Monday, March 8, 2010

ဘလော့ကာများ မိမိဘလော့ဆိုက်နာမည် အသရေဖျက်မှု သတိထားသင့်

 

ဘလော့ကာများ မိမိဘလော့ဆိုက်နာမည် အသရေဖျက်မှု သတိထားသင့်


အခုတစ်လော အင်တာနက်ပေါ်မှတစ်ဆင့် ဘလောကာများ အသရေပျက်စေရန် Blogspot တွေရဲ့ Link တွေကိုယူပြီး နာမည်အလွဲသုံးစားပြုလာကြတာကိုတွေ့ရ ကြားရလာပါတယ်
ကျန်ခဲ့တဲ့ တစ်ပတ်က ကျနော်သူငယ်ချင်း မလင်းပြာ ရဲ့ ဘလော့စပေါ့လင့်ကို ယူပြီး တစ်ခြားဘလော့ဆိုက်တွေမှာ မလင်းပြာ နာမည်နဲ့ မဟုတ်တမ်းတရားတွေ အော်ဟစ်သွားကြတယ်ဗျာ ဘလော့ပိုင်ရှင်ကသိလို့ မလင်းပြာဆီကိုမေလိးပို့ပြောတော့ မလင်းပြာ မှာ တော်တော်ဖြေရှင်းလိုက်ရတယ်   အဲ့လိုဖြစ်တဲ့ဘလော့ပိုင်ရှင်တွေက ဘလော့တစ်ခုထဲမဟုတ်ဘူးနော် (………………………………)

ဟောကြည့် ………နောက်တစ်ဖန့် (၅-၃-၂၀၁၀) ရက်နေ့က  သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အဖြုရောင်နတ်သမီးဆီမှာ ထပ်ကြားလိုက်ရပြန်တယ်………….
သူနာမည်( အဖြုရောင်နတ်သမီး) နဲ့ တစ်ခြားဘလော့တွေမှာ သူ့ရဲ့လင့်၊ နာမည်နဲ့ ဆဲဆိုထားတာကို တွေ့လို့လိုက်ပြီး ဖြေရှင်းနေရတယ်တဲဗျာ…………..ကြားလို့မှ ကောင်းကြရဲ့လားဗျာ


ဒီလို လိုက်ပြီး အသရေဖျက်တာဟာ
လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မည်သို့မျ အကျိုးမရှိစေဘဲ၊ နားလည်မှုလွဲမှားပြီး ဘလော့ကာအချင်းချင်း ပဋိပက္ခအသွင် ဆောင်လာစေနိုင်ပါတယ်

အခုပဲကြည့်…..
မလင်းပြာနဲ့ အဖြုရောင်နတ်သမီးတို့ နှစ်ဦးကြုံခဲ့ဖူးပြီ
ကျန်တဲ့ဘလော့ကာတွေလည်း မကြူံဘူးလို့ ပြောရလို့မှာမဟုတ်ဘူး
မသိသေးတာဖြစ်မယ်
ကမ္ဘာနဲ့ ပြောမယ်ဆိုရင် ဘလော့ကာတွေနည်းတာမဟုတ်ဘူး………………….
ကျနော်တို့ ဘယ်လို လိုက်ဖြေရှင်းကြမလဲ?
မလွယ်ဘူးနော်………………


ကျနော်တော့ ထင်တယ် ‘’ဒီလိုမျိုးလုပ်တဲ့သူက လုပ်နေ မှာပဲ။ ဒါဟာ အွန်လိုင်းကို တလွဲ အသုံးချမှုပဲ။

အင်တာနက် အသုံးပြုနေသော နက်တီဇင် (Netizen) တွေအနေနဲ့ သူတစ်ပါးရဲ့ အကြောင်းအရာ (Privacy)ကို အလေးထားဖို့ နှင့် လူတစ်ဦးချင်းစီ၏ ကျင့်ဝတ် (Ethic) က အရေးပါ ပါတယ်
အဲ့ဒီလိုမှ ပညာရပ်ဆိုင်ရာ နည်းပညာ ပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတိုးလာမယ်၊ ဘလော့ကာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ စာပေအကြောင်းအရာတွေ ပြောရင်း ရင်းနှီးမှုတွေ ယုံကြည်မှုတွေရအောင် ကြိုးစားခဲ့ကြရတာ….မဟုတ်တမ်းတရားလူတွေကြောင့် အထင်အမြင်မလွဲကြပါရန်နှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုထားရှိကြပါရန်.....................

ကျနော်တို့က အလေးထားပေမယ့် အသရေဖျက်မှု (Defamation) ဖြစ်လာလို့ ဘယ်လိုဆောင်ရွက်နိုင်မလဲ? ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး

Blogspot တွေပေါ်မှာ ရေးချင်တာရေး၊ ပြောချင်တာ ပြောထားခဲ့ပြီး ထိခိုက်နစ်နာသူတွေက
ကျနော်တို့ မိတ်ဆွေ ဘလော့ကာအချင်းအချင်းတွေပဲ
“ ဟဲ… နင်မနေ့က ငါ့ဘလော့မှာ ဘာတွေလာပြောတာလဲ နင်အဲ့လောက်တောင် ရိုင်းလှလား”
အဲ့ဒီမှာ သူငယ်ချင်း အချင်းချင်း ရှင်းကြရပြီ….
တော်တော်လေး ဖြေရှင်းပြီးမှ … အော်ဒီလိုလား ဆိုတာကို ပဲ သိသွားမှာ



‘’လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုတာ လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးပဲ။ ဒါပေမယ့် ဒီအခွင့် အရေးဟာ သူတစ်ပါးကို အကြောင်းမဲ့ အပုပ်ချဖို့ မဟုတ်ဘူး။ ဒီလိုအချိန်အခါမျိုးမှာ အခုလိုကိစ္စ တွေဖြစ်လာမယ်ဆိုရင် မိတ်ဆွေအချင်းချင်း စိတ်ဝမ်းကွဲဖို့ပဲရှိတော့မယ်

ဒီတော့ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်လဲ
ကိုယ့်ဘလော့မှာ ကိုယ်ကြေငြာပြီး ဘလော့တွေကို တဂ်ပို့တွေ လိုက်တဂ်တာပဲကောင်းမယ်ထင်တယ်

ဒီလို  အင်တာနက်ပေါ်မှာ  မိမိဘလော့ဆိုက်ရဲ့ လင့်ကိုယူပြီး နာမည် အသရေဖျက်မှု
( Blogger Defamation) များပြုလုပ်လာကြတာကို တွေ့ရတဲ့အတွက် မိတ်ဆွေဘလော့ကာများ သိရှိရအောင် ကျွန်တော် ဒီဆောင်းပါးလေးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်။


ခင်မင်စွာဖြင့်
ညအလင်္ကာ (Forever)

4 ယောက်က စာမူခပေးတယ်း):

ပိုးဟပ်လေး said...

ဟုတ်တယ်နော်....
password ပါတဲ့ဟာတောင် ရအောင် hack နိုင်သေးတာပဲ
ဒီလိုမျိုး link တွေဆို ဘယ်သူမဆို အလွယ်တကူ ယူရေးလို့ရနေတယ်ဆိုတော့
ဒွတ်ခပဲ..
ဒါပေမဲ့ bloggger တွေက ယဉ်ကျေးကြပါတယ်..
ဘယ်တော့မှ ဒီလိုလုပ်ကြမှာမဟုတ်ဘူး
အဲ့လို လုပ်လာတယ်ဆိုရင် ဒါဟာ အဲဒီ blogger မဟုတ်တော့ဘူးဆိုတာ
သေချာတယ်

ဂျေဂျူဝိုင် said...

JP ဆိုတော့ ဂျပန် မှတ်နေတာ ။
အင်း ဒီနောက်ပိုင်း Cbox ကို ပိုက်ဆံ ပေးဝယ်မှ ရတော့မယ့် သဘောကို ဆောင်လာတာပေါ့။ ဒါပေမယ့် အဲဒီ စီဘောက်စ်ကြီးက ဈေးကြီးတယ်။ မထည့်တာ အကောင်းဆုံးထင်ပါတယ်ကွယ်။ ဒါက အချင်းချင်း သွေးကွဲဖို့ အကြောင်း ဖြစ်လာတယ်လေ။

Khyl said...

ဟုတ်ပါ့ ကာကာရေ.... တော်တော်စိတ်ဓါတ် အောက်တန်းကျကြပါပေ့နော်...

Unknown said...

ကိယ်တွေ ဘလော့မှာလည်းကြိုတင် အာမဘန်နေ ခံထားမှ ပဲ ''ဤ ဘလော့သည် မဟုတ်တန်းပေါက်ကရများမရေးပါလို့ပေါ့ ''

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။