Friday, February 12, 2010

အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)

အာဒံသေချာမသိသေးတဲ့ပန်းသီးတစ်လုံးအကြောင်း(တဂ်ပိုစ့်)

အမှတ်တရပေါ့လေ ပထမဦးဆုံးတဂ်ပို့စ် ပထမဆုံးတဂ်တဲ့ ကိုမိုးကြီးလည်းအမှတ်တရဖြစ်တာပေါ့ ရေးစရာရှား နေတုန်း ၀ုန်းဆို စာငတ်တုန်းစာရေးခွင့်ရပေါ့လေ ။

နွေးကနဲထွေးကနဲ ခင်ဗျားတို့ကြုံဖူးလားတော့မသိဘူး စိုစွတ်မှု့တစ်ခုနဲ့ နွေထွေးမှု့အေးစက်မှု့ရင်ခုန်မှု့ အိုး.. ပြောရခက်တဲ့ခံစားချက်ပေါင်းစုံဝင်လာတာ။ သွေးကြောတွေဖျင်းကနဲထောင်းထောင်းထ ရင်ခုန်သံတွေ တဒိုင်းဒိုင်းနဲ့ ဦးနှောက်မှာ အသိခဏကင်းကွာသွားတယ်။ ၀တ်မှုန်တွေကူးစက်နေသလို ယိမ်းယိမ်းမူးမူး ကမ္ဘာ ကြီးကပဲ အလင်းအမှောင်မညီမျှသလိုလို ပင်လယ်ရေတွေပဲ ဒလဟောထိုးစီးဆင်းလာသလိုလို ငတ်မပြောတဲ့ ခံစားချက်မျိုး ။ အဲ့ဒီခံစားချက်ကို ခိုင်းနှိုင်းပြဖို့ စကားလုံး တစ်လုံးမှတွေးတောလို့မရသေးဘူး အာဒံနဲ့ဧ၀တုန်း ကကောအဲ့လိုဖြစ်ခဲ့ကြလား။

ပန်းသီးတစ်လုံးပုံပြင်ကို ကျွန်တော်သေချာမသိဘူး ဧ၀က အာဒံရယ်နံရိုးတစ်ချောင်းဆိုရင် သူမဆီမှာအာဒံရဲ့ သွေးအနည်းနဲ့အများတော့ပါမှာပေါ့။ အဲ့လိုနဲ့ ကျွန်တော်က အာဒံနဲ့ဧ၀ ကိုစိတ်ဝင်းစားလာခဲ့တယ်။ တနေ့ပေါ့ အဲ့ဒီတစ်နေ့က နေသာတဲ့နေပေါ့ နေလုံးကြီးကလည်း ၀င်းပစူးရှလို့ ကျွန်တော်လမ်းလျှောက်ထွက်ရင်းမထင်မှတ် ပဲ အာဒံနဲ့သွားဆုံတယ် ကျွန်တော့်ရင်ထဲက သိချင်နေတဲ့ စကားလုံးတွေလည်းပွင့်အံထွက်ကျလာတယ်


ဟေ့ ဟေ့ ခင်ဗျား အာဒံမဟုတ်လား
ဟေ ..အေး..ဟုတ်တယ်ကွ ဘာဖြစ်လို့လဲ

သူကကျွန်တော့်ကိုသေချာမကြည့်ပါဘူး သူ့ပုံက ကျောင်းပြေးလာတဲ့ကျောင်းသားလေး ဆရာကိုတွေ့မှာစိုး သလိုဟန်နဲ့ ဟိုကြည့်ဒီကြည့်နဲ့ ပျာယိပျာယာဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်မေးချင်နေတဲ့ မေးခွန်းကိုမေးဖို့ပဲ ဦးတည်လိုက်ပါတယ်။

ခင်ဗျားက အာဒံဆိုရင် ကျွန်တော် သိချင်တာလေးတစ်ခုရှိလို့ဖြေပေးနိုင်မလား

ကျွန်တော့်မေးသံဆုံးတော့မှ သူက စိတ်ဝင်စားသွားသလိုလှည့်ကြည့်လာပါတယ်။မေးသာမေးရတယ်ကျွန်တော် လည်းမျက်နှာခပ်ပူပူရယ် ဘာလို့ဆိုတော့ သူကမိမွေးတိုင်းဖမွေးတိုင်းကြီးလေ မေးရတာနည်းနည်းတော့ကသိ ကအောက်ဖြစ်တာပေါ့ ။ သူက ကျွန်တော့်ကိုသေချာ လှည့်ပတ်ကြည့်ပြီး ခေါင်းတွေ တစ်ခါခါလုပ်နေပါတယ် ပြီးတော့မှ…

မင်း.ကွာဘာတွေပတ်ထားတာလဲ ကို့ယို့ကားယားနဲ့ မင်းမရှက်ဘူးလား လူဆိုတာရှက်တတ်ရတယ်ကွဘယ် နှယ့် ရိုးရာယဉ်ကျေးမှု့ကိုဖျက်လို့ဖျက်ဆီးနဲ့ အရှက်တရားရှိစမ်းပါကွ

အဲ..သူပြောမှပဲ ကျွန်တော်မှာရှက်လာသလိုလိုဘာလိုလိုခံစားလာရပါတယ် ဒါပေမယ့် သူပြောတဲ့အတိုင်းနေလို့ ကလည်းမဖြစ်သေးဘူးလေ ဘာလို့ဆိုတော့ ကျွန်တော်တို့ရပ်ကွက်က ခွေးအရမ်းပေါတာကိုး။ ဒါနဲ့ပဲသူပြောတာတွေကိုမသိချင်ယောင်ဆောင်ပြီးတော့ ကိုယ်သိချင်တာပဲဆက်မေးလိုက်ပါတယ်။

ခင်ဗျားက အာဒံဆိုတော့ ကျွန်တော်သိချင်တာလေးတစ်ခုရှိလို့ဖြေပေးနိုင်မလား

အာဒံကြီးကမျက်မှောင်ကြုတ်ပြီးကြည့်လိုက်ပါတယ် ပြီးတော့မှ အနားယူသွားတဲ့ဟိုမင်းသားကြီးစတိုင်နဲ့

အေး မေးလေကွ မေးပါ ရပါတယ်
အာဒံကြီးနဲ့ဧ၀ တို့နှစ်ယောက်မှာ ပထမဆုံးအနမ်းကိုဘယ်သူက စနမ်းတာလဲ
ဟေ….

အာဒံကြီးထံမှ ဟေ ဆိုတဲ့အာမေဋိတ်သံကြီးပြုတ်ကျလာပါတယ် ။

ဟုတ်တယ် ကျွန်တော် အဲ့ဒါသိချင်လို့ပါဖြေပေးနိုင်မလား
အဲ့ဒါ မင်းအတွက် တော်တော်အရေးကြီးသလား
ဟုတ်ပါတယ် ကျွန်တော့်အတွက်သေရေးရှင်ရေးတမျှ မဟုတ်ပေမယ့် တော်တော်အရေးကြီးလို့ပါ
အင်း…ဒါဆိုရင်တော့ဖြေပေးရတာပေါ့လေ ငါ ဧ၀ဆီက ပထမဆုံးအနမ်းကိုရတုန်းက တစ်လောကလုံးကို မေ့ သွားတယ် ငါ့ဘေးမှာအဲ့ဒီ နွေးထွေးမှု့အေးစက်မှု့ရင်ခုန်မှု့ အိုး..ပြောလို့မရတဲ့ခံစားချက်ပေါင်းစုံဝင်လာတယ် ခုချိန်ထိ ငါအဲ့ဒီအနမ်းကိုမမေ့သေးသလို အဲ့ဒီအနမ်းကိုလည်း အပြည့်အ၀စကားလုံးတွေနဲ့အဓိပ္ပါယ်မဖော်နိုင် သေးဘူး ….တကယ်တော့ကိုယ့်ချစ်သူဆီကရတဲ့အနမ်းဆိုတာ….

အာဒံကြီးဆီက စကားသံတွေဆက်မကြားရတော့ဘူး ကျွန်တော်သိချင်တဲ့အပိုင်းကိုသိလိုက်ရပြီလေ သူကတော့ ခရာရေလွှတ်ဆက်ပြောနေလေရဲ့ဘယ်တုန်းကတည်းကပြောချင်နေတယ်မသိဘူး ။ ဒါပေမယ့် ကျွန်တော်သိ ချင်တာသိလိုက်ရပြီ သူပြောတာတွေမကြားတော့ဘူး…။

ခုချိန်ထိရောနောက်ရော ကျွန်တော်နှစ်သက်မြတ်နိုးနေဦးမယ့်အရာ အိစက်နွေးထွေးနေတဲ့ချစ်သူရဲ့နှုတ်ခမ်းပေါ် ကအနမ်းတစ်ပွင့်ပါ ။ နှစ်သက်မြတ်နိုးတယ်ဆိုတာလည်းအကြိုက်ဆုံးအရာပဲမလား အဲ့တော့ ကျွန်တော်က အကြိုက်ဆုံးအရာလို့မသုံးပဲ အနှစ်သက်အမြတ်နိုးဆုံးအရာလို့သုံးရင်ရမလားဗျာ…..။

ကဲကိုမိုးကြီးရေ ဆိုင်မဆိုင်တော့မသိဘူး ကျွန်တော်တော့ရေးချလိုက်ပြန်ပြီ မရေးတတ်ရေးတတ်ဆိုတော့ကာ အမြင်မတော်တာလေးတွေရှိရင် ဆုံးမခဲ့ပါဗျာနော့ ပထမဆုံးတဂ်ပို့စ့်လေးဆိုတော့ အမှားတွေပါခဲ့ရင်ပြင်ပေးခဲ့ပါ


တခြားကျွန်တော်မသိတော့ မတဂ်တော့ပါဘူး ကျွန်တော်ရဲ့ မွေးစားအစ်ကို ညအလင်္ကာကိုတဂ်ပါတယ် အစ်ကိုရေ ရေးပေတော့ဗျာ နော့ ဟဲဟဲ

မောင်ဖိုးနမ်း

6 ယောက်က စာမူခပေးတယ်း):

ညအလင်္ကာ said...

လစ်မှ ခိုးခိုးနမ်းတဲ့ မောင်ဖိုးနမ်းရေ လုပ်ချလိုက်ပြန်ပြီ
သီချင်းထဲမှာတောင် ရှိသား

ဘယ်လို ........အော်
ပထမဆုံးနမ်းတဲ့ချစ်သူကို..... ဘယ်လိုများမေ့လို့မရနိုင်လို..........

ဟဲဟဲ
ပြောထားပြီးပြီဆိုတော့
အခါမဆိုင်း မနှောင်နှေးအောင် ရေးရတာ့မှာပေါ့

SHWE ZIN U said...

တက်ဂ်ပိုစ် လေးလာဖတ်သွားပါတယ်ဗျာ
ကောင်းပါတယ်

မောင်မိုး said...

ကောင်းချက်ကတော့ ထောင်းချက်ထားသလိုပဲ။ အရေးအသားကလည်း တာရာမင်းဝေလိုလို၊ မင်းခိုက်စိုးစန်လိုလို.။ အားရတယ်ဗျာ။ ကျေနပ်တယ်ဗျာ။ ရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်ဗျာ။ ဖတ်ပြီးတော့ ကြက်သီးတောင်ထသွားတယ်။ ကောင်မလေးတွေအတွက်။ ဟဲ..ဟဲ

ရွှေရတုမှတ်တမ်း said...

နာမည်နဲ့လိုက်ပါပေ့

~ဏီလင်းညို~ said...

အော်....
သူကြိုက်တာက...ဒါကိုး....နော့ ကိုကြီးကျောက်...း))
ခင်မင်တဲ့
ဏီလင်းညို

မျက်မှန်လေး said...

ဟဟ ။။။ပန်းသီးအကြောင်းအောင်မေ့လို့ ဖတ်တာ ဆုံးတော့မှဘဲ ပထမဆုံးအနမ်းဖြစ်နေတယ်။ဟီး၂

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။