ့

ခင်မင်စွာဖြင့်
ဇော်မျိုးထွန်း

ညိမ်းနိုင် said...

အင်း..သူများ ကိုယ်တစ်ခြမ်း ကြီး ကောက်တပ်မိရင် ဒုက္ခ...

ပေါ့ဆိမ့် said...

သင့်တော်တဲ့ အချိန်မှာ သင့်လျှော်တဲ့ ကိုယ်တစ်ခြမ်း ကို အလိုလို ရှာမိတာ များပါတယ်။ အချို့တွေ အတွက် ဘာလို့များ ကိုယ်တခြမ်း မက ရှိနေကြ တာပါလိမ့် ..

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။