Monday, July 26, 2010

အမှားဆိုတာ (ကိုယ်ပိုင်စာမျက်နှာ ၄ )

အမှားဆိုတာ 
(3) မျိုးပဲရှိတယ်

1. တစ်ပါးသူက မိမိအပေါ်ကျူးလွန်သောအမှား
2. မိမိကတစ်ပါးသူအပေါ် ကျူးလွန်သောအမှား
3. အဆိုးဆုံးကတော့မိမိကိုယ်မိမိကျူးလွန်သောအမှား

ကျနော်ကတော့ အဆိုးဆုံးသော အမှားဖြစ်တဲ့
မိမိကိုယ် မိမိကျူးလွန်သောအမှားထဲမှာပါတယ်
အချိန်တွေသာ ပြန်ပြီးနောက်ဆုတ်လို့ရရင်
ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက်
ခွင့်လွှတ်ဖို့ 
ပြန်လည်ဝန်ချတောင်းပန်လို့ရရင် သိပ်ကောင်းမှာပဲဗျာ
ကိုယ့်ကိုယ်ပြန်ကြည့်ပြီးတော့လည်း စိတ်မှာ
နောင်တပေါင်းများစွာနဲ့အထပ်ထပ်ခါ ရနေမိတော့တယ်


ညအလင်္ကာ 
၂၀၁၀ ခုနှစ်၊ ဇွန်လိုင်လ (၂၆)ရက်

7 ယောက်က စာမူခပေးတယ်း):

Anonymous said...

နောင်တရမှန်းသိလို့ ၀မ်းနည်းနေလည်းဘာမှထူးမလာပါဘူး
အခုချိန်ကစပြီးပြန်လည်ပြင်ဆင်နေလိုက်ပါ
နောက်မကျသေးပါဘူးရှင်

ခင်မင်စွာဖြင့်
လ၀န်း

ညအလင်္ကာ said...

ဟုတ်ပါတယ်ဗျာ
ကိုနတ်ဆိုးလေး ပြောတာကော
မလ၀န်းပြောတာကော မှန်ပါတယ်
ကျနော် မှားခဲ့တဲ့နောက်တတွေကို ၀မ်းနည်းနေလို့လည်းပြိးမှမပြီးတာ

ပြင်ဆင်နေပါပြီဗျာ
အခုလို ပြောပြတာကိုလည်းကျေးဇူးတင်ပါတယ်


ညအလင်္ကာ

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခေါက်မှားရုံနဲ့ တစ်သက်လုံးပြင်မရဘူး ရယ်လို့မှ မဟုတ်တာ
နောက်မမှားအောင် သင်ခန်းစာယူလို့ရပါသေးတယ်..
စိတ်မပျက်ပါနဲ့

sosegado said...

ခွင့်လွတ်ခြင်းဟာ အကောင်းဆုံး၊ အဲဒီမှာ ကိုယ်ကိုကိုယ် ခွင့်လွတ်ခြင်းဟာ ပို၍အကောင်းဆုံး၊

ရေသန့် said...

အမှား ၃ခုမှာ ၁ က ကိုယ်သည်းခံရမှာ ၂နဲ့၃ က ကိုယ်ရှောင်ရမယ်အရာလို့ မှတ်ယူသွားပါတယ်
ကိုညအလင်္ကာရဲ့ စာလေးတွေက တစ်ခုခုကို အသိပေးနေသလိုမျိုး တန်ဖိုးရှိတယ်...
အားပေးပါတယ်...

အဖြူရောင်နတ်သမီး said...

မှတ်သားသွားပါတယ်..
တိုတိုနဲ့လိုရင်းကို ထိမိတဲ့ post လေးပါပဲ...

Anonymous said...

လဲကျသွားတဲ့လူတစ်ယောက်ဟာ လဲကျသွားသလိုဆက်ပြီးနေမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး
စိုင်းထီးဆိုင်ဆိုတဲ့သီချင်းလေးလိုပဲ "အားတင်းထားစမ်းပါ အချစ်လေးရယ"်........ဆိုတဲ့စာသားလေးဟာ
ဘ၀ကိုအရှုံးမပေးချင်သူတွေအတွက် တန်ဖိုးရှိလိမ့်မယ်လို့
တွေးမိရင်း.......လဲကျသွားသူအတွက် ခွန်အားတွေဖြစ်လာတတ်ပါတယ်

မင်းရဲ့သူငယ်ချင်း
ဇော်မျိုးထွန်း(ခ)ဖိုးအေး

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။